Huawei မှ ထူးထူးခြားခြား ကျင်းပခဲ့တဲ့ “သီတင်းကျွတ် မီးမျှောပွဲ” Huawei စမတ်ဖုန်းကုမ္ပဏီမှ သီတင်းကျွတ်အထူးအစီအစဉ်အနေနဲ့ “Huawei သီတင်းကျွတ် မီးမျှောပွဲ” ကို Huawei Fan များနဲ့ ပျော်ပျော်ပါးပါး ကျင်းပခဲ့ပြီး Huawei အနေဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပထမဆုံးအကြိမ် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “Huawei သီတင်းကျွတ် မီးမျှောပွဲ” ကို အောက်တိုဘာလ ၃ ရက်နေ့က ရန်ကုန်မြို့၊ အင်းယားလမ်း၊ စိမ်းလန်းစိုပြေပန်းခြံ၊ အင်းယားကန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ “သီတင်းကျွတ်ဆိုတာက မြန်မာလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ပွဲဖြစ်သလို၊ လူတိုင်း အားလုံး ပါဝင်ဆင်နွှဲကြတဲ့ပွဲလည်း ဖြစ်ပါတယ်။ ကျမတို့ Huawei အနေနဲ့လည်း Huawei Fan တွေကို ပျော်ပျော်ပါးပါး ဆင်နွှဲစေချင်တယ်၊ ထူးထူးခြားခြားလည်းဖြစ်အောင် မြန်မာ့ရိုးရာအငွေ့အသက်လည်း မပျောက်အောင် ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ ဆီမီးမျှောပွဲလေးကို ပြန်လည်အသက်သွင်းရင်း ဒီနှစ်မှာ Huawei မီးမျှောပွဲကို ကျင်းပဖြစ်တာပါ” လို့ Huawei Device Myanmar ရဲ့ Marketing Director မခင်ရတနာဝင်းက ပြောပါတယ်။ ဆက်လက်ပြီး သူက “မီးမျှောပွဲဆိုတာက မြန်မာ့ရိုးရာ ဓလေ့တခုပဲလေ။ ရန်ကုန်မှာသာ သိပ်မလုပ်ကြတာ နယ်တွေမှာ အရမ်းနာမည်ကြီးတယ်။ အရမ်းလည်း ခေတ်စားတယ်။ အဲဒါကြောင့်လုပ်မယ် ဆိုပြီး ဒီနေရာကို ရွေးခဲ့တာပါ။ ဒီပွဲမှာ ထူးထူးခြားခြားအနေနဲ့ လာရောက်တဲ့ သူတွေကိုလည်း ဂိမ်းတွေ ဆော့တဲ့ Acitvity တွေနဲ့ မြန်မာ့ရိုးရာ အစားအစာ၊ မုန့်တွေ ကျွေးမွေးဧည့်ခံခဲ့ပါတယ်” လို့ ဆိုပါတယ်။ “Huawei သီတင်းကျွတ် မီးမျှောပွဲ” “Huawei သီတင်းကျွတ် မီးမျှောပွဲ” ကို Facebook မှ Register ပြုလုပ်သူ အယောက် ၄ဝဝ နီးပါး ရှိခဲ့ပြီး ပွဲအတွင်း လာရောက်သူ အရေအတွက်မှာ ဒီထက်မက ပိုမိုများပြားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် သီတင်းကျွတ်တိုင်း နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ “ရွှေကျင် သီတင်းကျွတ်မီးမျှောပွဲ” က နာမည်ကြီးပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာဆိုရင်လည်း တန်ဆောင်တိုင်ကာလမှာ ပြုလုပ်လေ့ရှိတဲ့ “လွိုင်ကထုန် မီးမျှောပွဲတော်” ဟာ နာမည်ကြီးပြီး အထူးစည်ကားပါတယ်။ ရန်ကုန်မြို့မှာ “သီတင်းကျွတ် မီးမျှောပွဲ” ပြုလုပ်လေ့မရှိပေမယ့် ဒီနှစ်မှာ ထူးထူးခြားခြား “Huawei သီတင်းကျွတ် မီးမျှောပွဲတော်” နဲ့ ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ “ရန်ကုန် သီတင်းကျွတ် ပွဲတော် ၂၀၁၇ မီးမျှောပွဲ” ကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ The post Huawei မှ ထူးထူးခြားခြား ကျင်းပခဲ့တဲ့ “သီတင်းကျွတ် မီးမျှောပွဲ” appeared first on ဧရာဝတီ.
Source : http://ift.tt/2yH4qBM
via IFTTT
No comments:
Post a Comment