Monday, October 23, 2017


ဟယ်ရီပေါ်တာ ဇာတ်ကောင်တခုရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်ကို စာရေးသူ ထုတ်ဖော်ပြော ဟယ်ရီပေါ်တာဇာတ်ကောင်များအနက် ပါမောက္ခ စပရောက် ရဲ့ဇာတ်ကောင်စရိုက် ကိုယ်နေဟန်ထား ကို သူမရဲ့ မိခင် ကွယ်လွန်တဲ့ညက ပုံကြမ်းလောင်းနိုင်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာကျော် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ ဖန်တီးသူ စာရေးဆရာမ ဂျေကေရိုးလင်းက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ သမီးဖြစ်သူရဲ့ကမ္ဘာတလွှားနာမည်ကျော် ရေပန်းစားခဲ့တာကို ကွယ်လွန်ချိန်အထိ လုံးဝ မသိလိုက်ရှာသူကတော့ ဂျေကေရိုးလင်းရဲ့ မိခင်ပဲဖြစ်ပါတယ်။ ဂျေကေရိုးလင်းရဲ့မိခင် “အန်း” ဟာ ခန္ဓာကိုယ်အနှံ့ အာရုံကြောပေါင်းစုံယိုယွင်းမှု(နာ့ဗ်မျိုးစုံရောဂါ) ကို ၁ဝ နှစ်ကြာတိုက်ပွဲဝင်ခဲ့ရပြီးနောက် လက်မြှောက်အရှုံးပေးကာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ်ရိုက်ကူးရာမှာတော့ ပိုမိုနာစပရောက် နေရာမှာ မီရီယံမာဂေါလ်က ပါဝင်သရုပ်ဆောင်ထားပြီး ဗြိတိန်စာကြည့်တိုက်ရှိ ပြပွဲမှာ ယခုတင်ဆက်ပြသနေပြီဖြစ်ပါတယ်။ ဂျေကေရိုးလင်း ရေးဆွဲခဲ့တဲ့ ပရော်ဖက်ဆာ စပရောက်ရဲ့ ပုံကြမ်း “ကျမ ဒီပုံလေးကို ၁၉၉ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ ဆွဲခဲ့ပါတယ်။ အနုစိတ်ဆွဲနိုင်ခဲ့တာပါ။ ကျမသူငယ်ချင်းအိမ်မှာ ခဏနေရင်းနဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းကို ၆ လလောက် ရေးခဲ့ပါတယ်။ ညဘက် တစ်အိမ်သားလုံး အိပ်ရာဝင်တဲ့အချိန်လည်း ကျမက တီဗီက လာနေတဲ့ The Man Who Would Be King ကြည့်ရင်းကျန်နေကျပါ” လို့ ဂျေကေရိုလင်းက ဘီဘီစီ သတင်းမှတ်တမ်းအစီအစဉ်သစ်တွင် ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ ဒါကတော့ ရုပ်ရှင်ကြည့်ရင်း မယုံနိုင်လောက်အောင် အနုစိတ် ခြယ်မှုန်းဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။ ကျမ အမေကတော့ ကျမနဲ့ မိုင်ပေါင်း ၂၅ဝ လောက်ဝေးတဲ့အရပ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ အမေဆုံးတဲ့အကြောင်း နောက်တနေ့ကျမှ ကျွန်မ ဖုန်းရပါတယ်” လို့ ဆိုပါတယ်။ အသက် ၅၂ နှစ်အရွယ် ရိုလင်းဟာ စတာလင် ပေါင်သန်းပေါင်း ၆၅ဝ ပိုင်ဆိုင်ခဲ့ပြီး သူမရဲ့ဟယ်ရီပေါ်တာဇာတ်လမ်းတွဲ တွေဟာ ဘာသာစကားပေါင်း ၇၈ ခု ပြန်ဆိုထုတ်ဝေနိုင်တဲ့အထိ အောင်မြင်ခဲ့တာပါ။ ဇာတ်ကောင် ပိုမိုနာစပရောက်အတွက် စာရေးသူရဲ့စိတ်ကူးနဲ့ စွဲဆောင်မှု ကောင်းတဲ့ပုံကြမ်းအဖြစ် ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ ပိုမိုနာစပရောက်ဆိုတဲ့ ဇာတ်ကောင်ဟာ ဟတ်ဖယ် ပတ်ဖ်စံအိမ်ကြီးရဲ့အကြီးအကဲအဖြစ် ဇာတ်ကားထဲတွင် မီရီယံမာဂေါလ်က ပါဝင် သရုပ်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို ဗြိတိန်စာကြည့်တိုက်က ဟယ်ရီပေါ်တာရဲ့မှော်ရာဇဝင်ဆိုတဲ့ စီးရီးထဲမှာ ပြသထားပြီဖြစ်ပါတယ်။ ဗြိတိန်စာကြည့်တိုက်မှာ ယခုပြသနေတဲ့ အဆိုပါပြပွဲကို ပြီးခဲ့တဲ့ သောကြာနေ့က ဖွင့်လှစ်ခဲ့ပြီး လက်မှတ်ပေါင်း ၃ သောင်းရောင်းချခဲ့ရတယ်လို့ မှတ်တမ်းတခုအရ သိရပါတယ်။ ဒါကို ဘီဘီစီက သတင်းမှတ်တမ်းအဖြစ် ရိုက်ကူးခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဘီဘီစီ ချန်နယ် 2 ကနေ ပြသမှာဖြစ်တယ်လို့ သိရပါတယ်။ Ref: mirror.com The post ဟယ်ရီပေါ်တာ ဇာတ်ကောင်တခုရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်ကို စာရေးသူ ထုတ်ဖော်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2xYQ4Rh
via IFTTT

No comments:

Post a Comment