ဘင်္ဂလားဒေရှနိုင်ငံမှ ဘင်္ဂလီ နှစ်သိန်းကျော်အား ဘိုင်အိုမက်ထရစ် နည်းဖြင့် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ပြီးကြောင်းဆို --- --- --- မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာသည့် ဘင်္ဂလီဒုက္ခသည် ၂၂၄၀၀၀ အား ဘိုင်အိုမက်ထရစ် နည်းပညာဖြင့် မှတ်ပုံတင်ပြီး ဖြစ်ကြောင်း ဘင်္ဂလားဒေရှ အခြေစိုက် ဒါကာထရီဗျူး သတင်း ဖော်ပြချက်အရ သိရသည်။ ဘဂ်လားဒေရှနိုင်ငံ မှတ်ပုံတင်ရေးနှင့် နိုင်ငံကူး လက်မှတ်ဌာန ညွန်ကြားရေးမှူးချူပ် Maj Gen Md Masud Rezwan က Ukhiya နှင့် Teknaf တို့ရှိ ဘိုင်မက်ထရစ် မှတ်ပုံတင် စင်တာ ခြောက်ခုတွင် ကောင်တာ အခု တစ်ရာ ဖွင့်ပေးကာ တစ်နေလျှင် ဘင်္ဂလီ ၁၂၀၀၀ မှ ၁၃၀၀၀ အထိ ဒုက္ခသည်မှတ်ပုံတင်ခြင်းများ ပြုလုပ်နေကြောင်း ဆိုသည်။ မှတ်ပုံတင်ခြင်း အစီအစဉ်အား စက်တင်ဘာ ၁၂ ရက်မှ စတင်ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ “လက်ရှိ အခြေအနေမှာတော့ လပိုင်းအတွင်း ဘင်္ဂလီအတော်များများကို ဘိုင်အိုမက်ထရစ် နည်းဖြင့် မှတ်ပုံတင် ထားပေးပြီးဖြစ်တယ်” ဟု သောကြာနေ့က Kutupalang နှင့် Balukhali ဒုက္ခသည် စခန်းများရှိ ဘိုင်အိုမက်ထရစ် စင်တာများ သွားရောက်၊ ကြည်ရူစဉ် ပြောကြား ခဲ့ကြောင်း ဆိုသည်။ “ကျွန်ုပ်တို့အနေနဲ့ ကောင်တာတွေ အများကြီး ဖွင့်ပေးသွားပြီး ဒီလုပ်ငန်း စဉ်ကို အရှိန်မြင့် လုပ်ဆောင်မှာဖြစ်တယ်။ ကွန်ပြူတာ အချက်အလက် စုဆောင်းခြင်းကနေ ဒုက္ခသည်များ ပျံ့နှံမှုများကို စည်းကမ်းတကျ ဖြစ်စေမှာဖြစ်တယ်” ... သတင်းအပြည့်အစုံ ဖတ်ရှုရန် - http://ift.tt/2gVAKdC
Source : http://ift.tt/2gVAKdC
via IFTTT
No comments:
Post a Comment