Saturday, October 21, 2017


မဟာမုနိဘုရားကြီးမှ ရွှေခိုးယူသူအား ပုဒ်မ ၂ခုဖြင့် အရေးယူ မန္တလေး မဟာမုနိဘုရားကြီး၏ ကိုယ်လုံးတော်တွင် ကပ်လှူထားသည့် ရွှေများကို စတီးပိုက်လုံးဖြင့် ခွာကာ ခိုးယူခဲ့ သူကို ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ (ခိုးမှု)၊ ပုဒ်မ ၂၉၅ (သာသနာ ညှိုးနွမ်းစေမှု တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။ ခိုးယူသူမှာ မဟာအောင်မြေ မြို့နယ်နေ အသက် ၃၀နှစ်ခန့်ရှိ အမျိုးသားတဦးဖြစ်ပြီး အောက်တိုဘာလ ၁၆ရက်နေ့ က တကြိမ်၊ ၁၈ရက်နေ့က တကြိမ်၊ ၂ကြိမ် ခိုးယူခြင်းကို CCTV လုံခြုံရေး ကင်မရာမှ တွေ့ရှိပြီးနောက် စောင့်ကြည့်နေစဉ် ၁၉ရက်နေ့ နေလည် ၃နာရီခန့်၌ တတိယအကြိမ် လာရောက်ကာ ရွှေသင်္ကန်း ကပ်လှူသည့် ပုံစံဖြင့် တဖက်ပိတ် စတီး ပိုက်နှင့် ထိုးခွာနေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကြောင်း ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘုရားဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။ “ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပြီး အခုလို ဘုရားအသွေးအသားကို ဖဲ့ယူတယ်ဆိုတဲ့ လုပ်ရပ်မျိုးကို မျှော်လင့်မထားဘူး လေ၊ ပြီးတော့ လုံခြုံရေးတွေရဲ့ အာရုံစိုက်မှုအားနည်းတာကြောင့်လည်း ပါသွားတာပေါ့” ဟု ၎င်းက ပြောသည်။ လတ်တလော စစ်ဆေးချက်အရ ကျုးလွန်သူသည် အောက်တိုဘာ ၁၆ရက်က ခိုးယူခဲ့သည့် ရွှေများအား ရောင်းချ၍ လက်ကိုင်ဖုန်းဝယ်ယူခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်က ခိုးယူခဲ့သည့် ရွှေများကို အရည်ကြို၍ မန္တလေးမြို့ မန်းမြို့ဈေးရှိ ရွှေဆိုင်တဆိုင်တွင် ငွေကျပ် ၁သိန်း၇သောင်းဖြင့် ရောင်း ချခဲ့ကြောင်း အမှတ်(၁၀) ရဲစခန်းမှ သိရသည်။ အမှတ် ၁၀ ရဲစခန်းမှ ရဲအုပ် သီဟအောင်က “လောလောဆယ်ကတော့ အရင် ပြစ်မှုဟောင်း ရှိမရှိနဲ့ သက်သေတွေ စုံအောင် စစ်ချက်ယူနေတယ်၊ ရွှေခွာတဲ့သူကတော့ မိသားစု စားဝတ် နေရေးအရ အခုလို လုပ်ရတာပါလို့တော့ ဖြောင့်ချက်ပေးတာပဲ” ဟု ဧရာဝတီကို ပြောသည်။ ဤအဖြစ်အပျက်မျိုး နောင်မဖြစ်စေရန်အတွက် မဟာမုနိ ဘုရားဝင်းအတွင်း ခိုးဆိုးလုနှိုက် ပြစ်မှု ရှိခဲ့ဖူးသူများ၏ မျက်နှာကို မှတ်သားပြီး အချက်ပေးသည့် လုံခြုံရေးဆိုင်ရာ နည်းပညာတခု တပ်ဆင် ထားရှိရန်နှင့် ဘုရားအတွင်း တပ်ဆင်ထားသည့် စီစီတီဗွီကင်မရာအားလုံး ဂေါပကရုံးခန်းမှ ၂၄ နာရီ စောင့်ကြည့်နိုင်ရန် ယခုလအတွင်း ဆောင်ရွက်သွား မည်ဟု ဘုရားဂေါပကအဖွဲ့မှ သိရသည်။ The post မဟာမုနိဘုရားကြီးမှ ရွှေခိုးယူသူအား ပုဒ်မ ၂ခုဖြင့် အရေးယူ appeared first on ဧရာဝတီ.
Source : http://ift.tt/2gpHXC3
via IFTTT

No comments:

Post a Comment