ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် လုပ်ငန်း ၁၃ မျိုး ထုတ်ပြန်ကြေညာ ပြည်တွင်း၊ ပြည်ပ ရင်း နှီးမြှုပ်နှံမှုများ မြှင့်တင်ရန် စားသုံးဆီထုတ်လုပ်ခြင်း အပါအဝင် သွင်းကုန်အစားထိုး လုပ်ငန်း ၁၃ ခု တွင် ရင်းနှီးမြှုပ်နှံပါက ခွင့်ပြုမိန့် အမြန် ထုတ်ပေးမည်ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုး မြင့်အောင်က ပြောသည်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကဏ္ဍဖြစ်၍ မြေ၊ လျှပ်စစ်မီးစ သည်တို့ ရရှိရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ နှင့် တိုင်ပင်ပြီး ကူညီမည်ဟု ၎င်းကပြောသည်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် လုပ်ငန်းများသည် စက်မှုကဏ္ဍ ထုတ် ကုန်များဖြစ်သည့် မော်တော် ယာဉ်နှင့် မော်တော်ယာဉ်ဆက် စပ်ပစ္စည်း ထုတ်လုပ်ခြင်း၊ လယ် ထွန်စက်နှင့် လယ်ယာ နောက်တွဲ ယာဉ်ထုတ်လုပ်ခြင်း၊ တယ်လီ ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်း ကိရိယာ များ ထုတ်လုပ်ခြင်း၊ စက် နှင့် စက်ပစ္စည်း ထုတ်လုပ်ခြင်း၊ လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း နှင့် တပ်ဆင်ရေးပစ္စည်းများ ထုတ် လုပ်ခြင်း လုပ်ငန်း၊ ပလတ်စတစ် ကုန်ကြမ်း ပစ္စည်းထုတ်လုပ်ခြင်း၊ စက္ကူထုတ်လုပ်ခြင်း၊ ဓာတုဗေဒချည်ငင်များ ထုတ်လုပ်ခြင်း စသည်တို့ ပါဝင်သည်။ ထို့အပြင် တစ်လလျှင် တန် ချိန်သောင်းချီ တင်သွင်းနေရ သည့် စားသုံးဆီ ထုတ်လုပ်ခြင်း ကိုလည်း ပြည်တွင်း၌ လုပ်ကိုင်ပါ က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကူညီမည်ဟု ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာထားသည်။ ထို့အပြင် ဆေးဝါးပစ္စည်း ထုတ်လုပ်ခြင်းနှင့် အလှကုန် ပစ္စည်း ထုတ်လုပ်ခြင်းများလည်း အစိုးရ ဦးစားပေးရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပါဝင်သည်။ ‘‘ပြည်ပသွင်းကုန်အစားထိုး နိုင်ရန် နိုင်ငံခြားငွေ အသုံးလျော့ သွားနိုင်တယ်။ လက်ရှိ အခြေအ နေက နိုင်ငံခြားငွေ အသုံးများ နေ တယ်’’ ဟု ဦးစိုးမြင့်အောင်က ပြောသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုး လအတွင်း မြန်မာနိုင်ငံ၏ ကုန် သွယ်မှုတွင် ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏက သုံးဘီလီယံ ကျော် ပိုများနေသည်။ ပို့ကုန်ပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီ ယံကျော်ရှိပြီး သွင်းကုန်ပမာဏ ၁၂ ဒသမ ၈ ဘီလီယံကျော်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာ ရင်းများတွင် ဖော်ပြထားသည်။ ထို့ကြောင့် သွင်းကုန်အစားထိုးရင်းနှီးမြှုပ်နှံမှုများ ဦးစား ပေးရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကြေညာချက် ထုတ် ပြန်သော်လည်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို အခွင့်အ ရေးပေးထားသည့် ဝင်ငွေခွန်၊ ကုန် သွယ်လုပ်ငန်းခွန် သက်သာခွင့် များ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းချက် အတိုင်း ခွင့်ပြု မည်ဟု ဦးစိုးမြင့်အောင်က ပြော ကြားသည်။
Source : http://ift.tt/2BGdfBv
via IFTTT
No comments:
Post a Comment