Monday, December 25, 2017

7Day News Journal

အေဂျင်စီများ မလေးရှားသို့ အလုပ်သမားစေလွှတ်ခွင့်ရလိုလျှင် အချက်သုံးချက်လိုက်နာရမည်ဟု ဝန်ကြီးဌာနပြော မလေးရှားနိုင်ငံသို့ အလုပ်သမားပြန်လည် စေလွှတ် ခွင့်ရရှိလိုပါက အချက်သုံးချက် လိုက် နာဆောင်ရွက်ရမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက အေဂျင်စီများအား တောင်းဆိုသည်။ မလေးရှားနိုင်ငံသို့ အလုပ် သမား ပြန်လည်စေလွှတ်ခွင့်ပေးရေးနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၄ ရက်က ရန်ကင်းမြို့နယ် အလုပ် သမားသင်တန်းကျောင်း၌ ပြုလုပ် သည့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အေ ဂျင်စီများ တွေ့ဆုံဆွေးနွေးပွဲတွင် အဆိုပါဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြော ကြားသည်။ အေဂျင်စီများက အလုပ် သမားစေလွှတ်မှုအပေါ် အာမခံမှု၊ တာဝန်ယူမှုပေးရန်၊ မိသားစုလွှဲပို့ ငွေများကို တရားဝင်လမ်းကြောင်း က ပေးပို့နိုင်ရေး ဆောင်ရွက်ပေး ရန်နှင့် အလုပ်သမားပို့ဆောင် သည့် ဝန်ဆောင်ခ လျှော့ပေါ့ပေး ရန်ဆိုသည့် အချက်သုံးချက်ကို အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက တောင်းဆိုခဲ့သည်။ မလေးရှားနိုင်ငံသို့ အလုပ် သမား ပြန်လည်စေလွှတ်ခွင့်ပေး ရန် ဒုတိယသမ္မတဦးမြင့်ဆွေ ဦး ဆောင်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ကော်မတီက အေဂျင်စီများထံ အဆိုပါအချက်များ ရယူလိုသဖြင့် တောင်းဆိုရကြောင်း ဦးမျိုးအောင်က ပြောသည်။ ‘‘အေဂျင်စီတွေဘက်က ဒီ အချက်တွေကို လက်ခံနိုင်ပါတယ် ဆိုရင် ဝန်ကြီးဌာနကနေ ကော် မတီကို တင်ပြပေးသွားမယ်။ ပြီး တော့ မလေးရှားနိုင်ငံ သံအမတ် ကြီးကိုလည်း အဲဒီနိုင်ငံရဲ့ အခြေ အနေမေးသွားမယ်။ ကော်မတီ ကနေ ခွင့်ပြုပြီဆိုတာနဲ့ စေလွှတ် ခွင့်ရမှာပါ’’ဟု ၎င်းကဆိုသည်။ အဆိုပါ အချက်သုံးချက်နှင့် ပတ်သက်၍ အေဂျင်စီများ၏ သဘောထားမှတ်ချက်ကို မေးမြန်းခဲ့ရာ အလုပ်သမားများကိုအာမခံတာဝန်ယူရန်ဆိုသည့် အချက်ကလွဲ၍ ကျန်နှစ်ချက်သည် ချက်ချင်းလိုက်နာဆောင်ရွက်ရန် အခက်အခဲရှိကြောင်း အေဂျင်စီအများစုက ဆွေးနွေးခဲ့သည်။ ‘‘မိသားစုလွှဲပို့ငွေကို ဘဏ် ကနေ တရားဝင်လွှဲပြောင်းဖို့ဆို တာက ဘဏ်စနစ်ကောင်းမွန်ဖို့လို တယ်။ မလေးရှားနိုင်ငံကဘဏ်နဲ့ မြန်မာနိုင်ငံကဘဏ်တွေ ချိတ် ဆက်ဆောင်ရွက်မှုက ဘယ် လောက်ကောင်းနိုင်မလဲ။ ဟွန်ဒီ တွေကို မကျော်နိုင်ဘဲနဲ့တော့ ဒီ စနစ်က အကောင်အထည်ဖော်ဖို့ ခက်တယ်’’ဟု မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့် လိုင် စင်ရရှိထားသည့် အေဂျင်စီလုပ် ငန်းရှင်တစ်ဦးက ပြောသည်။ ရွှေ့ပြောင်းအလုပ်သမား များအနေဖြင့် မိသားစုလွှဲပြောင်း ငွေကို ဘဏ်မှတစ်ဆင့် လွှဲ ပြောင်းနိုင်ရေး လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ပြည်တွင်းဘဏ်အချို့ နှင့် အေဂျင်စီများကို ဆွေးနွေးပွဲ ပြုလုပ်ပေးရန်ရှိကြောင်း ဦးမျိုး အောင်က ဆိုသည်။ ထို့အပြင် မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့် အတွက် ဝန်ဆောင်ခအဖြစ် တစ် ဦးလျှင် ဒေါ်လာ ၈၅ဝ နှုန်း ပျမ်းမျှ ကောက်ယူခွင့်ပေးရာမှ ထပ်မံ လျှော့ချရယူရန်ဆိုသည့် တောင်း ဆိုချက်ကို အေဂျင်စီအများစုက လက်ခံသည်။ သို့သော် ချက်ချင်း လျှော့ချပေးရန်မဖြစ်နိုင်ဘဲ တစ်ဖက်နိုင်ငံမှ အလုပ်သမားခေါ်ယူမှုအရှိန်ရလာမှသာ တဖြည်းဖြည်းလျှော့ချ ပေးနိုင်ဖွယ်ရှိကြောင်း အေဂျင်စီလုပ်ငန်းရှင်အချို့က ဆိုသည်။ ‘‘လက်ရှိမှာလည်း ဘယ် အေဂျင်စီကမှ ပျမ်းမျှ သတ်မှတ်နှုန်းအထိတောင် မယူကြတော့ပါ ဘူး။ ပြင်ဆင်ဖို့ဆိုတာကလည်း ဝန်ကြီးဌာနကနေ ပြင်ဆင်ချက် ထုတ်ပြန်ပေးဖို့ ပြောလိုပါတယ်’’ ဟု ဘဝချိန်ခွင် ပြည်ပအလုပ် အကိုင်ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇောက ပြောသည်။ အဆိုပါတင်ပြချက်များကို ပညာရေး၊ ကျန်းမာရေးနှင့် လူ့ စွမ်းအားအရင်းအမြစ် ကော်မတီ သို့ ရက်ပိုင်းအတွင်း ပြန်လည် တင်ပြမည်ဖြစ်ပြီး ကော်မတီ အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါ က တစ်လအတွင်း မလေးရှားနိုင် ငံသို့ အလုပ်သမားစေလွှတ်ခွင့် ရရှိနိုင်ဖွယ်ရှိကြောင်း ဦးမျိုး အောင်က ဆိုသည်။
Source : http://ift.tt/2D9ThLU
via IFTTT

No comments:

Post a Comment