Monday, December 25, 2017


အမျိုးသမီးတယောက်ဟာ အချိန်ဘယ်လောက်ကြာ လိင်ဆက်ဆံလိုစိတ်ရှိသလဲ သက်ရှိတို့ရဲ့ သဘောသဘာဝအရ လိင်ဆက်ဆံမှုပြုခြင်းဟာ သဘာဝ တရားတခုဖြစ်ပြီး ရှက်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသိဉာဏ်ရှိတဲ့ လူသားတို့ အနေနဲ့တော့ လူမြင်ကွင်းမှာ လုပ်ဆောင်ဖို့ မသင့်တဲ့ စည်းကမ်း သတ်မှတ်ချက်ထားရှိ နေထိုင်ကြပြီး အထူးသဖြင့် ကျနော်တိ့ု အရှေ့ပိုင်း နိုင်ငံတွေမှာ လိင်မှု ရေးရာကို ပိုမို ထိန်းချုပ် နေထိုင်ကြပါတယ်။ ဒါပေမယ့် အခု ဆောင်းပါးကိုလည်း လိင်ပညာပေးအနေနဲ့ ရေးသားထားတာဖြစ်ပြီး ဗဟုတုတအနေနဲ့ ဖတ်ထားဖို့တော့ ကောင်းပါတယ်။ ဒါကလည်း တခြား နိုင်ငံတွေမှာလို လိင်ပညာပေးမှုက ပြည်တွင်းမှာ အားနည်းလို့ ဖတ်မိတာလေးတွေဝေမျှခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံမှုနဲ့ ဇီဝသဘောတရား၊ ကိုယ်ခန္ဓာတည်ဆောက်ပုံ၊ ဟော်မုန်းတွေအရ အမျိုးသမီးတွေဟာ လိင်စိတ်ပိုကြီးတယ်လို့ ဆိုကြပါတယ်။ ပြည်တွင်းအနေနဲ့ အဓိကကြည့်ပြီး ပြောရရင် လူငယ်တွေအကြားမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လိင်စိတ် ၈ ဆပိုကြောင်း၊ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု အချိန် ကြာလေလေ သဘောကျနှစ်သက်ကြောင်း သိထားကြပေမယ့် ဒါက ပျံ့နှံ့လွယ်တဲ့ အကြောင်းအရာတွေဖြစ်ပြီး လက်တွေ့လေ့လာချက်တွေ၊ သတ်မှတ်ချက်တွေ တိတိကျကျတော့ မရှိလှပါဘူး။ ဒါပေမယ့် သက်ရှိတဦးဖြစ်တဲ့ အမျိုးသမီးတွေမှာလည်း အချိန် အတိုင်းအတာတခု၊ အကန့်အသတ်တခုအထိပဲ လိင်ဆန္ဒရှိမှာ အသေအချာပါ။ ဆန္ဒပြီးမြောက်ခြင်းဆိုတဲ့ အနေအထားမှာတော့ ချစ်သူ နှစ်ဦးကြား ကျေနပ်မှုရရှိ အဆင်ပြေမှာလည်း ဖြစ်ပါတယ်။ အခု လေ့လာချက်အသစ်အရတော့ အမျိုးသမီးတွေရဲ့ လိင်ဆက်ဆံမှုအတွက် အချိန် ဘယ်လောက်ကြာ ပျမ်းမျှ အလိုရှိတယ်ဆိုတာကို သိလာရပါတယ်။ အခု လေ့လာချက်ကို လုပ်ဆောင်ခဲ့တာကတော့ Dating Website တခုဖြစ်တဲ့ Saucy Dates ကနေ ဖြစ်ပါတယ်။ Dating Website ဆိုတာကတော့ အလွယ်ပြောရရင် အောင်သွယ်လုပ်ပေးတဲ့ အွန်လိုင်းဝန်ဆောင်မှု တခုပါ။ ဒီ ဝန်ဆောင်မှုလုပ်ငန်းကနေ ကမ္ဘာအနှံ့အပြားက ကျား၊ မ မခွဲဘဲ သူ့ရဲ့ ဖောက်သည် ၄၀၀၀ လောက်ကို မေးခွန်း ၂ ခု မေးပြီး လေ့လာချက်လုပ်ခဲ့တာပါ။ မေးခွန်း ၁ က ဘယ်လောက် အချိန်ကြာကြာ လိင်ဆက်ဆံသလဲ ဆိုတာရယ်၊ မေးခွန်း ၂ က ဘယ်လောက် အချိန်ကြာမှာ လိင်ဆန္ဒပြီးမြောက်ချင်သလဲ ဆိုတာပါပဲ။ တကယ်တော့ မေးခွန်းနှစ်ခုဆိုပေမယ့် လိင်ဆက်ဆံမှု အချိန် ဘယ်လောက်လဲလို့ မေးထားခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိလာရတဲ့ အဖြေက ပျမ်းမျှအနေနဲ့ အမျိုးသမီးတွေက လိင်ဆက်ဆံမှု တကြိမ်မှာ ၂၅ မိနစ်နဲ့ ၅၁ စက္ကန့်လောက် ယူပါတယ်၊ အမျိုးသားတွေမှာတော့ ၂၅ မိနစ်နဲ့ ၄၃ စက္ကန့်လောက် ပျမ်းမျှ ကြာမြင့်တာ တွေ့ရ ပါတယ်။ ဒါက နိုင်ငံတကာ ဖြေဆိုသူတွေရဲ့ အချိန်အားလုံးကို ပျမ်းမျှ ပြန်တွက်ထားတာဖြစ်ပြီး နိုင်ငံအလိုက်ဆိုရင် အမေရိကန်နိုင်ငံက အမျိုးသားတွေဟာ အခြား နိုင်ငံသားတွေထက် လိင်ဆက်ဆံမှုအချိန် ပိုကြာတာကိုလည်း တွေ့လာရပါတယ်။ အမေရိကန်နိုင်ငံသား အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးဟာ ပျမ်းမျှ လိင်ဆက်ဆံချိန် ၁၇ မိနစ်နဲ့ ၅ စက္ကန့်ကြာပေမယ့် အင်္ဂလန်က အဆိုပါ ၃၁ နှစ်အရွယ် အမျိုးသားကတော့ ၁၆ မိနစ်နဲ့ ၅၈ စက္ကန့်လောက်ပဲ ကြာတာတွေ့ရပါတယ်။ အခုလေ့လာချက်နဲ့ ဆောင်းပါးဟာ Reader Digest လို နာမည်ကျော် မဂ္ဂဇင်းတွေအပြင် New York Post လို သတင်းစာတွေမှာပါ ဖော်ပြထားတာတွေ့ရပြီး လေ့လာချက်ကို ကမ္ဘာ့မီဒီယာ အသိုင်းအဝိုင်းကလည်း လက်ခံ ထားတာ တွေ့ရပါတယ်။ ဒါဆိုရင်တော့ မြန်မာလူငယ်တွေအကြား လိင်ဆက်ဆံမှု အချိန်ကြာလေလေ အဆင်ပြေကောင်းမွန်တယ်ဆိုတဲ့ အသိတခုကို အခြေအမြစ်မရှိဘဲ ယုံကြည်နေမယ့်အစား အခု လေ့လာချက် မှာ သိထားရသလို အမျိုးသမီး တယောက်ဟာ လိင်ဆက်ဆံမှုတကြိမ်မှာ ပျမ်းမျှ ၂၅ မိနစ် ဝန်းကျင်မှာ လိင်ဆန္ဒ ပြီးမြောက် ကျေနပ်တယ်ဆိုတာ ပြောင်းလဲ မှတ်သားထားဖို့တော့ လိုအပ်နေပါပြီ။ www.rd.com တွင်ဖော်ပြထားတဲ့ This is exactly how long women want sex to last ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post အမျိုးသမီးတယောက်ဟာ အချိန်ဘယ်လောက်ကြာ လိင်ဆက်ဆံလိုစိတ်ရှိသလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2kUt9OD
via IFTTT

No comments:

Post a Comment