Tuesday, December 5, 2017

ဒီတပတ္ ရန္ကုန္မွာ လည္ပတ္စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁။ စတုတ္ထအကြိမ် AIR KBZ ရွှေအောင်လံ မြန်မာ-ပြင်သစ်-ဂျပန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကိုရန်ကုန်မြို့ ၊ သိမ်ဖြူ လက်ဝှေ့ရုံတွင် ၁၀.၁၂.၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်များကို ၁ သောင်းကျပ်မှ ၃ သောင်းကျပ် အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၁- ၅၅၇၇၈၇ ၊ ၀၁-၈၆၀၅၁၄၅ တို့တွင် ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။ ၂။ ပြည်တွင်း၊ ပြည်ပအနုပညာရှင် ၂၈ ဦးပါဝင်မည့် Zero Platform: International Performance Art Festival 2017 အနုပညာပွဲကို သခင်မြပန်းခြံတွင် ၈.၁၂.၂၀၁၇ မှ ၉.၁၂.၂၀၁၇ ရက်နေ့အထိ ညနေ ၄ နာရီအချိန်များတွင် စတင်ပြုလုပ် သွားမည် ဖြစ်သည်။ ဝင်ကြေး အခမဲ့ဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှု့နိုင်ကြောင်း သိရသည်။ ၃။ ရန်ကုန်တက္ကသိုလ်ရာပြည့် အကြို ၉၇ နှစ်မြောက် စာအုပ်ပြပွဲကို ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် ၇-၁၂-၂၀၁၇ မှ ၁၇-၁၂-၂၀၁၇ ထိ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါစာအုပ်ပြပွဲတွင် ဘာသာရပ်ပေါင်းစုံ စာအုပ်များနှင့်အတူ ရှားပါးစာအုပ်များကိုလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ၄။ ပြည်တွင်း၊ ပြည်ပဒီဇိုင်နာများနှင့် မော်ဒယ်များပါဝင်မည့် Myanmar Int’l Fashion Week ကို တာမွေမြို့နယ်၊ ရွှေထွဋ်တင် ကွင်းရှိ Hexagon Complex တွင် ၈.၁၂.၂၀၁၇ မှ ၁၀.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပြပွဲတွင် နာမည်ကျော် ဒီဇိုင်နာများ၏ ဒီဇိုင်းလက်ရာများ၊ မိတ်ကပ်ပညာရှင်များ၏ မိတ်ကပ်ဖန်တီးမှုများကို လေ့လာကြည့်ရှုနိုင်မည် ဖြစ်ကြောင်းသိရသည်။ ၅။ ပြည်တွင်း၊ ပြည်ပဂီတပညာရှင်များပါဝင်ဖျော်ဖြေမည့် 808 Festival Yangon 2017 ဂီတပွဲကို သုဝဏ္ဏမြို့နယ်၊ အထက် ပုဇွန်တောင်လမ်းရှိ Thuwunnabhumi Event Park တွင် ၉.၁၂.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၂ သောင်းခွဲမှ ၇ သောင်းခွဲအထိ သတ်မှတ်ထားပြီး ၀၉၄၃၁၇၄၄၃၃ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ ၆။ ပန်းချီကိုမောင်ကျော်သန်း၊ ဖေသန်း (ဖိုးတုတ်)၊ ဇော်ဝင်းထွန်း တို့၏ December Morning ပန်းချီပြပွဲကို ကျောက်တံတား မြို့နယ်၊ ၃၅ လမ်းရှိ Moon Art Gallery တွင် ၉.၁၂.၂၀၁၇ မှ ၁၁.၁၂.၂၀၁၇ ထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ မီဒီယံစုံ ပန်းချီကားများကို ပြသသွားမည် ဖြစ်ကြောင်းသိရသည်။ ၇။ ကဗျာဆရာနေမျိုး၏ တကိုယ်တော် ကဗျာရွတ်ပွဲကို လမ်းမတော်မြို့နယ်၊ သံဈေးရှိ Yangon Book Plaza တွင် ၉.၁၂.၂၀၁၇ ရက် နေ့လည် ၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဝင်ကြေး ၅ ထောင်ကျပ် သတ်မှတ်ထားပြီး ကော်ဖီ (သို့မဟုတ်) အအေးတစ်ခွက်ကို အခမဲ့သုံးဆောင် နိုင်မည် ဖြစ်သည်။ ဆရာနေမျိုး၏ ကဗျာစာအုပ်တစ်အုပ်လည်း လက်ဆောင်ရရှိမည် ဖြစ်ပြီး ဆရာနေမျိုး ရေးဆွဲထားသော ပန်းချီကား ၃ ကားကိုလည်း မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၈။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ ပါဝင်သော Myanmar’s Leading Property Show 2017 (မြန်မာနိုင်ငံ၏ အကြီးဆုံး အဆင့်မြင့်အိမ်ခြံမြေ ပြပွဲကြီး) ကို ပြည်လမ်း ၊ ၆ မိုင်ခွဲရှိ Lotte Hotel တွင် ၉.၁၂.၂၀၁၇ မှ ၁၀.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အိမ်ရာပရောဂျက်ပေါင်း (၁၅၀) ကျော်ကို တနေရာတည်းတွင် လေ့လာဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။ ၉။ အမျိုးသမီးပန်းချီဆရာ ၄၀ ကျော်ပါဝင်မည့် Morning Glory ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ ပန်းချီပန်းပုအစည်းအရုံး (ဗဟို) ပန်းချီပြခန်းတွင် ၆.၁၂.၂၀၁၇ မှ ၁၀.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ၊ မီဒီယံစုံ ပန်းချီကားများ ပြသသွားမည် ဖြစ်ကြောင်းသိရသည်။ ၁၀။ ပန်းချီနေမျိုး၏ Warm Sunshine ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ် ပန်းချီပြခန်းတွင် ၈.၁၂.၂၀၁၇ မှ ၁၂.၁၂.၂၀၁၇ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီနေမျိုး၏ မော်ဒန် ပန်းချီလက်ရာများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2BIoZQt
via IFTTT

No comments:

Post a Comment