Wednesday, December 20, 2017


အိန္ဒိယအစိုးရက ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် တစ်နှစ် ဒေါ်လာငါးသန်း ထောက်ပံ့မည် အိန္ဒိအစိုးရမှ ရခိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့အဖြစ် ၅ နှစ်တာကာလအတွက် တစ်နှစ်လျှင် အမေရိကန် ၅ သန်း ထောက်ပံ့မည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ Foreign Secretary ဖြစ်သူ Dr. Subranhmanyam Jaishankar ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့(၁၄၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို လည်းကောင်း၊ အိန္ဒိယအစိုးရမှ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုရေးအတွက် အထောက်အပံ့ အဖြစ် ၅ နှစ်တာကာလအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းထောက်ပံ့မည့် `မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ အစိုးရကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ`အား နှစ်နိုင်ငံကြား လက်မှတ်ရေးထိုး ခဲ့သည့် ကိစ္စနှင့် ပတ်သတ်၍ လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ The Ladies News
Source : http://ift.tt/2z3zn2P
via IFTTT

No comments:

Post a Comment