Saturday, December 2, 2017


မျိုးပွားစနစ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များ ပျော်ရွှင်တဲ့ မိသားစုတခု တည်ဆောက်ဖို့အတွက်ဆိုရင် သားသမီးရတနာလေးတွေရှိမှလည်း သံယောဇဉ် ပိုမို ခိုင်မာတယ်၊ ချစ်ခင်တွယ်တာကြတယ်လို့ ပြောစကားတွေ ကြားဖူးပါတယ်။ ဒါပေမယ့် လင်ရယ် မယားရယ်၊ အိမ်ထောင်သည်ရယ်လို့ ဖြစ်လာချိန်မှာ အမျိုးသားဘက်ကနေဖြစ်စေ၊ အမျိုးသမီးဘက်ကနေဖြစ်စေ မျိုးပွားစနစ် အားနည်းချက်ကြောင့် အလွယ်တကူ သားသမီး မရနိုင်တာတွေ၊ အဆင်မပြေတာတွေ ဖြစ်တတ် ပါတယ်။ ကိုယ်တွင်းမျိုးပွားအင်္ဂါ အားနည်းချက် ဖြစ်ပွားမှုကတော့ အမျိုးသမီးတွေမှာ ပိုမို တွေ့ရလေ့ရှိပြီး အမျိုးသားတွေမှာတော့ အရက်၊ ဆေးလိပ်လို ဘေးထွက်ဆိုးကျိုးများတဲ့ အရာတွေ သောက်သုံးလေ့ရှိလို့ အဆင်မပြေမှု ဖြစ်တတ်ပါတယ်။ အခု ကျနော်က ကျား၊ မ မရွေး မျိုးပွားစနစ်အတွက် အားကောင်းစေမယ့် လိုအပ်တဲ့ အဓိက ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အကြောင်းနည်းနည်းလောက် ပြောပြချင်ပါတယ်။ အရင်ဆုံး ကလေးဘဝကတည်းက လိင်အင်္ဂါ ဖွံ့ဖြိုးမှုအတွက် အဓိက လိုအပ်တဲ့ သတ္တုဓါတ် အကြောင်းကနေ စချင်ပါတယ်။ ကျား၊မ မရွေး အသက် ၁၀ နှစ် ဝန်းကျင်ကနေ စတင်ပြီးတော့ လိင်အင်္ဂါဖွံ့ဖြိုးမှု စတင်လာပြီး လိုအပ်တဲ့ ဟော်မုန်းဓါတ် ထုတ်လွှတ်နိုင်မှု၊ အာဟာရ ပြည့်ဝမှုတွေရှိမှသာ ပုံမှန် သဘာဝအတိုင်း လိင်အင်္ဂါ ကြီးထားဖွံ့ဖြိုးမှုလည်း ရှိလာမှာပါ။ ကလေးအရွယ်မှာ လိင်အင်္ဂါ ဖွံ့ဖြိုးမှုအတွက်ဆိုရင် အဓိက လိုအပ်တဲ့ဓါတ်က Zinc ဖြစ်ပါတယ်။ ကောင်လေးတွေမှာ ဖိုဟော်မုန်းဓါတ် အဓိက ပုံမှန် ထုတ်လွှတ်စေတဲ့ ဓါတ်လည်း ဖြစ်ပါတယ်။ ရလဒ်ကတော့ ဆီးကျိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားကောင်းလာပါတယ်၊ ဆီးကျိတ်ပိုင်း အားကောင်းလာမှုရဲ့ နောက်ဆုံး ရလဒ်ကတော့ အရွယ်ရောက်ချိန်မှာ ကျန်းမာပြီး အရေအတွက်ရော အရည်အသွေးပါ ပြည့်ဝတဲ့ သုတ်တွေကို ထုတ်လုပ်ပေးလာနိုင်ခြင်းဖြစ်ပါတယ်။ ဒီအတွက် သားသမီးရဖို့ လွယ်ကူစေတာလည်း တွေ့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင်လည်း အခု မူရင်း ဆောင်းပါးမှာ မပါရှိပေမယ့် ဖတ်ဖူးခဲ့သမျှ Zinc ဓါတ် ချို့တဲ့မှုကနေ လိင်အင်္ဂါကြီးထွားမှု အားနည်းပြီး ရင်သား သေးငယ်ခြင်းလို ဖြစ်စဉ်တွေ ဖြစ်လာတတ်လို့ အပျိုဖော်ဝင်စ အချိန်တွေမှာ ဇင့်ဓါတ် လုံလောက်အောင် အာဟာရစာ စားပေးဖို့၊ ဒါမှမဟုတ် ဇင့်ဓါတ် အားဖြည့်ဆေး သောက်သုံးခြင်းနဲ့ တိုက်ကျွေးပေးဖို့ လိုအပ်တယ်လို့ တွေ့ရပါတယ်။ အိုင်အိုဒင်း (Iodine) ဆိုရင်လည်း ခန္ဓာကိုယ် ကြီးထွားဖို့ရော ကိုယ်အလေးချိန် မှန်ကန်စေဖို့ပါ အားပေမယ့် Thyroid ဆိုတဲ့ သွေးနဲ့ဆဲလ်စုဖွဲ့မှုကို အားပေးပါတယ်။ အဆီနဲ့ အသား အချိုးကျ ပေါင်းစပ်နိုင်မှုနဲ့ အတူ ကြည့်ကောင်းပြီး ကျန်းမာတဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ဖြစ်လာစေပါတယ်။ ဒီလို ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အပိုင်းမှာ လိင်အင်္ဂါတွေလည်း တဆက်တည်း ပါရှိလာတာ ဖြစ်ပါတယ်။ မျိုးပွားစနစ် အတွက် အဓိက ကျတဲ့ Endrocine ဂလင်းနဲ့ ကျား၊မ ဟော်မုန်းဓါတ်တွေဟာ အရေးပါလှပါတယ်။ အန်ဒိုခရိုင်းဂလင်းရဲ့ တာဝန်က မျိုးပွားစနစ်အတွက် စိတ်ဆန္ဒ ဖြစ်ပေါ်လာစေမှု၊ ကျန်းမာ သန်းစွမ်းသော မျိုးပွားမှု လုပ်ဆောင်နိုင်ခြင်းတွေကို အဓိက ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ကျား၊ မ ဟော်မုန်း ထုတ်လုပ်မှု အားကောင်းဖို့ အတွက်လည်း အာဟာရဖြစ်မယ့် ဗီတာမင်နဲ့ သတ္တုဓါတ် အစုံ လိုအပ်တာလည်း ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ဆိုရင် Folic Acid ဆိုရင် ကိုယ်ခန္ဓာ ချို့ယွင်းချက်နဲ့ကလေး မွေးဖွားခြင်းကို အကောင်းဆုံး ကာကွယ်နိုင်တဲ့ ဓါတ်တမျိုး ဖြစ်တာ တွေ့ရပါတယ်။ ဖောလစ်အက်ဆစ်ပြည့်ဝလုံလောက်တဲ့ မိခင်ကနေ မွေးဖွားတဲ့ ကလေးတွေမှာ အာရုံကြော ချို့တဲ့မှု ပြဿနာ အနည်းဆုံး ပုံစံနဲ့ မွေးဖွားခြင်းတွေ တွေ့ရပြီး ဒါဆိုရင် မိမိ ကလေးကို ကိုယ်ခန္ဓာရော အာရုံကြော(စိတ်ကျန်းမာရေး)အားနည်းမှုမရှိဘဲ အကောင်းဆုံး မွေးဖွားသန့်စင်နိုင်အောင် မိခင်ကို ဖောလစ် အက်ဆစ် လုံလောက်အောင် တိုက်ကျွေး စားသုံးစေဖို့ လိုအပ်တာလည်း သိနိုင်လာပါတယ်။ ဗီတာမင်တွေထဲမှာဆိုရင် B ဓါတ်က သွေးနီဆဲလ်ဖြစ်တည်မှုအတွက် အဓိက လိုအပ်တာ တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် မိခင်ရဲ့ သွေးကြောထဲက အောက်ဆီဂျင်နဲ့ ဗီတာမင် ဘီ ပေါင်းစပ်ပြီး သွေးစီးဆင်းမှု အားကောင်းစေသလို လိုအပ်တဲ့ သွေးနီဆဲလ်ဖြစ်တည်မှုလည်း ပုံမှန် ရှိနေစေပါတယ်။ အထူးသဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ် အက်ဆစ် လိုအပ်သလိုပဲ ဗီတာမင် ဘီလည်း မိခင်ဆီမှာ အပြည့်အဝ ရှိနေရမှာ ဖြစ်ပြီး ဒါမှလည်း မိခင်ကနေ သန္ဓေသားဆီကို အာဟာရ ပေးပို့မှု မှန်ကန်ပြီး သန္ဓေသား ကြီးထွားမှု ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ လူအများက လိင်အင်္ဂါလို့ ဆိုလိုရင် 18+ဆိုတဲ့ အတွေးဘက်ကို ရောက်သွားတတ်ပေမယ့် အခု ကျနော်ပြောနေတာကတော့ မိခင်၊ ဖခင်တွေ အတွက်ရော လိင်ဆက်ဆံမှု ကောင်းမွန်ဖို့ အတွက်ပါ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ဖြစ်ကာ နေ့စဉ် ဘဝမှာပဲ ဖြစ်ဖြစ်၊ သားသမီးရယူဖို့ ကြိုးစားနေတဲ့ ဖခင်လောင်းတွေ၊ ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေ အတွက်ပဲ ဖြစ်စေ ပုံမှန်ထက် ပိုမို ဂရုစိုက် စားသုံးပေးရမယ့် အာဟာရပြည့်ဝမှု ရှိနေဖို့အတွက်ဖြစ်ပါတယ်။ ဒါဟာ လိင်ဆက်ဆံမှု တခုတည်းကိုတင် မဟုတ်တော့ဘဲ သားသမီး ရယူမှုနဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေသားကြီးထွားစေခြင်းကနေ ကျန်းမာ သန်စွမ်းတဲ့ ကလေးငယ် တယောက် မွေးဖွားလာသည် အထိအောင် အထောက်အကူ ဖြစ်စေမှာလည်း ဖြစ်ပါတယ် မူရင်းဆောင်းပါးမှာ အထက်ပါ အကြောင်းအရာနဲ့ အာဟာရပြည့်ဝအောင် စားသုံးဖို့ကို အဓိက ပြောထားပြီး ကျနော်က စာဖတ်သူတို့ အဆင်ပြေဖို့ အတွက် နောက်ထပ် အဓိက အချက်လေးတွေကို ရှာဖွေပြီး ထပ်ဖြည့်စွက် ပေးချင်ပါတယ်။ လိင်ဆက်ဆံမှု အားကောင်း ကျန်းမာစေဖို့ အတွက် အဓိက လိုအပ်မယ့် ဗီတာမင်နဲ့ သတ္တုဓါတ်တွေက ဗီတာမင် အေ(ကျား၊မ မရွေး လိင်ဟော်မုန်းဓါတ် ထုတ်လုပ်မှု အားကောင်းဖို့လိုအပ်)၊ ဗီတာမင် ဘီ၃(လိင်ဆက်ဆံချိန် ကျန်းမာသန်စွမ်းမှု အတွက် လိုအပ်)၊ ဗီတာမင် ဘီ၆(သွေးနီဆဲလ်ဖြစ်တည်မှုကို အားပေးသလို အမျိုးသားတွေမှာ သုတ်လွှတ်နည်းမှုအတွက် အားကောင်းစေတယ်)၊ ဗီတာမင် ဘီ ၁၂(သွေးနီဆဲလ် ထုတ်လုပ်မှု အားကောင်းစေတယ်၊ အာရုံခံစနစ် အားကောင်းစေပြီး လိင်ဆက်ဆံမှု အရသာကို အကောင်းဆုံး ခံစားရရှိစေနိုင်သလို ကျန်းမာသန်စွမ်းတဲ့ လိင်ဆက်ဆံမှုကိုလည်း အားပေးတယ်)၊ ဗီတာမင် စီ(လိင်ဟော်မုန်းဓါတ်ဖြစ်တည်မှုကို အားပေးတယ်)၊ ဗီတာမင် အီး(သွေးလှည့်ပတ်မှု ပိုကောင်းစေတယ်၊ သွေးတွင်းအောက်ဆီဂျင်စီးဆင်းမှုကို အားကောင်းစေပြီး လိင်ဆက်ဆံချိန်ကြာမြင့် အားကောင်းစေတယ်)၊ ဖောလစ်အက်ဆစ်၊ သတ္တုဓါတ်တွေထဲမှာဆိုရင် မဂ္ဂနီစီယမ်(လိင်ဟော်မုန်းဓါတ်ထုတ်လွှတ်မှုကို အားပေးတယ်)၊ ဆီလီနီယမ်(Selenium)(အမျိုးသားတွေရဲ့ သုတ်ဖြစ်တည်မှုရဲ့ ရာခိုင်နှုန်း ၅၀ လောက်ကို အဓိက ထောက်ပံ့ပေးတယ်)နဲ့ ဇင့်တွေ လိုအပ်မှာ ဖြစ်ပါတယ်။ http://ift.tt/1dpJDW4 တွင် ဖော်ပြထားတဲ့ Vitamins and minerals for a healthy reproductive system ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post မျိုးပွားစနစ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2kfXg5q
via IFTTT

No comments:

Post a Comment