Monday, December 25, 2017

Eleven Media Group

ပြင်သစ် အဲ့လ်ပ်တောင်တန်းတွင် ski lift ချွတ်ယွင်းခဲ့ပြီးနောက် လူ ၁၅၀ ကိုကယ်တင်ခဲ့ရ ပြင်သစ် အဲ့လ်ပ်တောင်တန်းတွင် နှင်းလျှောစီးသူများကို တောင်စောင်းထက်သို့ တင်ပို့ပေးသည့် ကုလားထိုင်များ အစီအရီပါသည့် ရွေ့လျားစက်ခါးပတ် (ski lift) ချွတ်ယွင်းခဲ့ပြီးနောက် နှင်းလျှောစီးသူ ၁၅၀ အား ဒီဇင်ဘာ ၂၅ ရက်က ကယ်တင်ခဲ့ရကြောင်း ပြင်သစ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ နှစ်နာရီခန့် ဆောင်ရွက်ခဲ့ပြီးနောက် ၎င်းတို့အားလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း Chamrousse ရေခဲပြင်အပန်းဖြေစခန်းမှ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ခံဖရန့်လက်ကိုတာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရာသီဥတုကလည်း ကောင်းမွန်ခဲ့ကြောင်း၊ အားလုံးကို အချိန်မီကယ်တင်နိုင်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၄၀၀ တွင်ရှိသော Chamrousse အပန်းဖြေစခန်းကို ချိတ်ဆက်ထားသည့် ski lift သည် ဂရင်းနစ်စံတော်ချိန် ၁၄ နာရီ၌ ချွတ်ယွင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းချွတ်ယွင်းမှုကြောင့် လူစီးတွဲ ၇၀ ခန့်ကို သက်ရောက်ခဲ့ကြောင်း ကယ်ဆယ်ရေးအလုပ်သမားများက ပြောကြားခဲ့သည်။ ယင်းလူစီးတွဲတစ်တွဲလျှင် လူ ၁၀ ဦးခန့်လိုက်ပါနိုင်သည်။ ယင်းလူစီးတွဲများသည် မြေပြင်အထက် ၂၅ မီတာ (၈၂ ပေ) ခန့်တွင်ပြေးဆွဲကြသည်။ ရဟတ်ယာဉ်နှစ်စင်းဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ ကေဘယ်ကားတစ်စင်းနှင့် ကြိုးဆိုင်းရထားတွဲနှစ်စင်းကို အစားထိုးရန်အတွက် Chamrousse တွင် ski lift ကို ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
Source : http://ift.tt/2DcqFBx
via IFTTT

No comments:

Post a Comment