မော်ရင်ညိုကို စာချုပ်သစ်ချုပ်ရန် စီစဉ်ထားခြင်းကို မန်ယူဒါရိုက်တာ ဘုတ်အဖွဲ့ ပြန်လည်သုံးသပ်မည် မန်ချက်စတာ၊ ဒီဇင်ဘာ ၂၄ မန်ယူဒါရိုက်တာဘုတ်အဖွဲ့သည် လက်စတာနှင့် မန်ယူတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် နည်းပြမော်ရင်ညိုကို စာချုပ်သစ်ချုပ်ရန် စီစဉ်ထားသည်ကို ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ မန်ယူသည် လက်စတာနှင့် သရေကျခဲ့ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် မန်စီးတီးနှင့် ရမှတ် ၁၃ မှတ် ကွာဟသွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မော်ရင်ညို၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို မန်ယူဒါရိုက်တာဘုတ်အဖွဲ့က သံသယဝင်လာခဲ့ကြပြီဖြစ်သည်။ မော်ရင်ညိုနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသည့်စာချုပ်သည် လာမည့် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိစာချုပ်အရ မန်ယူက မော်ရင်ညိုကို တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင် ၁၂ သန်း ပေးချေထားသည်။ မန်ယူအသင်းတာဝန်ရှိသူများသည် လွန်ခဲ့သည့် လအနည်းငယ်ခန့်က မော်ရင်ညိုကို စာချုပ်သစ်ကမ်းလှမ်းရန် စီမံစိုင်းပြင်းခဲ့ကြပြီး စာချုပ်သစ်ချုပ်ဆိုရေးတွင် ၎င်းကို စံချိန်တင်လုပ်ခလစာနှင့် စံချိန်တင်ဆုကြေးအကျိုးခံစားခွင့်များ ပေးအပ်ရန်ပင် မော်ရင်ညိုက တောင်းဆိုခဲ့သေးသည်။ မန်ယူအသင်းအားပေးသူများသည် နည်းပြမော်ရင်ညို၏ခံစစ်အားပြုလွန်းသည့် ကစားဟန်ကို အလွန်အမင်း စိတ်ပျက်နေကြပြီဖြစ်ပြီး ယင်းအချက်ကလည်း မော်ရင်ညိုကို စာချုပ်သစ်လက်မှတ်ရေးထိုးရေးနှင့်စပ်လျဉ်း၍ မန်ယူအသင်းတာဝန်ရှိသူများ မဖြစ်မနေ စဉ်းစားကြရမည့်အချက်တစ်ခုအဖြစ် ရှိနေပြီဖြစ်သည်။ မန်ယူအသင်းတာဝန်ရှိသူများသည် လက်ရှိတွင် အသင်းအတွက် ကစားသမားသစ်များခေါ်ယူစုစည်းရန် မော်ရင်ညိုကို အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၃၀၀ ကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကာ မော်ရင်ညိုကမူ မန်ယူကို အလုံးစုံပြောင်းလဲရန်အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာကဲ့သို့ စိတ်ကြိုက်ငွေသုံးစွဲခွင့် အနိမ့်ဆုံးအဖြစ် တစ်ကြိမ်ရနိုင်ရန် လိုလားလျက်ရှိသည်။
Source : https://goo.gl/88imVk
via IFTTT
No comments:
Post a Comment