Saturday, January 20, 2018


ထိုင်း ဗိုလ်ချုပ်ကြီး ပရာဝစ်၏ နာရီအရှုပ်တော်ပုံ၌ ပတ်သက်သူများကို စစ်ဆေးမည် ထိုင်း ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် ဝတ်ဆင်သည့် အကောင်းစား လက်ပတ်နာရီ အရှုပ်တော်ပုံနှင့် ဆက်နွယ်နေသူ ၄ဦးကို အမျိုးသားအဆင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်(NACC)က စစ်ဆေးမေးမြန်းမည် ဖြစ်ကြောင်း Bangkok Post ကို ဆိုသည်။ ဗိုလ်ချုပ်ကြီး ပရာဝစ်သည် ဘတ်ငွေ ၃၉.၅ သန်းတန်ဖိုးရှိ အကောင်းစားနာရီ အနည်းဆုံး ၂၅လုံးကို ဝတ်ဆင်ခဲ့ကြောင်း အကျင့်ပျက်ခြစားမှုများနှင့် မတရားမှုများကို ဖော်ထုတ်ရေးသားသည့် CSI LA Facebook စာမျက်နှာက ရေးတင်လိုက်ပြီးနောက် ထိုသို့ ပြဿနာများဖြစ်လာခြင်းဖြစ်သည်။ CSI LA သည် ဗိုလ်ချုပ်ကြီး ပရာဝစ် ပွဲလမ်းသဘင်များတွင် ပတ်ခဲ့သည့် အကောင်းစား နာရီများနှင့် ပတ်သက်၍ တပုံချင်း စီ၏ တန်ဖိုးနှင့် တကွ ဖော်ပြခဲ့သလို တန်ဖိုးကြီးမားလှသည့် အကောင်းစား ပစ္စည်းများဖြင့် ၎င်းနေထိုင်သွားလာပုံများပါ အသေးစိတ် ဖော်ပြခဲ့ကာ အာဏာသိမ်းစစ်အစိုးရ၏ “အကိုတော်ကြီး” ဟုလည်း သရော်ထားသည်။ လက်ရှိတွင် ဗိုလ်ချုပ်ကြီး ပရာဝစ်မှာ မိမိပိုင်ဆိုင်မှုများကို ကြေညာခြင်းမရှိဘဲ စစ်တပ်မှ ပေးသည့် လစာနှင့် ဝယ်ယူနိုင်ခြင်းမရှိသည့် တန်ဖိုးကြီးမားသော လက်ပတ်နာရီများ ပိုင်ဆိုင်နေသဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ယင်း လက်ပတ်နာရီ အရှုပ်တော်ပုံနှင့် ပတ်သက်သူ ၄ဦးကို စစ်ဆေးမည့်နေ့ကို သတ်မှတ်လိုက်ပြီး၊ တဦးချင်းကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်(NACC) အဖွဲ့ ဥက္ကဋ္ဌ ရဲဗိုလ်ချုပ် ဝပ်ချာရာပို ပရာဆန်ရစ်ကစ်က ကြာသာပတေးနေ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။ သို့သော် ယခုစစ်ဆေးမည်ဟု ပြောသည့် ရဲဗိုလ်ချုပ် ဝပ်ချာရာပိုမှာ ဗိုလ်ချုပ်ကြီး ပရာဝစ်နှင့် ရင်းနှီးသူ သာမက လက်ထောက်တဦးလည်း ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ပရာဝစ် ၎င်းက ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်မှ ၎င်း၏အကောင်းစား လက်ပတ်နာရီနှင့် ပတ်သက်သည့် ရှင်းလင်းချက် စာ၂စောင်ကိုမူ ဖတ်ရခြင်းမရသေးဟုလည်း ဆက်ပြောသည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကာ နိုင်ငံရေးအရ အဆင့်မြင့် ရာထူးတာဝန်ယူထားသော်လည်း ဘတ် ၃ထောင်ကျော်သည့် မည်သည့် လက်ဆောင်ကိုမဆို လက်ခံထားခြင်း ရှိမရှိ စုံစမ်းအဖြေရှာနေကြောင်းလည်း ဆက်ပြောသည်။ ဗိုလ်ချုပ်ကြီး ပရာဝစ်ကမူ အဆိုပါ နာရီများသည် မိတ်ဆွေများထံမှ ငှားပတ်ခြင်းသာဖြစ်ကြောင်း၊ မကြာခဏ ထုတ်ပတ်ခြင်းမရှိဘဲ ရံဖန်ရံခါမှသာ ပတ်ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က အစိုးရ အိမ်တော်တွင် သတင်းထောက်များကို ရှင်းလင်းသည်။ ယခုအခါ နာရီများကို မူလပိုင်ရှင်များထံ လက်ထဲ ပြန်ပေးလိုက်ပြီဖြစ်ကြောင်းလည်း အခိုင်အမာ ပြော ကြားကာ NACC က သူ့ထံတွင် ချို့ယွင်းချက်တွေ့ရှိပါက ရာထူးမှနုတ်ထွက်ပေးရန် အဆင်သင့်ရှိ ကြောင်း တုံ့ပြန်လိုက်သည်။ သို့သော် ပြည်သူလူထုကမူ သူ့စောဒကကို ပြစ်တင်ဝေဖန်လျက်ရှိပြီး ရယ်စရာကောင်းသည်ဟု ဆိုကြသည်။ ထိုင်းစစ်တပ်အနေဖြင့်မူ ဗိုလ်ချုပ်ကြီးပရာဝပ်ကို ယုံကြည်ကိုးစားနေဆဲဖြစ်ပြီး ယခုပြဿနာကို ကျော်လွှားနိုင်မည်ဟု ယူဆထားကြောင်း တပ်မှူးချုပ် သန်ချိုင်ယန်စရီစူဝမ်က ပြောသည်။ ဤ အကြောင်းကို ဖော်ထုတ်ရေးသားသည့် CSILA သည် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ၂ဦး အပေါ် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးဆောင်ရွက်ချက် မမှန်ကန်မှုများကို ဖော်ထုတ်ရေးသည့် Facebook စာမျက်နှာဖြစ်သည်။ The post ထိုင်း ဗိုလ်ချုပ်ကြီး ပရာဝစ်၏ နာရီအရှုပ်တော်ပုံ၌ ပတ်သက်သူများကို စစ်ဆေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2rqN0dT
via IFTTT

No comments:

Post a Comment