ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ ၁။ အဆိုတော် ဇော်ဝင်းထွဋ်၏ ROCK n’ ROLL ခရီးသွားများ ဂီတဖျော်ဖြေပွဲကို ရန်ုကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel တွင် ၂၀.၁.၂၀၁၈ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၅ သောင်းကျပ်မှ ၈ သောင်းကျပ် အထိ သတ်မှတ်ထားပြီး Emperor Fan Club ၊ SNW ဆိုင်ခွဲများနှင့် မန်းသီရိတေးသံသွင်း တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၂။ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်သည့် နှင်းဆီနယ်နိမိတ် အငြိမ့်ကို မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံတွင် ၁၉.၁.၂၀၁၈ မှ ၂၀.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းကျပ်မှ ၁ သိန်းကျပ် အထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ တော်ဝင်စင်တာ ၊ A&T မုန့်တိုက် (ဓမ္မစေတီလမ်း) ၊ NOBODY (Yankin Center) ဆိုင် ၊ Country Home Café & Salon တို့တွင် ဝယ်ယူ ရရှိနိုင်ကြောင်းနှင့် ရရှိမည့် အကျိုးအမြတ်များ ကို ရခိုင်ဒေသအတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။ ၃။ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်လိဂ် ချန်ပီယံဆီရက်စ်အသင်း (Ceres Negros) နှင့် ယှဉ်ပြိုင် ကစားကြမည့် အေဖက်ဖ်စီချန်ပီယံလိဂ် ၂၀၁၈ ခြေစစ်ပွဲ (AFC Champions League 2018 Preliminary Stage) ကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ၁၆.၁.၂၀၁၈ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်း များကို ၁ ထောင်ကျပ်၊ ၂ ထောင်ကျပ် သတ်မှတ်ထားပြီး For-Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။ ၄။ အနုပညာရှင် ၁၅ ဦးပါဝင်မည့် Artisans Handmade and Craft Fair ကို ရန်ကုန်မြို့ Sule Square တွင် ၁၉.၁.၂၀၁၈ မှ ၂၁.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်တွေ့သရုပ်ပြ ဖန်တီးပြသခြင်း အစီအစဉ်၊ Body Painting နှင့် artist များ၏ လက်ရာအခု ၃၀ ကို ကံစမ်းမဲဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၅။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ဂျပန်ဖောင်ဒေးရှင်းတို့ စီစဉ်သည့် ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၊ နေပြည်တော် ရုပ်ရှင်ရုံတွင် ၁၉.၁.၂၀၁၈ မှ ၂၈.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဂျပန်ရုပ်ရှင်ဇာတ်ကားသစ် ၁၆ ကားကို ပြသသွားမည် ဖြစ်ပြီး ရုပ်ရှင်လက်မှတ်များကို ရုပ်ရှင်ကား မပြသမီ ၁ နာရီအတွင်း အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။ ၆။ ၂၉ ကြိမ်မြောက် ကံ့ကော်ရွာပန်းချီပြပွဲကို ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ Judson Center တွင် ၁၆.၁.၂၀၁၈ မှ ၂၀.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်မည်။ ပြပွဲတွင် ပန်းချီဆရာ ၄၀ ကျော်၏ မော်ဒန်ပန်းချီလက်ရာများကို ခံစားကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၇။ အိမ်ရှင်မတို့ အကြိုက် မီးဖိုချောင်သုံး ပစ္စည်းအထူးရောင်းချပွဲကြီးကို သာကေတမြို့နယ် Capital Hypermarket ၉.၁.၂၀၁၈ မှ ၂၂.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် အိမ်ရှင်မတို့စိတ်ကြိုက် ဖြစ်စေမည့် မီးဖိုချောင်သုံးပစ္စည်း အစုံအလင်ကို အထူးလျော့ဈေးများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၈။ ပန်းချီဆရာ ၅ ဦးပါဝင်မည့် Inner Art ပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်းရှိ Bo AungKyaw St Art Gallery တွင် ၂၀.၁.၂၀၁၈ မှ ၂၄.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မော်ဒန်ပန်းချီလက်ရာများနှင့် အင်စတော်လေးရှင်း လက်ရာများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၉။ ပန်းချီအောင်ဇော်၏ “Stains and Me” ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းတွင် ၁၃.၁.၂၀၁၇ မှ ၁၉.၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီအောင်ဇော်၏ ပန်းချီဖန်တီးမှု လက်ရာသစ်များကို ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၁၀။ ပန်းချီဆရာ ၅ ဦးပါဝင်မည့် A journey Through Modern Art ပန်းချီပြပွဲကို အောင်ဆန်းအားကစားကွင်း (မြောက်ဘက်) ရှိ Ok Art Gallery တွင် ၁၉.၁.၂၀၁၈ မှ ၂၅.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် မော်ဒန်ပန်းချီဆရာများ ဖြစ်သည့် အောင်မြင့်၊ အောင်ခိုင်၊ ကြီးမြင့်စော၊ မောင်သိဒ္ဓိ နှင့် စံမင်းတို့၏ မတူညီသော ပန်းချီလက်ရာများကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ The post ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2B3XE9Q
via IFTTT
No comments:
Post a Comment