ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ ၁။ နိုင်ငံရေး သမားများ ၊ အနုပညာရှင်များနှင့် အားကစားသမားများ ပါဝင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကြိုဆိုထောက်ခံ အထူးချစ်ကြည်ရေးဘောလုံးပွဲကို သုဝဏ္ဏအားကစားကွင်းတွင် ၂၇.၁.၂၀၁၈ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အနုပညာရှင်များ၊ အဆိုတော်များ၏ဖျော်ဖြေမှုများကိုနေ့လည် ၂ နာရီတွင် စတင်မည်ဖြစ်ပြီးဘောလုံးပွဲကိုညနေ ၅ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ၂။ ပြည်တွင်း၊ ပြည်ပ အတတ်ပညာရှင် ၅၀၀၀ ကျော်ပါဝင်မည့် BarCamp Yangon 2018 ကို ကမာရွတ်မြို့နယ် MICT Park တွင် ၂၇.၁.၂၀၁၈ မှ ၂၈.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပါဝင်ဆင်နွှဲလိုသူများ တက်ရောက်နိုင်ကြောင်း သိရသည်။ ၃။ ဓူဝံ အစားအသောက်ပွဲတော် ၂၀၁၈ (Duwun Food Carnival 2018) ကို ပြည်သူ့ရင်ပြင်တွင် ၂၇.၁.၂၀၁၈ မှ ၂၈.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် အနုပညာရှင်များ၏ ဖျော်ဖြေမှုများနှင့် အတူစားသောက်ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၄။ ထင်းရှားသည့် ပန်းချီဆရာများ ဖြစ်သည့် မောင်သြ၊ ဝင်းဇင်၊ ကောင်းစည်သူ၊ မိုးကျော်သန်း တို့၏ 4th Art Vindication Exhibition ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၂၅.၁.၂၀၁၈ ရက်နေ့မှ ၄.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ် သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီဆရာ ၄ ဦး၏ အနုပညာဖန်တီးမှု လက်ရာများကို ကြည့်ရှုခံစားရမည် ဖြစ်သည်။ ၅။ ပြည်ပ အနုပညာရှင်များပါ ပါဝင်မည့် OVERLOAD EDM Festival ကို Myanmar Plaza ရှိ FUSE Bar & Music Lounge တွင် ၂၈.၁.၂၀၁၈ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉၂၅၄၉၉၉၂၅၄ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၆။ ဂီတဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ပါဝင်မည့် &PROUD ရုပ်ရှင်ပွဲတော်ကို သခင်မြပန်းခြံတွင် ၂၇.၁.၂၀၁၈ မှ ၂၈.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်ကို အခမဲ့ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။ ၇။ မြန်မာနိုင်ငံ၏ ပထမဆုံး ရထားပေါ်မှ ပါတီပွဲ (party on the train) နေ့ချင်းပြန် ရန်ကုန်-ပဲခူးခရီးစဉ်ကို ၂၇.၁.၂၀၁၈ ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ၂၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉၄၅၁၀၁၀၇၈၉ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၈။ သစ္စာမေတ္တာ ရွှေမန်းသဘင်အဖွဲ့ကြီး၏ ဖျော်ဖြေတင်ဆက်မှုကို သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် ၂၇.၁.၂၀၁၈ မှ ၃၁.၁.၂၀၁၈ ရက်နေ့အထိ ကပြသွားမည် ဖြစ်သည်။ ဖျာ၊ ထိုင်ခုံ လက်မှတ်များကို ဖုန်းနံပါတ် ၀၉၄၂၀၀၇၃၁၃၇ နှင့် ၀၉၇၉၅၁၃၈၂၀၀ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၉။ ပန်းချီမင်းသားကြီး၏ ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းရှိ 43 Art Gallery တွင် ၂၇.၁.၂၀၁၈ မှ ၃၁.၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီမင်းသားကြီး၏သက်ငြိမ် အခရိုင်းလစ် ပန်းချီကားများ ပြသသွားမည် ဖြစ်ကြောင်းသိရသည်။ ၁၀။ ပန်းချီမင်းဇော်၏ Paper Works by Min Zawပန်းချီပြပွဲကိုမဟာဗန္ဓုလပန်းခြံလမ်းရှိ Studio Square Art Gallery တွင် ၂၀.၁.၂၀၁၇ မှ ၂၇.၁.၂၀၁၇ ရက်နေ့ထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် Paper Collage ပန်းချီကားများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ The post ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2DyAzCk
via IFTTT
No comments:
Post a Comment