Tuesday, January 16, 2018


မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော ကွယ်လွန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော(၆၈နှစ်) သည် ယနေ့မနက် ၁၂ နာရီခွဲ အချိန်က မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ၉၆ပါး ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။ ဦးစိုင်းကျော်ဇောမှာ လွန်ခဲ့သည့် နှစ်ပတ်ခန့် မှစ၍ ဦးနှောက်၊ အာရုံကြောရောဂါဖြင့် ဆေးကုသမှုခံယူ နေရာ ယနေ့နံနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ကြွင်းကျန်ရုပ်ကလာပ်အား ယနေ့နေ့လည် ၃ နာရီ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင် သဂြိုဟ်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က “ကျရာတာဝန်ကို ကျေကျေပွန်ပွန်ဆောင်ရွက်တဲ့၊ အရမ်းတော်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးပါ။ သူအခုလို ဆုံးပါးသွားတာ ကျနော်တို့ တိုင်းအတွက် အင်မတန်နစ်နာရသလို ကျန်ရစ်တဲ့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်း ကြရပါတယ်” ဟု ဧရာဝတီကို ပြောသည်။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦး ဖြစ်ပြီး ယခင်က ကွန်ပျုတာလုပ်ငန်းရှင်တစ်ဦးဖြစ်ရာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်ဖြစ်လာသည့်အခါ တိုင်းရင်းသား ရေးရာကဏ္ဍသာမက E-government လုပ်ငန်းစဉ်များ၊ ရှေးဟောင်းယဉ်ကျေးမှုနှင့် ဆက်စပ်သည့် တာဝန် များကိုလည်း ထမ်းဆောင်နေသူဖြစ်သည်။ ၎င်း၏တာဝန်များအား ကျန်ရှိအစိုးရအဖွဲ့များက ယာယီခွဲဝေထမ်းဆောင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မတီရှင်က စီမံခန့်ခွဲကာ ကြားဖြတ်ရွေးကောက်ပွဲစီစဉ်ပြီးမှသာ ဝန်ကြီးအသစ်အစားထိုးသွားမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ သတင်းရရှိသည်။ မန္တလေး အခြေစိုက် ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုး သတင်းပေးပို့သည်။ The post မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော ကွယ်လွန် appeared first on ဧရာဝတီ.
Source : http://ift.tt/2Dfx57L
via IFTTT

No comments:

Post a Comment