Wednesday, January 17, 2018


ဖြိုးကိုကိုတင့်ဆန်း အမှုများ ပေါင်းစစ်ရန် သင့်၊ မသင့် လာမည့် ရုံးချိန်းတွင် ဆုံးဖြတ်မည် လက်နက်များ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ တရားစွဲခံထားရသည့် (ဦး) ဖြိုးကိုကိုတင့်ဆန်း၏ အမှုများကို ပေါင်း၍ စစ်ဆေးရန် သင့်/ မသင့်ကို လာမည့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်မည့် ရုံးချိန်းတွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားသူကြီး ဦးလှဝင်းက ယနေ့ တရားခွင်တွင် ပြောကြားသည်။ “တရားရုံးက အမှုစစ်ဆေးဖို့ လွယ်ကူဖို့အတွက် ၂ ဖက် တင်ပြချက်တွေအပေါ်မှာ အမှုပေါင်း စစ်သင့်/ မစစ်သင့်ကို နောက်တပတ်ရုံးချိန်း မှာ ဆုံးဖြတ်မယ်။ အခု အမှုတွေကို ပေါင်းခိုင်းတာက စွဲချက်တွေကို ပေါင်းခိုင်းတာ မဟုတ်ဘူး။ ဒီလိုတွေ ပေါင်းလို့ အမှုသွား၊ အမှုလာ နဲ့လည်း လုံးဝ မသက်ဆိုင်ပါဘူး”ဟု ဦးလှဝင်းက ပြောသည်။ ယနေ့ ရုံးချိန်းတွင် တရားခံ ရှေ့နေများက အမှုများကို ပူးပေါင်း စစ်ဆေးပေးရန် တင်ပြခဲ့သော်လည်း တရားလို ခရိုင် ဥပဒေ အရာရှိကမူ နိုင်ငံတော် လျှို့ ဝှက်ချက် ဥပဒေ ပုဒ်မမှ လွဲ၍ ကျန်ပုဒ်မများကို ပူးပေါင်းစစ်ဆေးပါက အမှုများ ပျက်ပြယ်နိုင်၍ မစစ်သင့်ကြောင်း တင်ပြ ခဲ့ကြောင်း တွေ့ရသည်။ တရားခံရှေ့နေများကမူ မူးယစ်ဆေးဝါးမှု ၂ မှု၊ လက်နက်ဥပဒေပုဒ်မ ၂ ခု၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၂ ခုတို့ကို ပူးပေါင်း စစ်ဆေးပေး ရန် တင်ပြခဲ့ကြောင်း၊ ဆက်သွယ်ရေး ဥပဒေဖြင့် အရေးယူထားခြင်းမှာ စကားပြောစက်များ ဖမ်းဆီးမိ၍ ဖြစ်ကြောင်း ဒက္ခိဏခရိုင် တရားရုံးမှ ပြန်ကြားရေး အရာရှိ ဦးခင်မောင်ထွေးက ပြောသည်။ ၎င်းက “ခရိုင်တရားသူကြီးက မှာတာကတော့ ကျင့်ထုံးအရ အမှုစစ်ဆေးတဲ့ နေရာမှာ လွယ်ကူဖို့ရယ်၊ အမှုကို ဆောင်ရွက်တဲ့ နေရာမှာ အဆင်ပြေ ချောမွေ့ဖို့ရယ် ပေါင်းပြီးစစ်တာ။ သူတို့ရဲ့ စွဲချက်ကြီးကို ပယ်ဖျက်တာ မဟုတ်ဘူး။ နောက်တချိန်းကျရင်တော့ ဒီဟာကို အမိန့်ချ မယ်။ နောက်တချိန်းမှာ ဒုရဲမှူး မောင်မောင်စိုးရယ်၊ ရဲမှူး ဌေးအောင်ရယ် ၂ ယောက်ကို စစ်ဖို့အတွက် ချိန်းပါတယ်”ဟု ပြောသည်။ ယနေ့ ရုံးချိန်းတွင် ဦးဖြိုးကိုကိုတင့်ဆန်းကို အခြားသူ ၇ ဦးနှင့်အတူ ရုံးထုတ် စစ်ဆေးခဲ့သည်။ တရားခံဟု စွပ်စွဲခံရသူများ၏ မိသားစုတချို့လည်း ရုံးချိန်းသို့ လာရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက နေပြည်တော် လေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်း နှင့် ACE ဟိုတယ်မှ အခြား အမျိုးသား၂ ဦးတို့ကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရာမှ စတင် အရေးယူခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်ရှိ ဦးဖြိုးကိုကိုတင့်ဆန်း၏ ဟိုတယ်၊ ရန်ကုန်မြို့ရှိ ACE ရုံးတို့ကိုပါ ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာလူ ၁၅ ဦးကို ပုဒ်မပေါင်း ၁၇ ခုဖြင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။ နေပြည်တော်တွင် စစ်ဆေးသော အမှုမှာ ၁၂ မှု ဖြစ်ကြောင်း၊ ဦးဖြိုးကိုကိုတင့်ဆန်းသည် အမှုတွဲ များလွန်းသဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေပြည်တော် ဒက္ခိဏခရိုင် တရား ရုံး တွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ The post ဖြိုးကိုကိုတင့်ဆန်း အမှုများ ပေါင်းစစ်ရန် သင့်၊ မသင့် လာမည့် ရုံးချိန်းတွင် ဆုံးဖြတ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2mIkRtg
via IFTTT

No comments:

Post a Comment