Tuesday, January 23, 2018


Reuters သတင်းထောက် ၂ ဦး မီဒီယာဥပဒေနှင့် အညီ သတင်းရယူခဲ့ဟု တရားလို ဒုရဲမှူးကြီး ထွက်ဆို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် Reuters သတင်းထောက် ၂ ဦး အနေဖြင့် သတင်း မီဒီယာ ဥပဒေနှင့်အညီ သတင်းရယူခဲ့သည်ကို သိရှိကြောင်း တရားလိုဖြစ်သူ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ယုနိုင် က တတိယ အကြိမ်မြောက် ယနေ့ ရုံးချိန်းတွင် ထွက်ဆိုလိုက်သည်။ ဒုရဲမှူးကြီး ယုနိုင်က “သူတို့နှစ်ဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုဖို့ နိုင်ငံတော် သမ္မတ ရုံး ကို တင်ပြခဲ့မှုကို ဦးမြင့်ဆွေ (ခေတ္တ နိုင်ငံတော် သမ္မတ) အမိန့်အရ သမ္မတရုံး ညွန်ကြားရေးမှူးက လက်မှတ်ရေးထိုး ပြီး ခွင့်ပြုလို့ အခုလို တရားစွဲခဲ့တာပါ”ဟုလည်း တရားခွင်အတွင်း ပြောဆိုသည်။ သတင်းထောက်နှစ်ဦးထံမှ မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အပြီး ကျန်ရှိသည့် လူ၊ လက်နက်၊ ခဲယမ်း အစီရင် ခံစာ မိတ္တူ တစောင်၊ အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အစီအရင်ခံစာ အသေးစိတ် တစောင် နှင့် ကျေးရွာများ မီးလောင်မှု အခြေအနေ၊ လုံခြုံရေး ရဲကင်းများ တည်နေရာပြ အစီအရင်ခံစာများ ဖမ်းမိ ထားကြောင်းလည်း တရားလို ဒုရဲမှူးကြီးက မြောက်ပိုင်း ခရိုင် တရားရုံးတွင် ထွက်ဆိုခဲ့သည်။ သမ္မတရုံး ခွင့်ပြုချက်နှင့်ပတ်သက်၍ သတင်းထောက်နှစ်ဦးအား ဖမ်းဆီးပြီး တနာရီခန့်အတွင်းမှာပင် တင်ပြမည့် စာရွက် စာတမ်းများ အဆင့်သင့် ဖြစ်နေခြင်းဖြစ်ကြောင်း သတင်းထောက်နှစ်ဦး ၏ ရှေ့နေ ဦးသန်းဇော်အောင် က ပြောသည်။ ဖမ်းဆီးမှုတွင် တရားရုံးသို့ ရဲတပ်ဖွဲ့၏အမှုတွဲ တင်ပြထားမှုနှင့် သတင်းထောက်နှစ်ဦး၏ ပြောဆိုချက်များ ကွဲလွဲမှု ရှိနေ သည့်အပေါ် စွပ်စွဲခံရသူများ၏ရှေ့နေ ဦးသန်းဇော်အောင်က တရားခွင်အတွင်း ထောက်ပြ မေးမြန်းခဲ့သော်လည်း တရားလို ဒုရဲမှူးကြီးအနေဖြင့် ဖမ်းဆီးချိန်တွင် ၎င်းကိုယ်တိုင် မပါရှိခဲ့သည့်အတွက် မသိရှိကြောင်း ဖြေကြားခဲ့သည်။ ဖမ်းဆီးခံ သတင်းထောက် တဦးဖြစ်သူ ကိုဝလုံးက “ကျင့်ဝတ် ချိုးဖောက်ခဲ့တာမရှိလို့ ဒီအမှုနဲ့ပတ်သက်လို့ ကျနော်တို့ တုန်လှုပ်မှု မရှိပါဘူး၊ တရားရုံးတော်ကလည်း ကျနော်တို့အမှုနဲ့ ပတ်သက်ပြီး တရားဥပဒေအတိုင်း မျှမျှတတ စီရင် ဆုံးဖြတ် လိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ တရားမျှတမှုကိုလည်း ကျနော်တို့အလိုရှိပါတယ်”ဟု ပြောသည်။ တရားလိုသက်သေ ၂၅ ဦးစာရင်းတွင် ပါဝင်သည့် ဒုရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့ကို သတင်း ထောက် နှစ်ဦးနှင့် ပါဝင် ပတ်သက်သည်ဟု ဆိုကာ အရေးယူမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း သတင်း ထောက်နှစ်ဦးအား ဖမ်းဆီခဲ့သည့် အနေရာနှင့် အမှတ် ၈ ရဲတပ်ရင်း တည်ရှိရာ မြောက်ပိုင်းခရိုင် အတွင်း အရေးယူ ထားခြင်း မရှိကြောင်း တရားလို မြောက်ပိုင်းခရိုင် ရဲမှူးက ပြောဆိုသည်။ ယနေ့ ရုံးချိန်းတွင် သတင်းထောက်နှစ်ဦး၏ အာမခံလျှောက်ထားမှုနှင့် ပတ်သက်၍ လျှောက်လှဲချက်ပေးခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ ရုံးချိန်းတွင် အာမခံပေး မပေး ဆုံးဖြတ်ဖွယ် ရှိကြောင်း သတင်းထောက် နှစ်ဦး၏ ရှေ့နေ တဦးဖြစ်သည့် ဦးခင်မောင်ဇော်က ပြောသည်။ ဖမ်းဆီးခံ Reuters သတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့အနေဖြင့် မောင်တော တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးနင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် နေ့ ညပိုင်းက သွားရောက်တွေ့ဆုံပြီး အပြန်တွင် ရခိုင်အရေး လုံခြုံရေး စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိ သည်ဟုဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ယနေ့ ညနေပိုင်းကလည်း မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ(PCMJ) မှ ဦးဆောင်ကာ ကမာရွတ် မြို့နယ် လည်းတန်းလမ်းဆုံတွင် ဖမ်းဆီးခံထားရသည့် သတင်းသမားနှစ်အား ပြန်လွတ်ပေးရေးနှင့် သတင်း လွတ်လပ် ခွင့် ဆုံးရှုံး နေသည့် အခြေအနေများကို ပြည်သူထံ အသိပေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ The post Reuters သတင်းထောက် ၂ ဦး မီဒီယာဥပဒေနှင့် အညီ သတင်းရယူခဲ့ဟု တရားလို ဒုရဲမှူးကြီး ထွက်ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2n3Ps4A
via IFTTT

No comments:

Post a Comment