Monday, January 22, 2018

The Speaker

ခရီးသွားရသည့် နိုင်ငံ့ဝန်ထမ်းများ တစ်ရက်စားစရိတ် ကျပ် ၅၀၀ သာရ၍ လွှတ်တော်တွင် မေးခွန်းထုတ် သဉ္ဇာထွန်း အစိုးရဝန်ထမ်းများ ဌာနတွင်း သင်တန်းများ၊ အခြားသင်တန်းများ တက်ရောက်ရန်အတွက် ညအိပ်ညနေ ခရီးသွားရသည့်အခါ တည်ဆဲ စားစရိတ် နှုန်းထားများအရ တစ်ရက် ကျပ် ၅၀၀ နှုန်းသာ ခွင့်ပြုပေးနေခြင်းသည် လက်ရှိ ကုန်ဈေးနှုန်းနှင့် ကိုက်ညီမှု မရှိသဖြင့် တိုးမြင့် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတခုကို လှိုင်းဘွဲ့မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ဇန်နဝါရီ ၂၂ ရက်နေ့က လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။ “တစ်ရက် ကျပ် ၅၀၀ နှုန်းသာ ခံစားခွင့် ရှိတဲ့အတွက် သင်တန်းကာလ ကြာလာတဲ့အခါ စားစရိတ်တွေက လက်ရှိ ကုန်ဈေးနှုန်းနဲ့ ရရှိတဲ့ စားသောက်စရိတ်က မျှတမှု မရှိလို့ အခက်အခဲတွေ အများကြီး ဖြစ်နေကြပါတယ်။ အဲဒါကြောင့် တိုးပေးဖို့ အစီအစဉ် ရှိ/မရှိ၊ မရှိရင်လည်း ဘာကြောင့်၊ ရှိရင်လည်း ဘယ်နှုန်းလောက်အထိ တိုးပေးမလဲဆိုတာ သိလိုပါတယ်”ဟု ဦးခင်ချိုက ပြောသည်။ လွှတ်တော် ကိုယ်စားလှယ်၏ မေးမြန်းချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြန်လည် ဖြေကြားရာတွင် လက်ရှိ ကုန်ဈေးနှုန်းနှင့် မျှတသည့်နှုန်းသို့ တိုးမြင့်ပေးနိုင်ရန် ခရီးသွားနေ့တွက် စရိတ်နှင့် နှိုင်းယှဉ်ချိန်ဆ၍ ဦးစွာ သုံးသပ်ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများ၏ သဘောထား ရယူပြီးနောက် အစိုးရအဖွဲ့သို့ အဆိုပြုကာ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက် ဆောင်ရွက်ပေးမည်ဟု သိရသည်။ “မိမိ ရုံးစိုက်ရာ ဒေသမှ အခြားဒေသတခုကို ညအိပ်ညနက် သင်တန်း တက်ရောက်ရတဲ့ သင်တန်းသားတွေအတွက် သင်တန်း စားသောက်စရိတ်ကို ခေတ်ကာလနဲ့ လျော်ညီအောင် တိုးမြင့်ပေးဖို့ စဉ်းစားသင့်ပါကြောင်းနဲ့ ဌာနအားလုံးအတွက် တစ်ပြေးညီဖြစ်စေရန် ဆောင်ရွက်ပေးသင့်ပါကြောင်း သုံးသပ်ရရှိပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ နိုင်ငံတော်မှ စားသောက်စရိတ်များ သတ်မှတ်ခဲ့ရာတွင် ၁၉၈၉ ခုနှစ်တွင် နေ့တွက်စားရိတ်မှာ တစ်ရက် ၁၅ ကျပ်၊ စားသောက်စရိတ်မှာ တစ်ရက်လျှင် ၈ ကျပ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ရက် ၁၇၀၀ ကျပ်၊ စားစရိတ် ၅၀၀ ကျပ်နှင့် လက်ရှိတွင် ခရီးသွား စရိတ်ကို ကျပ် ၃၀၀၀ သတ်မှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။
Source : http://ift.tt/2DuByDn
via IFTTT

No comments:

Post a Comment