ရခိုင်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ USDP ဖွဲ့စည်းမည် ဘင်္ဂလားဒေ့ရှှနိုင်ငံကနေ ပြန်လာမယ့်သူတွေကို လက်ခံမယ့် လုပ်ငန်းစဉ်ကို ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းပြီး စောင့်ကြည့်သွားမယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒီနေ့ ပြောပါတယ်။ ရခိုင်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို မကြာခင် ဖွဲ့စည်းသွားမယ်လို့ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။ အဲဒီအဖွဲ့မှာ ဒေသခံရပ်မိရပ်ဖတွေ၊ ပါတီဝင်တွေနဲ့ အတွေ့အကြုံရှိတဲ့ ပါတီဝင်တွေ ပါဝင်သွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုပြန်လာမယ့် ဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က လက်ခံဖို့အဆင်သင့်ဖြစ်နေပြီး ပြန်လည်လက်ခံမယ့် အရေအတွက်ကိုတော့ ကန့်သတ်ထားတာမရှိဘူးလို့ ပြောထားပါတယ်။ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို မနေ့က စတင်နေပြီဖြစ်ပြီး ဒီနေ့ ဒုတိယမြောက်နေ့အထိ ဘင်္ဂလားဒေ့ရှဘက်ကနေ ပြန်လာသူတွေ မရှိသေးပါဘူး။
Source : http://ift.tt/2DBqVyG
via IFTTT
No comments:
Post a Comment