Monday, January 15, 2018

7Day News Journal

ဖြူးငလျင်ဟု လူသိများ သော ပဲခူးရိုးမအတွင်း ဗဟိုပြုလှုပ်ရှားခဲ့သည့် ငလျင်ကို ပြည်ပဘူမိ ဗေဒကျွမ်းကျင်ပညာရှင်များနှင့် မြန်မာပညာရှင်များက သွားရောက်လေ့လာမည်ဖြစ်ပြီး တွေ့ရှိချက် များကို သတင်းထုတ်ပြန်ရန် စီစဥ်နေသည်။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ၏ အနောက်-အနောက်တောင် ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု ၍ အင်အားရစ်ချ်တာစကေး ၆ အဆင့်ရှိ ငလျင်သည် ဇန်နဝါရီ ၁၂ ရက် နံနက် ၁ နာရီခန့်က လှုပ်ခတ်ပြီးနောက် ဖြူးမြို့ပတ်ဝန်း ကျင်တွင် နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေ၍ ဘူမိဗေဒပညာရှင်များက သွား ရောက်လေ့လာရန် ပြင်ဆင်ခြင်း ဖြစ်သည်။ ဖြူးငလျင် လှုပ်ခတ်ပြီး နောက် ဖြူးမြို့ပတ်ဝန်းကျင်တွင် နောက်ဆက်တွဲငလျင်များ မကြာ ခဏလှုပ်နေပြီး သုံးရက်အတွင်း အင်အားအသင့်အတင့်ရှိ မြေင လျင် ကိုးကြိမ်တိုင် လှုပ်ခတ်ခဲ့ သည်။ ‘‘ငလျင်လှုပ်တဲ့ ပတ်ဝန်း ကျင်ကို သွားလေ့လာမယ်။ ငလျင်ဗဟိုရှိတာက အနောက် ပဲခူးရိုးမ ပြတ်ရွေ့ဆိုတော့ အဲဒီပတ်ဝန်း ကျင်ကို လေ့လာမယ်။ ကျွန်တော် တို့မှန်းထားတာတော့ ဇန်နဝါရီ ၁၉ ရက်လောက်အထိ ကွင်းဆင်း လေ့လာမယ်။ နောက်တစ်ပတ် လောက်ဆိုရင်တော့ ဒီငလျင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အ လက်တချို့ရနိုင်ပါတယ်’’ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့် က ပြောသည်။ မြေပြင်ကွင်းဆင်းလေ့လာ ရာတွင် စင်ကာပူကမ္ဘာမြေစောင့် ကြည့်လေ့လာရေးအဖွဲ့ (EOS) မှ ဘူမိဗေဒပညာရှင်များနှင့် မြန်မာ နိုင်ငံမြေငလျင်ကော်မတီမှ ဘူမိ ဗေဒပညာရှင်များ၊ တက္ကသိုလ်အ ချို့မှ ဘူမိဗေဒကျောင်းသားများ လိုက်ပါမည်ဟု ဒေါက်တာ မျိုး သန့်က ပြောသည်။ ဖြူးငလျင်ကို သွားရောက် လေ့လာရန် အပါအဝင် ငလျင်နှင့် ပတ်သက်သော ထူးခြားမှုချက် သိရှိနိုင်ရန် မြန်မာနိုင်ငံမြေငလျင်ကော်မတီ တာဝန်ရှိသူများ ဇန်နဝါရီ ၁၃ ရက်တွင် ဆွေးနွေးခဲ့သည်။ ဖြူးငလျင်လှုပ်ပြီးနောက် ဖြူးမြို့ဝန်းကျင်တွင် ရစ်ချ်တာစကေး ၄ မှ ၆ ကြား အင်အား အသင့်အတင့်ရှိိ နောက်ဆက်တွဲ မြေငလျင်များ ယမန်နေ့အထိ ၁ဝ ကြိမ်လှုပ်ခတ်ခဲ့​၍ ဒေသခံများက စိုးရိမ်နေသည်။ ယင်းငလျင်သည် ပဲခူးရိုးမအ နောက်ဘက်တွင် ဗဟိုပြုကာ မြေအနက် ၁ဝ ကီလိုမီတာခန့်၌လှုပ်ခတ်ခဲ့သော တွန်းတင်ပြတ် ရွေ့တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီနာယက ဘူမိဗေဒပညာရှင် ဒေါက်တာကျော် ထွန်းက ပြောသည်။
Source : http://ift.tt/2mGkEHP
via IFTTT

No comments:

Post a Comment