Monday, January 15, 2018


ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းခြေဒေသတွင် နေရာချထားပေးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီ ကြေညာချက် ထုတ်ပြန် ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းခြေဒေသတွင် နေရာချထားပေးခြင်းကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီက ဇန်နဝါရီလ ၁၅ ရက် (ယနေ့)နေ့လယ်ပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန် ထားသည်။ အဆိုပါကြေညာချက်တွင် - ၂၀၁၇၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားကြသည့် ဘင်္ဂါလီများအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်အရ ၂၀၁၈၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှစ၍ စနစ်တကျ လက်ခံမှုများ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား မူလနေရာ (သို့) မူလနေရာနှင့် အနီးဆုံး နေရာများတွင် ပြန်လည် နေရာချထားမည် ဖြစ်ကြောင်းကိုလည်း ကြားသိရကြောင်းဖြစ် ပါရှိပြီး ယင်းသို့ ပြန်လည်လက်ခံ နေရာချထားရေး နှင့် ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ၏ သဘောထားအဖြစ် - တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြ သူများထဲတွင် ဖြစ်ပျက်ခဲ့ပြီးသော အကြမ်းဖက်မှုများအား စနစ်တကျ စီမံအကွက်ချ ကြိုးကိုင်ကာ ပြုလုပ်ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမား လေးထောင်ကျော် ပါဝင်နေသည်ဆိုသော ကိစ္စနှင့်စပ်လျဉ်း၍ အဆိုပါ အကြမ်းဖက်သမားများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရမှ ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရန် လိုအပ်ပါသည်။ ပြန်လည်နေရာချထားရန် စီစဉ်ထားသည့် မောင်တောမြို့နယ် တောင်ပိုင်းသည် ပင်လယ်ကမ်းခြေ ဒေသဖြစ်သည့် အားလျော်စွာ အကြမ်းဖက်သမားများ အလွယ်တကူ ဝင်ရောက် နိုင်သော နေရာများ ဖြစ်သကဲ့သို့ အကြမ်းဖက်မှု ကျူးလွန်ပြီး နောက်တွင်လည်း အလွယ်တကူ ထွက်ပြေးတိမ်းရှောင်မှု ပြုနိုင်သော နေရာများ ဖြစ်ခြင်းကြောင့် နိုင်ငံတော် လုံခြုံရေးကို အဓိက အလေးထား ရမည်ဖြစ်ရာ ထိုဒေသ၌ ပြန်လည်နေရာချထားမည် ဆိုသော အစီအစဉ်ကို ကျွန်ုပ်တို့ပါတီမှ ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါသည်ဟု သဘောထားကြေညာချက် ထုတ်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသား များ နေထိုင်ရာ ရပ်ရွာများအတွင်း ဘေးကင်းလုံခြုံပြီး အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး လွတ်လပ်စွာ သွားလာလှုပ်ရှားပြီး ကူးသန်းရောင်းဝယ်မှု ပြုလုပ်နိုင်ကြရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရမည့်အပြင် လုံခြုံရေးတပ်စခန်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက အလွယ်တကူ အန္တရာယ်မပြုနိုင်သော နေရာချထားမှုများ ပြုလုပ်ပေးပါရန်လည်း ရခိုင်အမျိုးသား ပါတီက တိုက်တွန်းထားသည်။ The Ladies News
Source : http://ift.tt/2D5ZyIO
via IFTTT

No comments:

Post a Comment