Friday, January 19, 2018

7Day News Journal

သတင်းရယူပိုင်ခွင့်ကို ဦးစားပေး ဆောင်ရွက်မည်ဟု ပြန်ကြားရေးဒုဝန်ကြီးသစ် ပြော သတင်းလွတ် လပ်ခွင့်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များစွာရှိပြီး အရေးကြီးဦးစားပေးအဖြစ် သတင်း အချက်အလက်ရရှိပိုင်ခွင့်ကို ပိုမို ကောင်းမွန်အောင်ဆောင်ရွက် မည်ဟု ပြန်ကြားရေးဒုဝန်ကြီးသစ် ဦးအောင်လှထွန်းက ပြောသည်။ ‘‘လောလောဆယ် ကျွန် တော်ပြောချင်တာက သတင်းအ ချက်အလက်ရရှိပိုင်ခွင့်ပိုပြီးတော့ ကောင်းမွန်အောင်လုပ်မယ်။ ဒါ ကလည်း ချက်ချင်းတော့ ဖြစ်လာ မှာမဟုတ်ဘူးနော်။ တဖြည်းဖြည်း ပေါ့။ အရေးကြီးတာတော့ အရင် ဦးစားပေးလုပ်ရမှာပေါ့’’ ဟု ၎င်းကဆိုသည်။ ယင်းသို့ ဆောင်ရွက်ရန် စတင်လေ့လာနေပြီဟု ဇန်နဝါရီ ၁၈ ရက်ကနေပြည်တော်ရှိ မင်္ဂ လာသီရိဟိုတယ်တွင် ပြုလုပ် သည့် တိုင်းရင်းသားလူမျိုးများစဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်၌ မီဒီယာများ၏မေးမြန်းမှုကို ဦးအောင်လှထွန်းက ပြန်လည် ဖြေကြားခဲ့သည်။ ၎င်းက အင်တာဗျူးဖြေနေ စဉ်အတွင်း မီဒီယာများကိုပြန် လည်မေးခွန်းထုတ်ခဲ့သေးသည်။ ‘‘အဓိကကတော့ ဘာ ပြဿနာရှိလဲပြော။ မီဒီယာသမား ကြီးတွေကို ကျွန်တော်ပြန်မေး မယ်။ မီဒီယာသမားတွေ အခု လောလောဆယ်ဘာဖြစ်ချင်လဲ’’ ဟု ၎င်းက ဆိုသည်။ ထို့အပြင် ရှေ့ဆက်ဆောင် ရွက်မည့်ကိစ္စရပ်များ၊ လတ်တ လော ဖြစ်ပျက်နေသည့်ကိစ္စရပ် များနှင့်ပတ်သက်၍ မေးမြန်းမှု အပေါ် ၎င်းဒုဝန်ကြီးမဖြစ်ခင်က ပြောဆိုဆောင်ရွက်မှုများနှင့် သမိုင်းဖြတ်သန်းမှုများကို ပြန်ကြည့်လျှင်သိနိုင်သည်ဟု ဥပမာပေးဖြေကြားခဲ့သည်။ ၎င်းအနေဖြင့် ဌာနအတွင်း နေသားတကျဖြစ်ပါက မီဒီယာများနှင့် ဆက်သွယ်ရမည့်လိုင်းတစ်ခုကို ပြုလုပ်ပေးမည်ဟု ဒုဝန်ကြီးက ပြောကြားသည်။ ယခင် MPC (မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ)ဒုဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သော ဦး အောင်လှထွန်းကို ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ခန့် အပ်ကြောင်း နိုင်ငံတော်သမ္မတရုံး က ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် ထုတ် ပြန်ကြေညာခဲ့သည်။ ပြန်ကြားရေးဒုဝန်ကြီးအဖြစ် တရားဝင်ခန့်အပ်ခံရပြီး သုံးရက်အကြာ မီဒီယာများက ယခုကဲ့သို့ပထမဆုံးအကြိမ် တွေ့ဆုံမေး မြန်းခွင့်ရရှိခဲ့သည်။
Source : http://ift.tt/2BfAcGI
via IFTTT

No comments:

Post a Comment