Sunday, January 21, 2018

7Day News Journal

မြန်မာနိုင်ငံ မြေငလျင်ကော် မတီမှ ဘူမိဗေဒပညာရှင်များနှင့် စင်ကာပူနိုင်ငံ နန်ယန်တက္ကသိုလ် မှ မြေငလျင်ပညာရှင်တစ်ဦးအပါ အဝင် ဌာနဆိုင်ရာတာဝန်ရှိသူအ ချို့သည် နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ကံလှကျေးရွာဟောင်းအ နီး ကြာကန်၏ အရှေ့ဘက်နှင့် ငွေလျှံကုန်းကျေးရွာအနီး လယ် မြေနေရာများတွင် ကွင်းဆင်းလေ့ လာနေသည်။ ‘‘အဓိကကတော့ အတိတ် ကာလက ငလျင်လှုပ်ရှားမှုတွေ ကို လေ့လာတာ။ အတိတ်က ငလျင်ဘယ်နှကြိမ်လှုပ်ခဲ့လဲ။ ပြင်း အား ဘယ်လောက်များလဲဆိုတာ ကို လေ့လာတယ်။ အတိတ်ငလျင်သမိုင်းကို သိမှ အနာဂတ်မှာ ဘယ်လိုလှုပ်နိုင်ခြေရှိလဲဆိုတာကို ခန့် မှန်းလို့ ရတာကိုး’’ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုဥက္ကဋ္ဌဒေါက်တာမျိုးသန့်ကပြောသည်။ လယ်မြေပေါ်တွင် အကျယ် လေးပေ၊ အနက် ငါးပေခန့်နှင့် အလျား ပေ ၄ဝ ခန့် တူးမြောင်းများ တူးကာ လေ့လာခဲ့သည်။ စတင် တူးစဥ်က စက်ယန္တရားအကူအညီ ဖြင့် တူးခဲ့ပြီး လေ့လာရမည့်နေရာ တွင် ဘူမိဗေဒပညာရှင်များကိုယ် တိုင် ဆက်လက်တူးဖော်ခဲ့သည် ဟု လေ့လာမှုတွင်ပါဝင်သည့် ပညာရှင်များက ပြောသည်။ ‘‘ငလျင်တိုင်းတာစက်တွေ စပေါ်တဲ့ ၁၉၆၄ နောက်ပိုင်းကစ ပြီး နေပြည်တော်၊ မိတ္ထီလာနဲ့ ကျောက်ဆည်ကြားထဲမှာ ဒီပြတ် ရွေ့မှာ ငလျင်လှုပ်တဲ့ မှတ်တမ်း မရှိတဲ့အတွက်ကြောင့် ငလျင်မလှုပ်တဲ့နေရာလား၊ သက်တမ်းအ ကြာကြီးနေမှ တစ်ကြိမ်လှုပ်တဲ့ နေရာလားဆိုတာ သိအောင် လေ့ လာတာ။ ငလျင်ပြတ်ရွေ့ဖြစ်နိုင်တဲ့ နေရာကို ကန့်လန့်ဖြတ် တူး မြောင်းကြီးတူးပြီး လေ့လာတာ’’ ဟု ကွင်းဆင်းလေ့လာမှုတွင်လိုက် ပါခဲ့သည့် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော် မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသူရထွန်းက ပြောသည်။ မြေပြင်ကွင်းဆင်းလေ့လာမှု ကို ဇန်နဝါရီ ၁၂ ရက်မှစတင်ပြီး ယနေ့(ဇန်နဝါရီ ၂၁ ရက်)တွင် အ ဆုံးသတ်မည်ဖြစ်သည်။ တွေ့ရှိ သော မြေလွှာအထောက်အထား များကို ပြည်ပနိုင်ငံတစ်ခုသို့ ပို့ ၍ စမ်းသပ်စစ်ဆေးမည်ဖြစ်ပြီး အဖြေကို နောင်သုံးလခန့်ကြာမှ သိရှိနိုင်မည်ဖြစ်သည်။ ‘‘ပြတ်ရွေ့နဲ့ ဆက်စပ်တဲ့နေရာ လေးနေရာလောက် တွေ့တယ်။ ဒါတွေရဲ့ သက်တမ်းကို သိရပြီး အဖြေရပြီဆိုရင် ငလျင်က နှစ်တစ်ရာမှာ တစ်ခါလှုပ်တာ လား၊ နှစ် နှစ်ရာမှာ တစ်ခါလှုပ်တာလား၊ နှစ်သုံးရာမှာ တစ်ခါလှုပ်တာလားဆိုတာ သိရပြီ’’ဟု ဦးစိုးသူရထွန်းက ပြောသည်။ ဇန်နဝါရီ ၂ဝ ရက်က လေ့လာမှုတွင် မြေပြင်အခြေအနေကို ဒရုန်းအသုံးပြု၍ ကောင်းကင် ဓာတ်ပုံရိုက်ပြီး အရေးပေါ်အခြေ အနေတစ်ခုကြောင့် ရာဇဌာနီ လမ်းမကြီးပေါ်သို့ ဒရုန်းပြန်လည်ဆင်းသက်စဉ် အဆိုပါဒရုန်း ပျောက်ဆုံးခဲ့သေးသည်။ လေ့လာရေးအဖွဲ့ရှိနေသည့် နေရာနှင့် ဒရုန်းဆင်းသက်သည့် နေရာအလှမ်း ဝေးနေသောကြောင့် ကားဖြင့် ဖြတ်သွားသူတစ်ဦးက ကောက်ယူကာ အနီးရှိဘုန်းကြီးကျောင်းတစ်ခုတွင် အပ်နှံထားခဲ့သည်ဟု သိရသည်။ ‘‘တွေ့တဲ့သူက အဲဒီဘုန်းကြီးကျောင်းကို သွားအပ်ထားတာ။ ပြီးတော့ ကျွန်တော်တို့ကို လိုက်ရှာတာ။ ကျတဲ့နေရာနဲ့ ကျွန် တော်တို့နဲ့ နည်းနည်းလေးလှမ်းနေတော့ အဲဒီလိုဖြစ်သွားတာ’’ဟု ဘူမိဗေဒပညာရှင်တစ်ဦးက ပြော သည်။ ဒရုန်းအသုံးပြုပြီး မြေမျက်နှာသွင်ပြင် အနေအထားများကို ကောင်းကင်ဓာတ်ပုံရိုက်ကူးရန် အသုံးပြုခွင့်ရရှိရေး နေပြည်တော် ကောင်စီသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့သည်။
Source : http://ift.tt/2roZsed
via IFTTT

No comments:

Post a Comment