အသတ်ခံရသည့် FDA ဝန်ထမ်းအမျိုးသမီးနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်တွင် မမှန်မကန် ရေးသားလျှင် တရားစွဲဆိုမည်ဟု မိသားစုဝင်တစ်ဦး ပြော အသတ်ခံရသည့် FDA မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း နှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် မမှန်မကန်ရေးသား သူများကို တရားစွဲမည်ဖြစ်ကြောင်း မိသားစုဝင်တစ် ဦးက ပြောသည်။ သေဆုံးသူရုပ်အလောင်းကို ဇန်နဝါရီ ၂၃ ရက် ညနေက ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။ အွန်လိုင်းစာမျက်နှာအချို့တွင် ဖော်ပြနေသည့် သတင်းအချို့ သည် သေဆုံးသူကိုထိခိုက်စေ သဖြင့် ရေးသားဖော်ပြသူကို တရားစွဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘တချို့တွေ တင်နေတာက မသိရင်သူတို့ပဲ နောက်ကလိုက် ကြည့်နေတဲ့အတိုင်း ရေးနေကြ တယ်။ မိသားစုဝင်တွေလည်း မေးတာမရှိဘူး။ သူတို့ထင်သလို ရေးနေတာတွေ ဖတ်ပြီး တချို့က လည်း လာမေးတာတွေ ရှိတယ်’’ ဟု မိသားစုဝင်တစ်ဦးက ပြော သည်။ အမှုနှင့်ပတ်သက်၍ တယ် လီဖုန်းဖြင့် ဆက်သွယ်ကာ အမှု အခြေအနေမေးမြန်းသူ အချို့ရှိ ကြောင်း ၎င်းကဆိုသည်။ ‘‘အမှုနဲ့ပတ်သက်လို့တော့ မသင်္ကာတဲ့သူတွေကို ခေါ်စစ်နေ တယ်။ လက်ရှိအချိန်ထိတော့ တရားခံဖမ်းဆီးရမိတာ မရှိသေး ပါဘူး’’ ဟု အရှေ့ပိုင်းခရိုင်ရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။ သေဆုံးသူအမျိုးသမီး သည် ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီ က နေပြည်တော်မှ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြန် ရောက်လာပြီးနောက် ဇန်နဝါရီ ၂၀ ရက် နံနက်တွင် အလုပ်ကိစ္စ ဖြင့် နေအိမ်မှ ပြန်ထွက်သွားပြီး နောက် ၂၁ ရက် နံနက်က အလောင်းအား တွေ့ခဲ့ခြင်းဖြစ် သည်။ ဒဂုံမြို့သစ်မြောက်ပိုင်း (၃၃) ရပ်ကွက် ငမိုးရိပ်ချောင်းဘေးရှိ ဖူဆယ်အားကစားရုံအနီး ချောင်းရေကျော်တံတားအစပ်တွင် အသတ်ခံရသည့် အသက် (၂၅)နှစ်အရွယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) ဒုကြီးကြပ်ရေးမှူး အမျိုးသမီးငယ်၏ အလောင်းကို ရပ်ကွက်နေ ပြည်သူတစ်ဦးက တွေ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့သို့ သတင်းပေးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူအမျိုးသမီးတွင် လည်ပင်းညိုမည်း၊ မျက်နှာဖူး ရောင်ဒဏ်ရာများဖြင့် အောက်ပိုင်း အဝတ်မပါဘဲ သေဆုံးနေ သည်။ ဆေးစာအရ သေဆုံး သူအမျိုးသမီးသည် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
Source : http://ift.tt/2Gb8Kh3
via IFTTT
No comments:
Post a Comment