ယူအီးအက်ဖ်အေ နိုင်ငံများလိဂ် မဲခွဲ၊ အင်္ဂလန်နှင့် စပိန်တို့ တစ်အုပ်စုတည်း ကျရောက် လန်ဒန်၊ ဇန်နဝါရီ ၂၄ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) သည် လက်ရှိ ၂၀၁၈ ခုနှစ်က စတင်ကျင်းပမည့် ယူအီးအက်ဖ်အေနိုင်ငံများလိဂ်ပြိုင်ပွဲ၏အုပ်စုများကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ အင်္ဂလန်အသင်းမှာ စပိန်၊ ခရိုအေးရှားတို့နှင့် တစ်အုပ်စုတည်းကျရောက်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ ယူအီးအက်ဖ်အေနိုင်ငံများလိဂ်သည် ယူရို ၂၀၂၀ ပြိုင်ပွဲကို ဝင်ခွင့်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကာ လိဂ် A၊ လိဂ် B၊ လိဂ် C နှင့် လိဂ် D တို့တွင် ဗိုလ်စွဲသည့်အသင်းများမှာ ယူရို ၂၀၂၀ ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် ရရှိကြလိမ့်မည်ဖြစ်သည်။ ယူအီးအက်ဖ်အေသည် လိဂ်တစ်ခုချင်းစီကို အုပ်စုလေးစုစီဖြင့်ကျင်းပသွားလိမ့်မည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းစီမှနေ၍ အုပ်စုဗိုလ်နေရာရရှိသောအသင်းများမှာ ဆီမီးဖိုင်နယ်အဆင့်ဆီသို့ ဆက်လက်တက်လှမ်းခွင့် ရရှိကြလိမ့်မည်ဖြစ်သည်။ ယူအီးအက်ဖ်အေသည် နိုင်ငံများလိဂ်ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် စတင်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးမည့်နေ့မှာ ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့ဖြစ်သည်။ လိဂ် A အုပ်စုများ A1 - နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ A2 - အိုက်စလန်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ A3 - ပိုလန်၊ အီတလီ၊ ပေါ်တူဂီ A4 - ခရိုအေးရှား၊ အင်္ဂလန်၊ စပိန် လိဂ် B အုပ်စုများ B1 - ချက်၊ ယူကရိန်း၊ ဆလိုဗက်ကီးယား B2 - တူရကီ၊ ဆွီဒင်၊ ရုရှား B3 - မြောက်အိုင်ယာလန်၊ ဘော့စနီးယား၊ သြစတြီးယား B4 - ဒိန်းမတ်၊ အိုင်ယာလန်၊ ဝေလ လိဂ် C အုပ်စုများ C1 - အစ္စရေး၊ အယ်လ်ဘေးနီးယား၊ စကော့တလန် C2 - အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂရိ၊ ဟန်ဂေရီ C3 - ဆိုက်ပရပ်စ်၊ ဘူဂေးရီးယား၊ နော်ဝေ၊ ဆလိုဗေးနီးယား C4 - လစ်သူယေးနီးယား၊ မွန်တီနီဂရိုး၊ ဆားဘီးယား၊ ရိုမေးနီးယား လိဂ် D အုပ်စုများ D1 - အန်ဒိုရာ၊ ကာဇက်စတန်၊ လတ်ဗီးယား၊ ဂျော်ဂျီယာ D2 - ဆန်မာရီနို၊ မော်လ်ဒိုဗာ၊ လူဇင်ဘတ်၊ ဘီလာရုစ် D3 - ကိုဆိုဗို၊ မော်လ်တာ၊ ဖာရိုးကျွန်းစုများ၊ အဇာဘိုင်ဂျန် D4 - ဂျီဘရော်လ်တာ၊ လီချင်စတိန်း၊ အာမေးနီးယား၊ မက်ဆီဒိုးနီးယား
Source : https://goo.gl/3nZ281
via IFTTT
No comments:
Post a Comment