Friday, January 19, 2018


ဆန္ဒပြရန် လှုံဆော်မှုများ ရှိသော်လည်း ရခိုင်၌ တည်ငြိမ်ဆဲဟု ပြည်နယ် အစိုးရပြော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာ အေးမောင် အဖမ်းခံရသဖြင့် အစိုးရကို ဆူပူ ဆန္ဒပြရန် လှုံဆော်မှုများ ရှိသော်လည်း ပြည်နယ်ရှိ မြို့များတွင် တည်ငြိမ်နေဆဲဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။ “အွန်လိုင်းမှာ ဖြန့်နေတာတွေလည်း ရှိတယ်။ တချို့ဟာတွေက ကောလဟလတွေပါ။ ဒီလိုပဲ လူငယ် တွေကို လှုံဆော်မှုတွေ လုပ်နေတာ။ ကျနော်ခရီးသွားနေတဲ့ မင်းပြား၊ ပေါက်တောနဲ့ မြောက်ဦးတို့ မှာလည်း အေးဆေးပဲ။ အခု မြေပုံမှာလည်း ဘာမှ မဖြစ်ဘူး။ ဘုန်းကြီးတွေကလည်း ဒီလို လှုံဆော် နေတာတွေကို သဘောမကျဘူးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။ မြောက်ဦး အရေးအခင်းနှင့် ဒေါက်တာ အေးမောင် အဖမ်းခံရပြီး နောက်ပိုင်းတွင် စစ်တွေ၊ မြောက်ဦး နှင့် ရခိုင်ပြည်နယ်ရှိ အခြားမြို့များကို လုံခြုံရေး မြှင့်ထားကြောင်း၊ တရားမဝင် လူစုလူဝေးများ ပြုလုပ်ပါက အရေးယူရန် ရှိကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောသည်။ စစ်တွေမြို့ ဝံလက် လူမှုရေးအဖွဲ့မှ ခိုင်ကောင်းစံက မိမိတို့၏ ယုံကြည်ချက်ဖြင့် ဆန္ဒပြခြင်းများ စီစဉ် နေခြင်းကို မကန့်ကွက်လိုသော်လည်း ဥပဒေနှင့်မညီသည့် ဆန္ဒပြခြင်းမျိုးမှာ ကောင်းကျိုးထက် ဆိုး ကျိုးသာ ရှိနိုင်၍ စဉ်းစားသုံးသပ်ဖို့ လိုကြောင်း၊ လက်ရှိတွင်လည်း စစ်တွေမြို့ ဝင်္ကပါကွင်းတွင် ရခိုင် တိုင်းရင်းသားတချို့ လူစုနေသည်ဟု ကြားသိရကြောင်း ပြောသည်။ “လိုင်းပေါ်မှာ လှုံဆော်စာတွေက မျိုးစုံပဲ။ ဒါပေမယ့် ဘယ်သူက ခေါင်းဆောင်တယ်ဆိုတာ မပါဘူး။ ဘယ်သူလဲ၊ ဘယ်ကို ဆက်သွယ်ရမလဲ ဆိုတာလည်း မပါဘူး”ဟု ခိုင်ကောင်းစံက ပြောသည်။ ဒေါက်တာ အေးမောင် ဖမ်းဆီး အရေးယူခံရခြင်းနှင့် ပတ်သက်၍ ရခိုင်တပြည်သားလုံး ဆန္ဒထုတ်ဖော် ရန် အဆင်သင့်ဖြစ်ရေးနှင့် အမြို့မြို့ အနယ်နယ်မှ လူကြီးလူငယ်မကျန် ရခိုင်တပြည်နယ်လုံးတွင် လူထုအင်အားဖြင့် ဆန္ဒပြရေး ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အဆင်သင့် ပြင်ထားရမည် ဖြစ်ကြောင်း၊ ဤသို့ ဖမ်းဆီးခြင်းမှာ ရခိုင်တမျိုးသားလုံးကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း အွန်လိုင်းပေါ်သို့ ပျံ့နှံ့လာ သည့် စာများတွင် ဖော်ပြထားသည်။ မြောက်ဦးဖြစ်စဉ်နှင့် ဒေါက်တာ အေးမောင် အဖမ်းခံနေရသည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီသာ တုန့်ပြန်သင့်ပြီး လူစု လူဝေးဖြင့် အော်ဟစ်တောင်းဆိုပါကလည်း ထူးခြားသည့် ရလဒ်မျိုး ထွက်ပေါ် လာမည်ဟု မယူဆသဖြင့် ဆန္ဒပြခြင်းကို အားမပေးချင်ကြောင်း ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။ ရခိုင်ပြည်နယ် အစိုးရကမူ မြောက်ဦးဖြစ်စဉ်တွင် သေဆုံခဲ့ရသူများအတွက် တဦးလျှင် ၅ သိန်းကျပ် ပေးအပ်ခဲ့ပြီး ဒဏ်ရာ ရသူများကို ၃ သိန်းကျပ် ထောက်ပံ့ပေးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ငွေ ၅ သိန်းထောက်ပံ့ခြင်းမှာ ကာယကံရှင် မိသားစုဝင်များကို ပွင့်လင်းစွာ အသိပေးခြင်း မရှိဘဲ ဂူသွင်းပြီးသည့် အချိန် သုဿန်တွင် မြောက်ဦးနာရေးအဖွဲ့ဝင် တဦးက လာရောက်ပေး ဆောင် ခြင်း ဖြစ်၍ မိသားစုဝင်များကလည်း နာရေး အဖွဲ့က ထောက်ပံ့ပေးသည်ထင်၍ ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဦး အရေးအခင်းတွင် သေဆုံးခဲ့သူများများ မိသားစုများက ပြောသည်။ “ကျမ သားတယောက် အစိုးရက သတ်ပစ်လို့ ဆုံးသွားပြီ။ ဒီငွေ ၅ သိန်း မပြောနဲ့ သိန်း ၅၀ ပေးရင်း လည်း လက်မခံဘူး”ဟု သေဆုံးသွား သည့် ကိုအောင်နေလင်း၏ မိခင် ဒေါ်မယောင်း (ခ) ခိုင်သန်းနု က ဧရာဝတီသို့ ပြောသည်။ ထို့ကြောင့် ယင်းငွေများကို လာပို့ဆောင်ခဲ့သည့် နာရေးရုံးသို့ ပြန်လည် ပေးပို့ခဲ့သော်လည်း လက်မခံ ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ပေးရမည်ဟု အကြောင်းပြန်သဖြင့် ငွေများကို ပြန်လည်ပေး အပ်ရန် မိသားစုဝင်များက စီစဉ်နေ ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က “ရခိုင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးခြင်း အထိမ်းအမှတ်” ဟောပြောပွဲစဉ်ကို အာဏာပိုင်များက ပိတ်ပင်တားဆီးခဲ့ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ရဲက ပစ်ခတ်ရာ အရပ်သား ၇ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကို ယမန်နေ့က ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသက်ဆုံးရှုံးရသူများ၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြောင်း၊ အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားရသည့်အတွက် များစွာ စိုးရိမ်ကြောင်း၊ ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ရန် လိုကြောင်း ထုတ်ပြန်သကဲ့သို့ ဗြိတိန်သံရုံးကလည်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တာဝန်ရှိသူများ အနေဖြင့် စုံစမ်းစစ်ဆေးရန် ပြောဆိုခဲ့သည်။ The post ဆန္ဒပြရန် လှုံဆော်မှုများ ရှိသော်လည်း ရခိုင်၌ တည်ငြိမ်ဆဲဟု ပြည်နယ် အစိုးရပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2rkamBD
via IFTTT

No comments:

Post a Comment