Tuesday, January 16, 2018


ကရင်ပြည်နယ် ဝန်ကြီးချုပ် တတိယအကြိမ် ခွဲစိတ်ကုသမှုကြောင့် ခွင့် ၄၅ရက် ယူထားရ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ခြေထောက်ဒဏ်ရာအား တတိယအကြိမ်မြောက် ခွဲစိတ် ကုသမှုခံ ယူရသည့်အတွက် ၄၅ ရက်ခွင့်ယူထားကြောင်း၊ ယာယီဝန်ကြီးချုပ်အဖြစ် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က တာဝန်ယူထားကြောင်း သိရသည်။ ယာယီဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေသူ ဦးသန်းနိုင်က “သူက အိမ်မှာပဲအနားယူရင်း ကျနော်တို့နဲ့ ပဲ အတူရှိနေပါတယ်၊ အရင်ကလည်း သူခရီးသွားတဲ့အခါမျိုးတွေမှာ ကျနော်ပဲတာဝန်ယူခဲ့တာဆိုတော့ အခက်အခဲတော့သိပ်မရှိပါဘူး၊ ဒီကြားထဲ သက်သာလာရင်လည်း သူရုံးပြန်တက်မှာပါ”ဟု ဧရာဝတီ သို့ပြောသည်။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့က တောင်ကလေး ဆရာတော်၏ ၅၇ နှစ်မြောက် ဝိဇာတ မင်္ဂလာ မွေးနေ့ပွဲ နှင့် ပါရမီ တံတား ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ရန် ဘားအံမြို့မှ ထွက်ခွာ လာစဉ် ဘားအံဂေါက်ကွင်း အနီးတွင် တိုင်းရော့ပြုတ်ကာ ယဉ်မတော် တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ယင်း ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ရရှိသည့် ဘယ်ဘက် ခြေသလုံး ရိုးကျိုးသည့် ဒဏ်ရာကို မကြာသေးမီက ရန်ကုန်မြို့တွင် တတိယအကြိမ် တက်ရောက်ခွဲစိတ် ကုသပြီး ဆေးစာအရ ဇန်နဝါရီ ၁၁ ရက်နေ့မှ စတင်ကာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ အထိ ခွင့်ယူခဲ့ခြင်းဖြစ်သည်။ ယာယီဝန်ကြီးချုပ်တာဝန်ယူထားသူ ဦးသန်းနိုင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးတာဝန် ယူထားသူတဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်နန်းခင်ထွေးမြင့် ၏ မဲဆန္ဒနယ် ဘားအံမြို့နယ်မှပင် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထား ရသူဖြစ်သည်။ The post ကရင်ပြည်နယ် ဝန်ကြီးချုပ် တတိယအကြိမ် ခွဲစိတ်ကုသမှုကြောင့် ခွင့် ၄၅ရက် ယူထားရ appeared first on ဧရာဝတီ.
Source : http://ift.tt/2DgdofW
via IFTTT

No comments:

Post a Comment