Tuesday, January 16, 2018


ပြိုင်ပွဲဝင်အပေါ် ရယ်တာမျိုးက မဖြစ်သင့်ဘူးလို့ မိတ်ကပ် ဒီဇင်ဘာနှင်း သုံးသပ် MRTV- 4 ရုပ်သံလိုင်းတွင် အပတ်စဉ်သောကြာနေ့တိုင်း ပြသလျက်ရှိတဲ့ အစီအစဉ်တခုဖြစ်တဲ့ Make Me Beautiful အစီအစဉ်မှ ပြိုင်ပွဲဝင်တဦးရဲ့ မိတ်ကပ်လိမ်းခြယ်မှုနဲ့ ပတ်သက်ပြီး ဒိုင်များက ရယ်မောခဲ့တာနဲ့ ပတ်သက်လို့ မဖြစ်သင့်ဘူးလို့ မိတ်ကပ်ပညာရှင် ဒီဇင်ဘာနှင်းက ဧရာဝတီကို ပြောပါတယ်။ “အဲဒီလိုမျိူးပြိုင်ပွဲဝင်အပေါ်ကို ရယ်တာဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့မှားတဲ့အမှားတွေကို ကိုယ်က ထောက်ပြရမယ်။ သူတို့ဘက်ကလည်း မှားတာလေးတွေရှိနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပြိုင်ပွဲမျိုးရှိတယ်။ ကလေးတွေနားမလည်တာ မသိတာလေးတွေကိုတော့ ပြရမယ်။ အခုလိုမျိုးရယ်တာမျိုးက ပရိသတ်အနေနဲ့ သဘောမကျသလို မျက်ရည်ကျသွားတဲ့ မော်ဒယ်လ် အနေနဲ့လည်း စိတ်မကောင်းဖြစ်မိမှာပေါ့။ အဲဒါကြောင့် ဒါက သင်ခန်းစာတခုပေါ့။ မိတ်ကပ်ဝါသနာပါတဲ့သူ အားလုံးကို ကြိုဆိုပါတယ်။ တချို့ကလည်း ဝါသနာရှင်တွေ တချို့ကျတော့လည်း ပရော်ဖက်ရှင်နယ် အဆင့်ထိသွားဖို့ရှိတဲ့သူတွေက သေချာလေ့လာပါ” လို့ မိတ်ကပ်ပညာရှင် ဒီဇင်ဘာနှင်းက သုံးသပ် ပြောဆိုပါတယ်။ Make Me Beautiful အစီအစဉ်ဟာ ဝါသနာရှင် မိတ်ကပ်ပညာရှင်များရဲ့ မိတ်ကပ်လိမ်းခြယ်မှုပုံစံ မျိုးစုံကို အဆင့်ဆင့်ယှဉ်ပြိုင်ကြရတဲ့ ပြိုင်ပွဲဖြစ်ပြီး အဆိုပါ အစီအစဉ်ရဲ့ Week 8 အနေနဲ့ ယှဉ်ပြိုင်မှုဖြစ်တဲ့ Drag Queen မိတ်ကပ်လိမ်းခြယ်မှုပုံစံမှာတော့ ပြိုင်ပွဲဝင် ဂျူလိုင် လိမ်းခြယ်ခဲ့တဲ့ မိတ်ကပ်ပြင်ဆင်မှုကို ဒိုင်လူကြီးများဖြစ်ကြတဲ့ မိတ်ကပ် မထက် (pop soul)၊ မိတ်ကပ် လင်းလင်း၊ Beauty Blogger နေခြည်ဦး နဲ့ Stylist Swannie Dean တို့က ရယ်မောခဲ့ကြတာဖြစ်ပါတယ်။ ဒီလို ပြိုင်ပွဲဝင် ဂျူလိုင်ရဲ့ မိတ်ကပ်လိမ်းခြယ်ယှဉ်ပြိုင်မှုကို ရယ်မောပြီး သုံးသပ်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပြီးနောက် ဝေဖန်မှုများစွာ ဖြစ်ပေါ်လျက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်ရတဲ့ Drag Queen လို့ဆိုတဲ့ မိတ်ကပ်လိမ်းခြယ်မှုပုံစံဟာ မိမိရဲ့ ပင်ကိုယ်ရုပ်နဲ့ ကွဲထွက်ပြောင်းလဲသွားအောင် ပြင်ဆင်ရခြင်းဖြစ်ပြီး နိုင်ငံတကာမှာတော့ ဂေးမိတ်ကပ် လို့လည်း ခေါ်ဝေါ်ကြတယ်လို့ ဒီဇင်ဘာနှင်းက ဆိုပါတယ်။ အဆိုပါပြိုင်ပွဲရဲ့ ဒိုင်များထဲတွင် မိတ်ကပ် ကိုမာလည်း ဒိုင်တဦးအဖြစ်ပါဝင်ပြီး သူကတော့ ပွဲစဉ်တလျှောက်လုံးမှာ ပြိုင်ပွဲဝင်တွေအပေါ် အကောင်းဆုံး သုံးသပ်ပေးသူအဖြစ်အနေနဲ့ရော အခုလို ပြိုင်ပွဲဝင်များအပေါ် ရယ်မောခြင်းတွေ မပြုလုပ်သူအဖြစ်ပါ ပရိသတ်တွေရဲ့ မှတ်ချက်ပေးခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ “ဒီလို ရယ်တာနဲ့ပတ်သက်ပြီးတော့ အရမ်းကြီးတော့ မပြောတတ်ပါဘူး။ ပါစင်နယ်တွေပါမှာ စိုးလို့၊ ဒါပေမယ့် အဲဒီမှာ ပါဝင်တဲ့ ဒိုင်တဦးဖြစ်တဲ့ မိတ်ကပ်ကိုမာ ကိုကြည့်ပါ။ သူဘယ်လိုဝေဖန်သလဲ ဆိုတာကိုပေါ၊့ တကယ်တတ်တဲ့ မိတ်ကပ်ပညာရှင်တွေက ဝေဖန်တာမျိုးကိုပဲ ဖြစ်စေချင်ပါတယ်” လို့ မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) က ဧရာဝတီကို ပြောပါတယ်။ Make Me Beautiful အစီအစဉ်ရဲ့ Week 8 ယှဉ်ပြိုင်မှုတွင် ဂျူလိုင် အပါအဝင် အခြား ပြိုင်ပွဲဝင် ၃ ဦးလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဂျူလိုင်ကတော့ အဆိုပါ Week 8 ယှဉ်ပြိုင်မှုအပြီးမှာ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ အဆိုပါ Make Me Beautiful အစီအစဉ်ရဲ့ Week 8 ယှဉ်ပြိုင်မှုတွင် ဒိုင်များအဖြစ် မိတ်ကပ် ကိုမာ၊ မိတ်ကပ် မထက် (pop soul)၊ မိတ်ကပ် လင်းလင်း၊ Beauty Blogger နေခြည်ဦး နှင့် Stylist Swannie Dean တို့က ပြုလုပ်ခဲ့ကြပါတယ်။ Online ပေါ်တွင် ပျံနှံ့နေတဲ့ Make Me Beautiful အစီအစဉ်တွင် မိတ်ကပ် artist ဂျူလိုင်ရဲ့ Drag Queen မိတ်ကပ်လိမ်းခြယ်မှုကို ဒိုင်များရယ်မောခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီမိတ်ကပ် look က ရီစရာမဟုတ်ပါဘူးခင်ဗျတခြားနိုင်ငံကအထူးအဆန်းမိတ်ကပ်lookတွေမှာဒီထက်တောင်ထူးခြားတဲ့ပုံတွေမှတစ်ပုံကြီးပါDrag queen လို့သာရိုက်ပြီး ရှာကြည့်ပါ ဒီမိတ်ကပ်lookကရီစရာမှမဟုတ်ပါဘူး ဆိုတာသိသွားပါလိမ့်မယ် ….ရီစရာ ဘာ​တစ်​ခုမှကို မပါတာ Drag queen make up ဆိုတာမသိသေးတဲ့သူတွေနားလည်အောင် ပြောရမယ် ဆိုရင် ယောင်္ကျားတစ်ယောက်ကို မိန်းမလို ဖြစ်အောင် ပြင်ပေးရတဲ့ gay culture တစ်ခုမှာ ပါဝင်ပါတယ် ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ အခြောက်မိတ်ကပ် ပေါ့ဗျာ ရှောက်သီးဆေးပြားရောင်းတဲ့ အခြောက်တွေ ပြင်တဲ့ ဟာမျိုး ပါ အခုကတော့ trend တစ်ခုအနေနဲ့ လူတွေ က art အနေနဲ့ ပါ သတ်မှတ်ထားကြပါတယ် ။ entertainment တစ်ခု အနေနဲ့ရောပေါ့ ။ ပြိုင်ပွဲဝင်တဲ့သူက ဝါသနာရှင်လေ ပညာရှင်မှမဟုတ်တာProfessional မှမဟုတ်တာ အရမ်းကြီတက်နေရင် ဝင်ပြိုင်နေမှာမဟုတ်ဘူး 👍👍ဒိုင်တွေက မိတ်​ကပ်​ လိမ်းတယ်​ဆို ဒီပုံပဲထွက်​ရမယ်​လို့ သတ်​မှတ်​ထားလားမသိဘူး အသစ်​အဆန်းဆို ရယ်​ချင်​တယ်​ …​လှောင်​​ပြောင်​ကျတယ်​ တကယ်​ဆို့ အား​ပေးရမယ်​​လေ …အသစ်​အဆန်း ထွင်​တာကို ကြိုဆိုရပါမယ်အမှားကို မြင်ရင် နားလည်အောင်သေချာထောက်ပြသင့်ပါတယ် ရီဖို့မလိုအပ်ပါဘူး….လူတစ်ယောက်ကို စိတ်ဓာတ်ကျအောင်မလုပ်သင့်ဘူး ကျသွားတိုင်းပြန်ကောက်လို့ရတဲ့အထဲမှာ စိတ်ဓာတ်မပါ ဘူး မဲမပေးနိုင်ရင်တောင်မှ အာ့လိုမလှောင်သင့်ဘူးJuly ညီမရေ ဆက်ကြိုးစားပါ💪💪💪💪ပါရမီဖြည့်ပေးတဲ့ အမ ဘယ်သူတွေဘာဘဲပြောပြော အမလုပ်ပြရဲတဲ့ သတ္တိကို ဂုဏ်ယူပါတယ် လေးစားပါတယ် သိဒ္ဓတ္ထ မင်းသားတောင် ဂေါတမ မြတ်စွာဘုရားဖြစ်ဖို့အတွက် ကိုယ်တိုင်ကျင့်ကြံမှဖြစ်ခဲ့တာပါဒိုင်တွေ ထောက်ပြတဲ့ ဝေဖန်မူတွေက ဘဝမဟုတ်ပါဘူးကြိုးစားမယ်ဆိုရင် သူတို့ထက်တောင်သာလွန်ပါလိမ့်မယ်ဦးမာ ကတော့ professional ပီသပါပေတယ်🙏🏻🙏🏻တခြားဒိုင်တွေလဲ ဦးမာ ကိုအတုယူသင့်ပါတယ်အခုနောက်ပိုင်းအစီစဉ်တွေမှာ လူကြိုက်များတဲ့ဆယ်လီတွေနေရာပေးတဲ့အတွက် ထွန်းပေါက်လာမယ့် မျိုးဆက်သစ်တွေ အတွက်စိတ်မကောင်းဖြစ်ရပါတယ် ဒီလိုအစီစဉ်မျိုးမှာ ဝမ်းစာပြည်သော professional များကို နေရာပေးပြီး ဒိုင်လုပ်ခိုင်းသင့်ပါတယ်Drag queen ဆိုတာ ဒီလိုပဲ လိမ်းကြတာပဲအခုဟာက ဝေဖန်တာ မဟုတ်ဘူး လှောင်နေကြတာ ဝေဖန်တာလက်ခံလို့ရတယ် လှောင်ပြောင်တာတော့လက်ခံလို့မရပါသူတို့ကိုယ်တိုင်တောင် judge လုပ်နေပြီး Drag queen ပုံစံကိုတောင် သိရဲ့လား မသိဘူးဒီvideo လေးကြည့်ပြီး အတော့ကိုစိတ်မကောင်းဖြစ်ရတယ်သူ့နေရာမှာ ကိုသာဆိုတဲ့ စိတ်လေးမွေးကြည့်ပေးပါ..😭😭ဝေဖန်ပေးတာလက်ခံလို့ရတယ် လှောင်တာတော့လက်ခံလို့မရဘူး ခင်ဗျားတို့ကိုယ်တိုင်က ဒီအလုပ်ကို ဝါသနာပါလို့ လုပ်နေတဲ့လူတွေပါ ကိုယ့်အလုပ်ကိုတန်ဖိုးထားပါတခြားလူတွေအမြင်မှာတန်ဖိုးမဲ့အောင်မလုပ်သင့်ပါဘူးပညာတစ်ခုကို လေးစားသင့်တယ် ဘာလဲ မျက်လုံးက အဖြူချယ်လို့ ဟုတ်လားမျက်လုံးပေါ်အောင် အနက်ပဲချယ်ရမယ်လို့သက်မှတ်ထားလို့လားတီထွင်ဆန်းသစ်တဲ့ပညာရှင်တိုင်းက လုပ်တဲ့အရာတိုင်းသူများနဲ့မတူပါဘူးသူများနဲ့တူအောင်လုပ်ရင် သူများလိုပဲဖြစ်မှာပေါ့ကဲ လက်ခံနိုင်စရာမရှိလို့ပြောပြီပြီး ကြိုက်တဲ့fan တွေဆဲချင်တဲ့သူဆဲနိုင်ပါတယ် ဒို့ကတော့ July လိုပြုံးနေမှာ😃😃Video # credit / Ei Phyu Sin Posted by Hair & Beauty By,Ko Htike on Sunday, January 14, 2018 The post ပြိုင်ပွဲဝင်အပေါ် ရယ်တာမျိုးက မဖြစ်သင့်ဘူးလို့ မိတ်ကပ် ဒီဇင်ဘာနှင်း သုံးသပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2DiZ9H2
via IFTTT

No comments:

Post a Comment