Tuesday, January 23, 2018


မြောက်ဦးဖြစ်စဉ်ကြောင့် လူမျိုးရေး သွေးကွဲမည်ကို ဒေါ်အောင်ဆန်းစုကြည် စိတ်ပူ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန်းတော်ရာကုန်းဖြစ်စဉ်ကြောင့် ရခိုင်-ဗမာ သွေးကွဲစေနိုင်သည့် အသုံးအနှုန်းများကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်ရေး ထိခိုက်မည်ကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူလျက်ရှိကြောင်း သိရသည်။ မြောက်ဦး ဖြစ်စဉ်ကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အလွန် စိတ်မကောင်း ဖြစ်နေပြီး တော်တော်လေး ဝမ်းနည်းနေ ကြောင်း၊ ထို့ကြောင့် ဖြစ်စဉ်တွင် တာဝန်ရှိသူများအား စုံးစမ်း စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခွင့်ပြုသည့် ကိစ္စ၊ ဖြစ်စဉ်တွင် ရဲလုပ်ထုံးလုပ်နည်းတို့နှင့် ညီမညီကိုလည်း စိစစ်လျက်ရှိကြောင်း သမ္မတရုံးက ပြောသည်။ “ဒီဖြစ်စဉ်ကို အကြောင်းပြုပြီးတော့ ဗမာလူမျိုးကြီးမိုလို့ ရခိုင်နဲ့ ဗမာနဲ့ သွေးကွဲစေမယ့်ဟာတွေ ပြောနေတာတွေ ရှိတယ်။ အဲဒါမျိုးကိုလည်း ကျနော်တို့ မဖြစ်စေချင်ဘူး။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးက ရခိုင်တိုင်းရင်းသားတွေ အပေါ်မှာ မူတည်တယ်။ ဒီလို ဖြစ်သွားတဲ့ ဖြစ်စဉ်မှာ ရခိုင်နဲ့ ဗမာနဲ့ဆိုပြီး အစွဲတွေနဲ့ ပြောဆိုတာတွေ မလုပ်ဖို့ ဒါလေးတော့ မေတ္တာ ရပ်ခံချင်တယ်”ဟု မြန်မာ အစိုးရ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ မြောက်ဦးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် “ရခိုင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးခြင်း အထိမ်းအမှတ်” စာပေ ဟောပြောကို အာဏာပိုင်များက ပိတ်ပင်တားဆီးခဲ့ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ကျည်အစစ်များဖြင့် ပစ်ခတ် နှိမ်နင်းသဖြင့် လူ ၇ ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦး ပြဿနာ မဖြစ်မီ အောက်တိုဘာလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၊ မေယုရင်သွီး လူမှု ကူညီရေး အသင်းက ဦးဆောင်ခဲ့သည့် စာပေဟောပြောပွဲ အခမ်းအနားတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ၂ ဦးတို့၏ ပြောဆိုချက်များကြောင့် ၎င်းတို့ ၂ ဦးမှာ ထိန်းသိမ်းခံထားရသည်။ မြောက်ဦး နန်းတော်ရာကုန်း ဖြစ်စဉ်ကြောင့် ရခိုင်တိုင်းရင်းသားများသည် အစိုးရကို နာကျည်းလျက်ရှိပြီး ဗမာလူမျိုးကြီး မုန်းတီးမှုများကို ဖြေဖျောက်နိုင်ရန် အဖမ်းခံထားရသူများကို လွှတ်ပေးရမည် ဖြစ်ကြောင်း၊ ထို့ပြင် သေဆုံးသူ မိသားစုများကိုလည်း တောင်းပန်ရန် လိုအပ်ပြီး မြောက်ဦး ဖြစ်စဉ်ကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တခုဖြင့် စစ်ဆေးပေးရမည်ဟု ရခိုင် အမျိုးသား ပါတီ (ANP)မှ ဘူးသီးတောင်အမတ် ဦးအောင်သောင်းရွှေက ပြောသည်။ ထို့ပြင် ANP ပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ခေါ်ခင်စောဝေကလည်း ဒေါက်တာအေးမောင်သည် အစိုးရ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေးကိစ္စများတွင် ထဲထဲဝင်ဝင် ဝေဖန်ပြောဆိုလေ့ရှိသော နိုင်ငံရေးသမားတဦး ဖြစ်ပြီး ၎င်းကို ယခု အချိန်မှ ဖမ်းခြင်းမှာ ANP ပါတီ ဥက္ကဌ နေရာကို လက်လွှတ်ထားရသဖြင့် ပါတီ မရှိ၍ လုပ်ရဲခြင်း ဖြစ်ကြောင်း ပြောသည်။ “ဒေါက်တာ အေးမောင် အဖမ်းခံရတာကို ဘာမှ မလုပ်ဘူးလားလို့ ပြည်သူလူထုကလည်း မေးနေပြီ။ လာမယ့် ၃၁ ရက်နေ့မှာ သူတို့ကို ရုံးထုတ်ရင် ကျမတို့က ဥပဒေကြောင်းအရ ဆက်လုပ်မယ်။ အဲဒီမှာ ဘယ်ပုဒ်မနဲ့ အရေးယူတယ်ဆိုတာ သိရရင် လုပ်ဖို့ရှိတာတွေကို ဆက်လုပ်ဖို့ ဆုံးဖြတ်ထားကြတယ်”ဟု ရသေ့တောင်မြို့နယ် အမတ်လည်း ဖြစ်သူ ၎င်းက ဧရာဝတီသို့ ပြောသည်။ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ဒေါက်တာ အေးမောင်ကို ဥပဒေအရ ဆက်လက် အရေးယူမည် ဖြစ်ပြီး ပုဒ်မကြီးများဖြင့် စွဲတင်နိုင်သဖြင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကို လုပ်ပိုင်ခွင့် အာဏာကိုလည်း သမ္မတရုံးက အပ်နှင်းထားပြီး ဖြစ်ကြောင်း၊ မြောက်ဦးမြို့နယ် ဖြစ်စဉ်များတွင် ဦးဆောင်ပါဝင်သည့် ဦးစံလှဘော်နှင့် ပူးပေါင်းကူညီသူများကို ရာဇသတ်ကြီး ပုဒ်မ ၁၂၂ အရ တရားစွဲဆိုရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၆ အရ အရေးယူရန် သမ္မတရုံးမှ ညွှန်ကြားထားကြောင်း ပြောသည်။ “မြောက်ဦးဖြစ်စဉ်လို ထိခိုက်တာမျိုးတွေတော့ ကျနော်တို့ အနေနဲ့ မဖြစ်စေလိုဘူး။ အခုဖြစ်စဉ်ကလည်း ကျနော်တို့ ရခိုင်ပြည်နယ် အစိုး ရ ကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ နိုင်ငံရေးအရ မသိနားမလည်တဲ့ လူငယ်တွေက ပါသွားတယ်။ ဟိုဘက်ဒီဘက် ဖြစ် တဲ့ နေရာမှာလည်း ရခိုင်ရဲတွေနဲ့ ထိခိုက်မှုတွေ ဖြစ်တာကလည်း ရခိုင်တိုင်းရင်းသားတွေပဲ”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြော သည်။ သမ္မတရုံးကမူ မြောက်ဦးခရိုင်တွင် ခရိုင်ရဲမှူးကြီး အပါအဝင် ရဲအားလုံးပေါင်း ၆၅ ယောက် ရှိရာ ၆၀ ဦးသည် ရခိုင် တိုင်းရင်းသားများ ဖြစ်ကြောင်း၊ ခရိုင်ရဲမှူးကြီးသည်လည်း ရခိုင်တိုင်းရင်းသားတဦး ဖြစ်၍ ၎င်းတို့ထဲတွင် ၅ ဦးသာ ဗမာရှိကြောင်း၊ ရခိုင်ရဲများသည် တာဝန်အရ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။ The post မြောက်ဦးဖြစ်စဉ်ကြောင့် လူမျိုးရေး သွေးကွဲမည်ကို ဒေါ်အောင်ဆန်းစုကြည် စိတ်ပူ appeared first on ဧရာဝတီ.
Source : http://ift.tt/2F4XPnU
via IFTTT

No comments:

Post a Comment