ဇန်နဝါရီ ၁၂ မှ ၂၂ ရက်နေ့ထိ ၁၀ ရက်တာအတွင်း မြေငလျင်ပေါင်း ၁၈ ခု လှုပ်ခတ်၊ မြေငလျင်များ ဆက်တိုက်လှုပ်ခတ်မှုကြောင့် ပြည်သူများ အထူးသတိပြုနေထိုင်ရန် လို ဇန်နဝါရီ ၁၂ မှ ၂၂ ရက်နေ့ထိ ၁၀ ရက်တာအတွင်း မြေငလျင်ပေါင်း ၁၈ ခု လှုပ်ခတ်သွားခဲ့ပြီး ယင်းသို့ အင်အားအသင့်အတင့်ရှိ မြေငလျင်များ ဆက်တိုက်ဆိုသလို လှုပ်ခတ် မှုများကြောင့် ပြည်သူများ အထူးသတိပြု နေထိုင်ရန် လိုကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထာရေး ဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားသည်။ ဇန်နဝါရီလ (၁၂)ရက်နေ့က ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာ စကေး ၆.၀ ရှိ မြေငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း ငလျင်ငယ်များ ဆက်လက် လှုပ်ခတ်ခဲ့သည်။ . ဇန်နဝါရီလ ၁၂ ရက်နေ့က ဖြူးမြိ့၏ အနောက်တောင်ဘက် ၂၁ မိုင်ခန့် အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၈ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ ၁၂ ရက်နေ့ ၌ပင် ဟုမ္မလင်းမြိ့ု၏ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့် အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၃ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ (၁၂)ရက်နေ့ ဖြူးမြိ့ု၏ အနောက်တောင်ဘက် ၂၁ မိုင်ခန့် အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၆ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ ၁၃ ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၆ မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ(၁၃)ရက်နေ့တွင်ပင် ထန်းတပင်မြို့၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၃.၉ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ ၁၄ ရက်နေ့က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင် ၃၉၀ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman-Islands, India Region) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ ၁၄ ရက်နေ့တွင်ပင် ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်) တာစကေး ၄.၅ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ(၁၅)ရက်နေ့က ဖြူးမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၆)မိုင် ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၅.၀ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ(၁၆)ရက်နေ့က ဖောင်းပြင်မြို့၏ အရှေ့မြောက်ဘက် ၃၅ မိုင် ခန့်အကွာတွင် အင်အားရစ်(ခ်)တာ စကေး ၄.၀ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ(၁၆)ရက်နေ့ကပင် ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် ၃၈ မိုင် ခန့်အကွာတွင် အင်အားရစ်(ခ်)တာ စကေး ၄.၄ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ ၁၇ ရက်နေ့က ဖြူးမြိ့ု၏ အနောက်တောင်ဘက် ၁၉ မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၅ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီလ ၁၈ ရက်နေ့က ဟုမ္မလင်းမြိ့ု၏ မြောက်-အရှေ့မြောက်ဘက် (၂၉)မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၅ ရှိ မြေငလျင်တစ်ခု၊ . ဇန်နဝါရီ ၂ဝ ရက်ကလည်း တစ်ရက်တည်း မြေငလျင် လေးကြိမ်လှုပ်ခဲ့ရာ သံတွဲမြို့၏ အနောက်- အနောက်တောင်ဘက် ၁၉ မိုင်ခန့်အကွာတွင် အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်ငယ်တစ်ခု၊ . ကလေးဝမြို့၏ တောင်ဘက် ၃၂ မိုင်ခန့်အကွာတွင် အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၈ အဆင့်ရှိ ငလျင်ငယ်တစ်ခု၊ . မော်လိုက်မြို့၏ အရှေ့ မြောက်ဘက် ၂၄ မိုင်ခန့်အကွာတွင် အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ဝ အဆင့်ရှိ ငလျင်ငယ်တစ်ခု၊ . ဖြူးမြို့၏ တောင်-အနောက်တောင်ဘက် ၂၄ မိုင်ခန့်အကွာတွင် အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ဝ အဆင့်ရှိ ငလျင်ငယ်တစ်ခု အဖြစ် မြေငလျင် လေးခုလှုပ်သွားခဲ့သည်။ . ဇန်နဝါရီလ ၂၂ ရက်နေ့က ဖြူးမြို့၏ အနောက်တောင်ဘက်(၂၅)မိုင် ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ မြေငလျင်တစ်ခု၊ ထိုသို့ ငလျင်ငယ်များ ခပ်စိပ်စိပ် လှုပ်မှုကြောင့် ပြည်သူများ ငလျင်ဘေး အ္တရာယ်နှင့်ပတ်သက်ပြီး သွားလာ နေထိုင်မှုများကို အထူးသတိပြုသင့်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ Ref : မုိးဇလ The Ladies News
Source : http://ift.tt/2Bolw8w
via IFTTT
No comments:
Post a Comment