ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သားမက်ဖြစ်သူကို ဒုရဲချုပ် ခန့်အပ် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ယခုနှစ်ရွေးကောက်ပွဲမတိုင်မီ သူရဲ့အာဏာကို ပိုမိုခိုင်မာ စေဖို့ သားမက်ဖြစ်သူ ကို နိုင်ငံရဲတပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲအဖြစ် ခန့်အပ်လိုက်တယ်လို့ Reuters သတင်းကဆိုပါတယ်။ ဟွန်ဆန်ရဲ့ သမီးကြီး ဟွန်မာနာနဲ့ လက်ထပ်ထားတဲ့ ဒိုင်ဗစ်ချီယာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ရာထူးတိုးမြှင့် ပေးလိုက်တာ ဖြစ်တယ်လို့ အစိုးရ ပြန်တမ်းက ဆိုပါတယ်။ အစိုးရကို ဝေဖန်သူတွေ၊ နိုင်ငံသား အခွင့်အရေးလှုပ်ရှားသူများနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နှိမ်နင်းမှုများ အပါအဝင် နိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်နေစဉ် အခုလို ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ “ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ကမ္ဘောဒီးယား အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေကို လုံးဝထိန်းချုပ်ဖို့ ရည်ရွယ်တယ်။ သူ့သားမက် ကို ဒုရဲချုပ်ခန့်တာဟာ ဒီရည်ရွယ်ချက်ရဲ့ အစိတ်အပိုင်းပါပဲ” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အာရှဒေသဆိုင်ရာ ဒုတိယ ညွန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန်ကပြောပါတယ်။ ဟွန်ဆန်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ အာဏာရတဲ့ ၃၃နှစ်မြောက် နှစ်ပတ်လည်ပွဲကို ကျင်းပခဲ့ပြီး နောင်နှစ်ပေါင်းများစွာ အာဏာကို ဆက်လက်ချုပ်ကိုင်ထားမယ်လို့လည်း ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံရေးကို ခြိမ်းခြောက်နေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆွေမျိုးညာတိ ကောင်းစားရေးဝါဒကို မကျေမနပ်ဖြစ် နေတဲ့ လူငယ်မျိးဆက်သစ်တွေကို စွဲဆောင်နိုင်တဲ့ အဓိက အတိုက်အခံပါတီ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီကို ဟွန်ဆန်အစိုးရရဲ့ တောင်းဆိုမှုကြောင့် နိုဝင်ဘာလက ဖျက်သိမ်းခဲ့ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဒိုင်ဗစ်ချီယာကို ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲခန့်ခြင်းကို ကာကွယ်တဲ့ သဘောနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်လည်း သူ၏သမီး အိုင်ဗင်ကာကို သူ့ရဲ့အလွတ်သဘော အကြံပေးခန့်ထားတာကို ထောက်ပြပါတယ်။ “သူ့ကို ဒီနေရာမှာ ခန့်လို့မရဘူးလို့ ပြဌာန်းထားတဲ့ဥပဒေမရှိဘူး” လို့ ပြည်ထဲရေးပြောခွင့်ရက ဆိုပါတယ်။ ကမ္ဘောဒီးယားမှာ အစိုးရနဲ အပြန်အလှန် ယှက်နွယ်နေပြီး ခေါင်းဆောင်ပိုင်းနဲ့ မိသားစုတွေဟာ နိုင်ငံရဲ့ အကြီးဆုံးစီးပွားရေး လုပ်ငန်းတွေကို ထိန်းချုပ်ထားပါတယ်။ ဟွန်ဆန်ရဲ့ သမီးကြီး ဟွန်မာနာဟာ ကမ်ပူးချား သမီ သတင်းစာနဲ့ ဘေရွန် ရုပ်မြင်သံကြား၊ ရေဒီယို အပါအဝင် အခြားလုပ်ငန်းများစွာ၏ အကြီးအကဲဖြစ်ပါတယ်။ လက်ရှိ ကမ္ဘောဒီးယား အမျိုးသားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲဟာလည်း ဟွန်ဆန်ရဲ့ တူမနဲ့ လက်ထပ် ထားတဲ့ နက်သ် ဆာဗိုအီရမ်ဖြစ်ပါတယ်။ ဟွန်ဆန်ရဲ့ သားအကြီးဆုံးကတော့ ဒုတိယဗိုလ်ချုပ်ကြီး ဟွန်မာနက် ဖြစ်ပြီး လက်နက်ကိုင်တပ်များရဲ့ ဒုတိယအကြီး အကဲ တာဝန်ယူကာ ဖခင်ခြေရာနင်းတဲ့ နိုင်ငံခေါင်းဆောင်ဖြစ်လာမယ်လို့ ယူဆခံနေရတာ နှစ်အတန်ကြာရှိပါပြီ။ The post ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သားမက်ဖြစ်သူကို ဒုရဲချုပ် ခန့်အပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2F0kUrI
via IFTTT
No comments:
Post a Comment