Tuesday, January 16, 2018


ယခင် အစိုးရ တိုင်းနှင့် ပြည်နယ် ရန်ပုံငွေ စာရင်းများ မကိုက်ဟု စာရင်းစစ်ချုပ်ပြော သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းများ အားလုံးကို အစိုးရသစ်လက်ထက်တွင် စာရင်းစစ်ချုပ်ရုံးက ပြန်လည်စိစစ်ခဲ့ရာ ဥပဒေနှင့် မကိုက်ညီသည့် သုံးစွဲမှုများ တွေ့ရှိရသဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း သတင်းရရှိသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက“စာရင်းစစ်ချုပ်ရုံး အနေနဲ့ တွေရှိချက်ကို အရေးယူပါ။ ဟိုဟာလုပ်ပါ။ ဒီဟာလုပ်ပါလို့ ပြော လို့မရဘူး။ သမ္မတရုံး အနေနဲ့ပဲ အရေးယူမယ့်ကိစ္စကို အရေးယူမှာပေါ့နော ်။ ကျနော်တို့က တွေ့ရှိချက်ကို တင်ပြရုံပဲ။ အောက်တိုဘာ နိုဝင်ဘာလလောက်က သမ္မတရုံးကို တင်လိုက်တယ်”ဟု ဇန်နဝါရီလ ၁၆ ရက်နေ့က နေပြည်တော်တွင် ပြောသည်။ နေပြည်တော် ကောင်စီ အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၄ ခုစလုံးကို စစ်ဆေးရာတွင် မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ အဓိက ကျကြောင်း၊ တခြားတိုင်းနှင့် ပြည်နယ်များမှာလည်း ပမာဏ မများသော်လည်း ဥပဒနှင့် မညီသည့် ကိစ္စရပ်များရှိကြောင်း သိရသည်။ “တိုင်းတွေကို ပြန်စစ်တဲ့အခါ တချို့ လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ တွေ့ရတယ်။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်တာပေါ့လေ။ ငွေသုံးတဲ့ နေရာမှာ အတွက်အချက်တွေ လွဲတာတို့၊ ခန့်မှန်းခြေ စာရင်း မတင်ပြဘဲ သုံးတာတို့ ဒီလိုကိစ္စ မျိုးတွေ ရှိပါတယ်”ဟု ဦးမော်သန်းက ပြောသည်။ သို့သော် ငွေကြေး ပမာဏများ၊ တိုင်းနှင့် ပြည်နယ်များ၏ အသေးစိတ် စာရင်းများကို ပြောကြားခြင်း မရှိပေ။ စာရင်းစစ်ချုပ်ရုံးသည် သမ္မတရုံး၏ အထူးတာဝန်ပေးချက်အရ ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်ကာ ယခင် အစိုးရအဖွဲ့ဟောင်း၏ စာရင်းများကို ပြန်လည် စိစစ်တင်ပြခဲ့ခြင်း ဖြစ်သည်။ ယခု စာရင်းစစ် အစီရင်ခံစာများကို လက်ခံရရှိထားကြောင်း သမ္မတရုံး အတည်ပြုသော်လည်း မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းကမူ ယခုကိစ္စရပ်များကို အများပြည်သူသို့ ပွင့် လင်းမြင်သာစွာဖြင့် အသိပေးသင့်ကြောင်း၊ ယခင် မကွေးတိုင်း ဝန်ကြီးချုပ်၏ လုပ်မှားကိုင်မှား ကိစ္စများကို ပြန်ဖော်ထုတ်ပြီး ရသလောက် ပြန်တောင်းခဲ့ရသည့် ဖြစ်စဉ်၊ မန္တလေးတိုင်းမှာ တာဝန်အလွှဲအပြောင်း ဖြစ်ချိန်တွင် မြေဂရန်များကို လုံးဝ မဖြစ်နိုင်သည့် ဈေးနှုန်းများဖြင့် ထုတ်ပေးခဲ့ခြင်း မန္တလေးတိုင်း အစိုးရက ပြန်၍ ပယ်ဖျက်ခဲ့ရသည့် ဖြစ်စဉ်တို့မှာ အကောင်းဆုံး ဥပမာ ဖြစ်ကြောင်း ပြောသည်။ “ဒီကိစ္စတွေက အလွဲသုံးစားမှုပဲ ခေါ်ခေါ် ဒါတွေက ရှိနေတယ်ဆိုတဲ့ သဘောပဲ။ တခုချင်း အနေနဲ့ ဘယ်ကိစ္စမှာတော့ ဘယ်လို အလွဲသုံး စား လုပ်ထားတယ် Corruption ဖြစ်ပါတယ်ဆိုပြီး ပြောတာ မရှိသေးဘူး။ ဒါပေမယ့် ဒီကိစ္စတွေမှာလည်း ပြန်လည် ရယူသင့်တာတွေကို ရယူပြီးတော့ အရေးယူသင့်တာတွေကိုလည်း အရေးယူရမယ်လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။ မကွေးတိုင်း ဖြစ်စဉ်တွင် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ဦးဆောင်သည့် အစိုးရအဖွဲ့၏ ငွေကြေး အရှုပ်တော်ပုံ ကိစ္စများသည် ဥပဒေနှင့်အညီ အရေးယူနိုင်သော်လည်း ယခု အစိုးရသစ်၏ “နောက်ကြောင်း ပြန်မလှန်ရေး” မူဝါဒအရ အရေးယူမည် မဟုတ်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ဖူးသည်။ ကျပ် ၄.၈ ဘီလီယံနီးပါးရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မကွေးတိုင်း အစိုးရသစ်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရမှုအပေါ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၇ ခုနှစ် ဧပြီလတွင် မေးခွန်းထုတ်ခဲ့ပြီး အမှန်တကယ် စစ်ဆေးရာတွင် အမှန်တကယ် စစ်ဆေးမှုပြုရာတွင် ငွေကျပ် ၇.၄၅၉ ဘီလီယံအထိ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ထိုငွေများကို ပြန်အပ်ရန် ညွှန်ကြားခဲ့ရာ ကာယကံရှင်ဖြစ်သူက အကျေပြန်လည်ပေးသွင်းခဲ့ ရသည်။ ဧရာဝတီတိုင်းတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် တိုင်းအစိုးရဟောင်း အနေဖြင့် လက်ရှိ ဧရာဝတီတိုင်း အစိုးရသစ်ထံသို့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ် ၅ ဘီလီယံမှ ၇ ဘီလီယံအထိ လွဲှပြောင်းပေးရန် ကျန်ရှိ နေကြောင်း ထုတ်ဖော်မှုများ ရှိခဲ့ရာ ကာယကံရှင်များက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ရသည်။ “ကျနော်တို့ စာရင်းစစ်ချုပ်ရုံး အနေနဲ့ အပြစ်ရှာတဲ့ အနေနဲ့စစ်တာ မဟုတ်ပါဘူး။ သို့သော်လည်းပဲ ပြည်သူ့ဘဏ္ဍာ စီမံခန်ခွဲမူ လမ်းကြောင်းပေါ်မှာ တင်ပေးဖိုပါ။ လမ်းကြောင်း တည့်မတ်ပေးဖို့ပါ။ မကောင်းတာရှိရင် ကောင်းအောင် လမ်းကြောင်းပေါ် ပြန်ရောက်အောင် တင်ပေးတဲ့ သဘောပဲ”ဟု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောဆိုခဲ့သည်။ The post ယခင် အစိုးရ တိုင်းနှင့် ပြည်နယ် ရန်ပုံငွေ စာရင်းများ မကိုက်ဟု စာရင်းစစ်ချုပ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2ENbik1
via IFTTT

No comments:

Post a Comment