Wednesday, January 17, 2018


ကျားမတန်းတူညီမျှမှု မရှိခြင်းက အမျိုးသားများကိုလည်း နစ်နာစေဟုဆို မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှမှု မရှိခြင်းက အမျိုးသမီးများကိုသာ နစ်နာစေခြင်းမဟုတ်ဘဲ အမျိုးသားများအပါအဝင် လူမှုအသိုင်းအဝိုင်းတခုလုံးကိုပါ နစ်နာစေခြင်းဖြစ်ကြောင်း ‘ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ’ စာတမ်းပြုစုရေးသားသူများက ထုတ်ဖော်ပြောဆိုလိုက်သည်။ Salween ပြည်သူ့ရေးရာ မူဝါဒများလေ့လာရေးအဖွဲ့၏ ဒုတိယ ညွှန်ကြားရေးမှူး ယိင်းလောဝ်က “၅၀ ရာခိုင်နှုန်းကျော်သော အမျိုးသမီးထုကြီးတခုလုံးရဲ့ အရေးကိစ္စတွေ၊ ဝန်ထုပ်ဝန်ပိုးကြီးတွေကို ၄၀ ရာခိုင်နှုန်ကျော်သော အမျိုးသားတွေကပဲ အကုန်လုံးကို ဝိုင်းသယ်ရမယ်ဆိုရင် ဒါဟာ တကယ်ကတမ်းကျတော့ အမျိုးသားတွေအတွက် မတရားဘူး။ ဒါ အမျိုးသားတွေရဲ့ နစ်နာချက်ဖြစ်တယ်လို့ ကျမတို့ ယူဆတယ်” ဟု ပြောသည်။ Salween ပြည်သူ့ရေးရာ မူဝါဒများလေ့လာရေးအဖွဲ့ နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေသော ‘ကျားမတန်း တူရေး မြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာများ’ မူဝါဒရေးရာ စာတမ်းထုတ်ပြန်ပွဲကိုု ၂၀၁၈ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲအထိ ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Best Western Green Hill Hotel တွင် ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ Salween ပြည်သူ့ရေးရာ မူဝါဒများလေ့လာရေးအဖွဲ့၏ လုပ်ငန်းစဉ် တွဲဖက်တာဝန်ခံ ရှိုင်းကိုကိုလွင်ကလည်း “ကျနော်တို့ တိုင်းပြည်ရဲ့ ရှေ့လာမယ့် အနာဂတ်မှာ ကိုယ့်ထက်အချိုးများတဲ့ အမျိုးသမီးတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုု ကျနော်တို့ ယောကျ်ားတွေ ထမ်းထားမလား။ သူတို့ကို လက်တွဲခေါ်ပြီး တန်းတူရည်တူ လုပ်ပြီးသွားမှာပေါ့။ ကျနော်တို့ အမျိုးသားတွေ ဝန်ထုပ်ဝန်ပိုး ပိတယ်လေ။ အဲဒီဝန်ထုပ်ဝန်ပိုးကြီးကို မသယ်ပါနဲ့။ တန်းတူနေရာတခုမှာ အတူတူတွဲ လုပ်ခြင်းအားဖြင့် ကျနော်တို့ အကျိုးရှိပါတယ်” ဟု ပြောဆိုသည်။ အဆိုပါ စာတမ်းကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံပြန် လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ ဥပဒေပြုရေး အဆင့် ဆင့်နှင့် အုပ်ချုပ်ရေးအဆင့်ဆင့်တို့တွင် အမျိုးသမီးများ ပိုမိုုပါဝင်လာနိုင်စေရန် ကြိုးပမ်းဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြုစုရေးသားခဲ့ခြင်းဖြစ်ကြောင်း စာတမ်းပြုစုသူများက ရှင်းပြသည်။ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သော အမျိုးသမီးများ နိုင်ငံရေးကဏ္ဍနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် ပါဝင်မှုနှုန်းထား များ မြင့်မားလာခြင်းအားဖြင့် ရရှိလာနိုင်သည့် အကျိုးရလဒ်များကို စာတမ်းတွင် အကျယ်တဝင့် ဆွေးနွေးတင်ပြထားသည် ကို တွေ့ရသည်။ အမျိုးသမီးများ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တို့တွင် ပိုမိုပါဝင်လာခြင်းဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ၊ ပဋိပက္ခ အလွန် ပြန်လည်တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးများကို ပိုုမိုတည်တံ့ခိုင်မြဲစေနိုင်သည်ဟု ဆိုသည်။ “အထူးသဖြင့် စစ်ရဲ့ပဋိပက္ခဒဏ်ကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အများဆုံးခံရတော့ အမျိုးသမီးတွေက ငြိမ်း ချမ်းရေးကိုု ပိုလိုတဲ့သူတွေ အလိုချင်ဆုံးသူတွေလို့ဆိုရင် ကျမ မမှားဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဖယ်ကြဉ်ခံ နေရတုန်းပဲဖြစ်ပါတယ်။ တကယ်ခံစားရတဲ့သူတွေရဲ့ အသံတွေ ကိုယ်စားပြုမှုတွေ မပါဝင်ဘဲ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ သွားလို့မရပါဘူး” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မယ်စိုးစိုးနွယ်က ရှင်းပြသည်။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးသဘောတူညီချက် အရေအတွက် ထက်ဝက်သည် လက်မှတ်ရေးထိုးပြီး ဆယ်နှစ်အတွင်း ပျက် ပြယ်လေ့ရှိကြသော်လည်း အမျိုးသမီးများပါဝင်မှု ရာခိုင်နှုန်းများလာလေလေ အဆိုပါသဘောတူညီချက် သက်တမ်းများက ပိုရှည်လေဆိုသည်ကို လေ့လာတွေ့ရှိရကြောင်း စာတမ်းတွင် ဖော်ပြထားသည်။ “ဒါကိုကြည့်ခြင်းအားဖြင့် အခုလက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ယိမ်းယိုင်နေရတဲ့ အကြောင်းရင်းကလည်း အမျိုးသမီး ပါဝင်မှု နည်းနေတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာ သုံးသပ်ကြည့်လို့ရပါတယ်” ဟု ယိင်းလောဝ်က ဆိုသည်။ အမျိုးသမီးများ နိုင်ငံရေးကဏ္ဍအသီးသီးတွင် ပိုမိုပါဝင်လာစေရန် ဟန့်တားနေသည့် အခြေအနေများဟူသည့် ခေါင်း စဉ်အောက်တွင်လည်း ဥပဒေဆိုင်ရာ၊ လူမှုအစဉ်အလာဆိုင်ရာ၊ အင်စတီကျူးရှင်းဆိုင်ရာ အကန့်အသတ်များဟူ၍ အသေးစိတ်ခွဲခြားတင်ပြထားသည်ကို တွေ့ရှိရသည်။ “ကျမတို့ လူမှုအသိုင်းအဝိုင်းကနေပြီးမှ ယုံကြည်ထားတာရှိတယ်။ နိုင်ငံရေးနဲ့ခေါင်းဆောင်မှုတွေဟာ အမျိုးသမီးများနဲ့ သင့်တော်တဲ့နေရာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေရှိတယ်။ အဲဒီမှာ အမျိုးသမီးတွေကိုယ်တိုင် တော်တော်များများကလည်း ဒါ ကိုယ့်နေရာမဟုတ်ဘူးလို့ မြင်တဲ့အမြင်ရှိတယ်။ ဒီအမြင်တွေကို ကျမတို့က ပြောင်းလဲဖို့လိုပါတယ်” ဟု ယိင်းလောဝ်က ပြောသည်။ ဆက်လက်၍ ၎င်းက နိုင်ငံရေးပါတီများက အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင် ခိုင်း သော်လည်း မဲဆန္ဒရှင်ပြည်သူများကိုုယ်တိုင်က ခေါင်းဆောင်နေရာများ၊ ကိုယ်စားပြုမှုနေရာများသည် အမျိုးသမီးများထက် အမျိုးသားများက ပို၍သင့်တော်သည်ဟုဆိုကာ အမျိုးသားကိုယ်စားလှယ်လောင်းများကိုသာ မဲပိုပေးလေ့ရှိသည်ကို တွေ့ရ ကြောင်း ရှင်းပြသည်။ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO)၏ စစ်တမ်းအရ မြန်မာနိုင်ငံ တွင် အမျိုးသမီးလူဦးရေ၏ ၃၄.၂ ရာခိုင်နှုန်းနှင့် အမျိုးသားလူဦးရေ၏ ၂၅.၇ ရာခိုင်နှုန်းတို့သည် အထက်တန်းပညာရေး ပြီးမြောက်ကြကြောင်း၊ ဘွဲ့ကြိုသင်တန်းအဆင့်ရှိသူဦးရေ စုစုပေါင်း၏ ၆၅.၂ ရာခိုင်နှုန်း၊ မဟာဘွဲ့အဆင့် စုစုပေါင်း၏ ၈၀.၅ ရာခိုင်နှုန်းနှင့် ပါရဂူဘွဲ့အဆင့် စုစုပေါင်း၏ ၈၀.၈ ရာခိုင်နှုန်းတို့သည် အမျိုးသမီးများ ဖြစ်ကြကြောင်း သိရသည်။ အဆိုပါ ကိန်းဂဏန်းရလဒ်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးပညာတတ်ဦးရေသည် အမျိုးသားများ ထက် ပိုမိုများပြားနေသည်ကို တွေ့ရသည့်အတွက် ပညာတတ်၊ အရည်အချင်းရှိသည့် အမျိုးသမီးဦးရေ နည်းပါးနေ၍ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် ပါဝင်မှု နည်းပါးနေခြင်းဖြစ်သည်ဟူသော ထင်မြင်ယူဆချက်သည် တိကျမှန်ကန်မှု၊ တာဝန်ခံမှု မရှိသည့်အပြင် ကျဉ်းမြောင်းသည့် ထင်မြင်ယူဆချက်ဖြစ်ကြောင်း စာတမ်းတွင် သုံးသပ်ထား သည်။ ကျားမတန်းတူရေး မြှင့်တင်းခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်းတွင် အဓိက အပိုင်း ၄ ပိုင်းဖြင့် ဆွေးနွေး တင်ပြထားပြီး စာတမ်း၏နောက်ဆုံးအပိုင်းတွင် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ အကြံပြု တင်ပြထားသည်ကိုလည်း တွေ့ရသည်။ Salween ပြည်သူ့ရေးရာ မူဝါဒ လေ့လာရေးအဖွဲ့သည် သုတေသနသုံးသပ်ချက်များ ပြုစုရေးသားထုတ်ဝေခြင်းနှင့် နိုင်ငံတဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများ၏ ခေါင်းဆောင်များကို မူဝါဒပိုင်းဆိုင်ရာများနှင့်ပတ်သက်သည့် စွမ်းရည်မြှင့်တင်ပေးခြင်းတို့ဖြင့် ပြည်သူ့ရေးရာမူဝါဒများ ရေးဆွဲချမှတ်ခြင်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည်။ The post ကျားမတန်းတူညီမျှမှု မရှိခြင်းက အမျိုးသားများကိုလည်း နစ်နာစေဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2EMOKzU
via IFTTT

No comments:

Post a Comment