Monday, January 22, 2018


ရုရှားက မြန်မာကို Su-30 အမျိုးအစား တိုက်လေယာဉ် ၆ စင်း ရောင်းမည် ရုရှားက မြန်မာ့တပ်မတော်ကို Su-30 အမျိုးအစား တိုက်လေယာဉ် ၆ စင်းရောင်းချပေးမည်ဖြစ်ကြောင်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန္ဒားဖိုမင်က တနင်္လာနေ့က ထုတ်ဖော်ကြေညာကြောင်း ရုရှမှလာသော သတင်းများက ဆိုသည်။ ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဆာဂေးရွှိုင်ဂူ မြန်မာနိုင်ငံသို့ လာရောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုသီတင်းပတ်အကုန်ပိုင်း ယင်းသဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ “ အခုရောင်းမယ့် Su-30 ဂျက်တိုက်လေယာဉ်တွေဟာ အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ အကြမ်းဖက်မှု ခြိမ်းခြောက်လာတာကို တွန်းလှန်ဖို့ မြန်မာ့လေတပ်အတွက် အဓိက အားထားနိုင်မယ့် တိုက်လေယာဉ်တွေဖြစ်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး ဖိုမင်က ထုတ်ပြန်ကြေညာထားသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေယာဉ်တန်ဖိုး (သို့မဟုတ်) တင်ပို့ရောင်းချမည့် အချိန်ကာလတို့ကိုမူ အသေးစိတ် ထည့်သွင်း ထုတ်ပြန်ခြင်း မရှိချေ။ ရုရှားနှင့်မြန်မာတို့ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းရန် ကြီးမားသည့် အစီအစဉ် စတင်ရန် အသင့်ဖြစ်နေကြကြောင်လည်းး ရုရှားသတင်းဌာန တာ့စ်က စနေနေ့တွင် သတင်းထုတ်ပြန်သည်။ ၂၀၁၅ ခုနှစ်က ဆီးရီးယား ပဋိပက္ခတွင် ရုရှားက ကြားဝင်ခဲ့ပြီးနောက် ယင်းစစ်မျက်နှာပြင်တွင် Su-30 အမျိုးအစား တိုက်လေယာဉ်များ သုံးခဲ့သည်။ ယင်းလေယာဉ်အတွက် ဇူလိုင်လက အင်ဂျင်နှစ်လုံးတပ်သည့်စနစ်ကို တိုးတက်ပြောင်းလဲပြောင်းလဲခဲ့ပြီး ဘက်စုံသုံး ဂျက်လေယာဉ်အဆင့်ဖြစ်အောင် ပျံသန်းရေးကိရိယာများကို မြှင့်တင်ခဲ့သည်။ တပ်ဆင်ထားသည့်လက်နက်များမှာလည်း ရုရှားဘက်မှ ရရှိခဲ့သည့် စစ်ဆင်ရေးသင်ခန်းစာအပေါ် အခြေခံပြီး ထုတ်လုပ်ထားကြောင်း သတင်းများက ဆိုသည်။ The post ရုရှားက မြန်မာကို Su-30 အမျိုးအစား တိုက်လေယာဉ် ၆ စင်း ရောင်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2DAVHqA
via IFTTT

No comments:

Post a Comment