Sunday, January 21, 2018

The Ladies News

တပ်နေရာ ပြန်လည်ချထားရေး ကိစ္စရပ်များကို ဆောင်ရွက်ရန် တပ်မတော်နှင့် NCA တွင်လက်မှတ်ထိုး ၈ ဖွဲ့ကြား အခက်ခဲများ ရှိနေသေး တပ်နေရာပြန်လည်ချထားရေးကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် တပ်မတော်နှင့် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ကြားတွင် အခက်ခဲများ ရှိနေသေးသည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ဒေါက်တာရွှေခါးက ပြောကြားသည်။ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံး၌ ပြုလုပ်ခဲ့သော ၁၄ကြိမ်မြောက် JMC-U အစည်းအဝေးအပြီး သတင်းစာရှင်လင်းပွဲတွင် ဒေါက်တာရွှေခါးက ပြောကြားခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်နယ်မြေသတ်မှတ်ရန်၊ ထိန်းချုပ်နယ်မြေသတ်မှတ်ရန်၊ တပ်နေရာပြန်လည်ချထားရေးဆောင်ရွက်ရန်၊ ဆက်သွယ်သည့်နည်းလမ်းသတ်မှတ်ရန်၊ အရပ်သားများကို ကာကွယ်ရန် ဆိုသည့် ကိစ္စရပ်များသည်နှစ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းပြီး သတ်မှတ်ရမည့် ကိစ္စရပ်များဖြစ်သည်ဟု ၄င်းကပြောကြားသည်။ `အဲဒါကြောင့် နှစ်ဖက်ညှိနှိုင်းနိုင်အောင်ကို ကျွန်တော်တို့ JMC ရဲ့ တာဝန်က ကမကထလုပ်ပေးနိုင်မယ့် ဟာပဲရှိပါတယ်။ အဲဒါမျိုး ညှိနှိုင်းနိုင်အောင် နှစ်ဖက်ကနေ ဆန္ဒရှိမှာပါ။ JMC အနေနဲ့ ခင်ဗျားတို့ဒါသွားလုပ် ဆိုပြီးမရဘူးပေါ့။ နံပါတ်နှစ်အနေနဲ့ ဒီကိစ္စတွေကိုဆောင်ရွက်ဖို့က နှစ်ဖက်စလုံးမှာ အခက်အခဲတွေရှိနေပါသေးတယ်။ တပ်မတော်ဘက်ဘက်လည်း သူရဲ့ပြီးခဲ့တဲ့အတွေ့အကြုံအရ တိုင်းရင်းသားလက်နက်ကိုင်ဘက်က လည်းကိုယ့်ရဲ့အတွေ့အကြုံအရ အဲဒါကြောင့် ကျွန်တော်တို့က စပြီးတော့ ရေခဲတုံးကြီးကို အရေပျော်ဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေနဲ့စပြီးလုပ်နေပါတယ်` ဟု ဒေါက်တာရွှေခါးက ပြောကြားသည်။ အထက်ဖေါ်ပြပါအချက်အများအပါဝင် အချင်းချင်းကြားထဲတွင် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် မြေပြင်တပ်မှူးများ တွေ့ဆုံနိုင်ရန်စီစဉ်နေရခြင်းဖြစ်သည်ဟု ၄င်းက ပြာကြားသည်။ `မြေပြင်တပ်မှူးတွေတွေ့ဆုံတဲ့အခါမှာ လုပ်ထုံးလုပ်နည်း (SOP)ပေါ့။ ကျွန်တော်တို့စပြီးစဉ်းစားတာ့ရှိတယ်။ မူကြမ်းတော့ထွက်လာပြီ။ ဒါပေမယ့် သက်ဆိုင်ရာနှစ်ဖက်အဖွဲ့အစည်းကြားမှာပြန်ပြီး ချမှတ်ဖို့လိုအပ်တဲ့ အတွက်ကြောင့်မို့လို့ဒီတစ်ခေါက်မှာတော့ အဲဒီ SOP ကိုတော့ ကျွန်တော်တို့ Pending အနေနဲ့ထားထားတယ်။ တချို့နေရာမှာဆိုလို့ရှိရင်စပြီးတော့ ဆွေးနွေးတဲ့ဟာတွေရှိလာ ပါပြီ ဥပမာ ကရင်ပြည်နယ်မှာဆိုလို့ရှိရင် နှစ်ဖက်တပ်မှူးတွေဆွေးနွေးတဲ့ဟာက စတင်လုပ်ဆောင်နေပြီလို့ပြာလို့ရပါတယ်` ဟု ဒေါက်တာရွှေခါးက ပြောကြားသည်။ NCA စာချုပ်နှင့် Bilateral Agreement များတွင် ထိန်းချုပ်နယ်မြေသတ်မှတ်ရန်၊ တပ်နေရာပြန်လည်ချထားရေးတို့ကိုဆောင်ရွက်ရန်အတွက် သတ်သတ်မှတ်မှတ်ဖါ်ပြထားခြင်းမရှိကြောင်း ယင်းကိစ္စများကိုဆောင်ရွက်နိုင်ရန်အတွက် အချိန်ယူရမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်လက်ပြောကြားသည်။ ၂၁၁၇ ခုနှစ်အတွင်း၌ JMC-U အစည်းအဝေး ငါကြိမ်၊ JMC-S အစည်းအဝေး ၃၉ကြိမ်နှင့် JMC-L အစည်းအဝေး ခြောက်ကြိမ်ကျင်းခဲ့သည်။ ထို့အပြင် ၂၀၁၇ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်း၌ JMC-S များက ဦးဆောင်ကာ လူထုတွေ့ဆုံပွဲ ၁၃ကြိမ်ပြုလုပ်ခဲ့ပြီး လူဦးရေး ၅၀၀၀ခန့်တက်ရောက်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ၏ ရှင်းလင်းချက်များအရသိရှိရသည်။ အောင်ရဲနောင်
Source : http://ift.tt/2mZOVRQ
via IFTTT

No comments:

Post a Comment