မြစ်ကြီးနား မြို့မဈေးရှိ KBZ ဘဏ် ကျပ်သိန်း ၉၀၀ လုယက်ခံရ မြစ်ကြီးနား မြို့မဈေးရှိ KBZ ဘဏ်တွင် ဆိုင်ကယ်စီး ဦးထုတ်များဆောင်းထားသော အကြမ်းဖက် လူလေးဦးမှ တုတ်၊ဓါးများနှင့် သေနတ်ဟု ယူဆရသော လက်နက်ဖြင့် ဘဏ်သို့ဝင်ရောက် ဓားပြတိုက်ကာ ကျပ်သိန်း ၉၀၀ လုယူသွား ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၂၃ ရက် ညနေ ၃ း ၀၅ နာရီအချိန် တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လုယက်သူများကို ဘဏ်မန်နေဂျာ အမျိုးသမီးမှ ဝင်ရောက်လုံးထွေးသတ်ပုတ်၍ ခုခံခဲ့သော်လည်း လုယက်သူများသည် ဘဏ် မန်နေဂျာအား ရိုက်နှက်၍ စီစီ တီဗွီ ကင်မရာများကို ဖျက်ဆီးကာစက်ကိုပါ ဖြုတ်ယူသွားခဲ့ကြောင်း သတင်း ရရှိသည်။
Source : http://ift.tt/2DBHSZO
via IFTTT
No comments:
Post a Comment