ဇူလိုင် ၃၁ ရက် ညပိုင်း သတင်းအစီအစဉ် ( ည ၈ နာရီ တိုက်ရိုက် ထုတ်လွှင့်မှု) ■ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို တစ်ရက်ထပ်တိုး ကျင်းပမည် ■ ရန်ကုန်တွင် ပြုလုပ်သည့် အလုပ်သမားဆန္ဒပြပွဲ ရဲတပ်ဖွဲ့၏ တားမြစ်မှုကြောင့် ဆန္ဒပြမှု ရပ်ဆိုင်းခဲ့ရ ■ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်းတစ်ခု ဖြစ်ပေါ်နေ ■ မန္တလေးမြို့တွင် ကိုးရက်ဆက်တိုက် ပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ စတင်ပြုလုပ် ■ အမေရိကန်၊ တက္ကဆပ်ပြည်နယ်တွင် မီးပုံးပျံတစ်လုံး ပျက်ကျပြီး လူ (၁၆) ဦး သေဆုံးခဲ့ ■ ဟယ်ရီပေါ်တာ စာအုပ်အသစ်ထွက်ရှိ ■ ဖိလစ်ပိုင်နိုင်ငံ၏ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ မူလကထက် ငါးဆနီးပါး တိုးလာခဲ့
Source : http://ift.tt/2a9g6VP
via IFTTT
Sunday, July 31, 2016
Kumudra
မကွေးတိုင်းမှာ ဧရာဝတီမြစ်ရေမြင့်တက်တာကြောင့် ကံမမြို့၊ ပခုက္ကူမြို့ ၊ မင်းဘု စကုမြို့ နဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေက ကျေးရွာတစ်ချို့ ရေဘေးအန္တရာယ်ကလွတ်အောင် ပြောင်းရွှေ့နေထိုင်ရတယ်လို့ မကွေးတိုင်းထဲက အရပ်ဘက်လူမှုအဖွဲ့စည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံကသိရပါတယ်။ ကံမမြို့နယ် ကျေးရွာတစ်ချို့က စာသင်ကျောင်းတွေ ပိတ်ထားရ မကွေးတိုင်း ကံမမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စု ၊ ဂုန်းသောင်ကျေးရွာအုပ်စု နဲ့ ဓမ္မသော်ကျေးရွာအုပ်စုတွေမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ကျေးရွာထဲကိုရေဝင်ပြီး မူလတန်းကျောင်းတစ်ချို့ကို ပိတ်ထားရတယ်လို့ ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်ကပြောပါတယ်။ ကံမမြို့ အမှတ်(၄) ရပ်ကွက်နဲ့ အမှတ်(၃) ရပ်ကွက်တွေမှာ ရေကြီးမှုကြောင့် နေအိမ်အချို့လည်း ရေနဲ့လွတ်ကင်းရာကိုပြောင်းရွှေ့နေထိုင်ရပြီး ဒေသခံတွေရဲ့ စပါးစိုက်ခင်း နဲ့ ပဲတီစိမ်းစိုက်ခင်းတွေလဲပျက်စီးမှုတွေရှိတယ်လို့ ဦးမြင့်အောင်က ဆက်ပြောပါတယ်။ မင်းဘူး စကုမြို့နယ်မှာ အိမ်ထောင်စု ၂ဝဝ ခန့် ဘုန်းကြီးကျောင်းတွေကို ပြောင်းရွှေ့နေရ မကွေးတိုင်း မင်းဘူးစကုမြို့နယ် ထုံးမကြီးကျေးရွာအုပ်စုမှာနေထိုင်တဲ့ အိမ်ခြေ ၂ဝဝ ခန့်ဟာ ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် ဘုန်းကြီးတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ က ဦးသန့်စင်ကပြောပါတယ်။ မင်းဘုစကုမြို့နယ်ထဲမှာ ရေကြီးမှုဖြစ်ပေါ်နေပေမဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သတိပေးမှုတွေ လာရောက်လုပ်ဆောင်တာလည်း မတွေ့ရဘူးလို့ ဦးသန့်စင်ကပြောပါတယ်။ ထုံးမကြီးကျေးရွာမှာနေထိုင်တဲ့ သူတွေကို ရေဘေးမှလွတ်ကင်းတဲ့နေရာတွေမှာပြောင်းရွှေ့နေထိုင်ဖို့အတွက် စက်လှေတွေ နဲ့ သွားရောက်ရွှေ့ပြောင်းမှုတွေကို လုပ်ဆောင်ပေးခဲ့တယ်လို့ ဆက်ပြောပါတယ်။ “ လူသေဆုံးတာတွေ တိရိစ္ဆာန်တွေ သေတာတွေတော့ မတွေ့ရဘူး။ ရွှေ့ပြောင်းနေထိုင်တဲ့ လူတွေအတွက် အစားအသောက်တော့ လိုအပ်တယ်” လို့ ရေဘေးကူညီမှုတွေသွားရောက်လုပ်ကိုင်နေတဲ့ ဦးသန့်စင်ကပြောပါတယ်။ ဆင်ပေါင်ဝဲမြို့နယ်မှာ ကလေးငယ်တစ်ချို့ သွေးလွန်တုတ်ကွေးဖြစ်နေ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ၊ ရပ်ကွက်တစ်ချို့မှာ ကလေးငယ်တစ်ချို့ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေပြီး ရေမြင့်တက်လာတဲ့အတွက်ကျေးရွာတွေမှာ ခြင်တွေပေါလာတယ်လို့ ဆင်ပေါင်ဝဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။ ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် ဆင်ပေါင်ဝဲမြို့နယ်ထဲက ကံလှကျေးရွာမှာ နေအိမ် ဆယ်လုံးကျော်ကို သည်ကနေ့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ ဦးကျော်လွင်ကဆိုပါတယ်။ ဆင်ပေါင်ဝဲမြို့ဟာ ဧရာဝတီမြစ်ရေနှစ်စဥ်ကြီးလေ့ရှိပေမဲ့ ရေကြီးရေလျှံမှုနဲ့ပတ်သက်တဲ့ ကာကွယ်ရမဲ့ အချက်အလက်တွေကို အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက သတိပေးမှု မရှိခဲ့ဘူးလို့လည်းဦးကျော်လွင်ကဆက်ပြောပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ ဧရာဝတီမြစ် ၊ ငဝန်မြစ် ၊ ချင်းတွင်းမြစ်တို့ဟာ ရေကြီးနိုင်တဲ့အနေထားတွေရှိတဲ့အတွက် ရေကြောင်းခရီးသွားလာသူတွေကို သတိထားဖို့ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ သတိပေးထားပါတယ်။ ဖိုးစိုးသူ photo ဦးသန့်စင်
Source : http://goo.gl/iBhKVN
via IFTTT
Source : http://goo.gl/iBhKVN
via IFTTT
Shwe Myitmakha Media Group
ချောင်းသာကမ်းခြေ၌ မိသားစုလိုက် ရေဆင်းကူးရာမှ တစ်ဦးရေနစ်သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ --------------------- မျိုးမင်းထွန်း - ဧရာဝတီတိုင်း(မြစ်မခ) ချောင်းသာကမ်းခြေတွင် ဇူလိုင်လ ၃၁ ရက်နေ့ က နံနက် ၁၁ နာရီခန့်က မိသားစု ၇ ဦး ရေဆင်းကူးရာ မှ လှိုင်းပုတ်ကာနစ်မြုပ်ခဲ့မှုကြောင့် တစ်ဦးရေနစ်သေဆုံးကာ ၂ ဦးပျောက်ဆုံးနေကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင်နေထိုင်သည့် မိသားစုဝင် ၂၁ ဦးသည် ချောင်းသာကမ်းခြေ ရေဆင်း ကူးရာ ဘောလှေ ကို တစ်ဦးမောင်းပြီး ၆ ဦးမှတွယ်စီးနေစဉ် လှိုင်းပုပ်မှုကြောင့် တွယ်စီးနေသူအားလုံးနစ်မြုပ်ခဲ့ရာမှ ၃ ဦးအား ရေပြင်ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးကို ဆက်လက်ရှာ ဖွေနေကြောင်း ချောင်းသာ ရဲစခန်းမှ သိရသည်။ `မနက်ကမိုးလည်းရွာ ရေပြည့်နေတဲ့အချိန် လှိုင်းပုပ်တော့ ဘောလှေကို လက်လွတ်သွားပြီး ခြေထောက်နဲ့ ကြမ်းပြင်မမှီတောဘဲ ခြေလွတ် ထွက်သွားတာပါ၊ ရေပြင်ကယ်ဆယ်ရေးအဖွဲ့က ၄ ယောက်ကိုကယ်ဆယ်နိုင်ခဲ့ပေမယ့် တစ်ဦးကတော့ ဆေးရုံမရောက်ခင် လမ်းမှာပဲဆုံးသွားတယ်၊ ပျောက်နေတဲ့ ၂ ဦးကိုတော့ ရှာနေတုန်းပါ´ဟု ချောင်းသာရဲစခန်းမှုး ရဲအုပ်ကျော်ကျော်လွင်က ပြောသည်။ ရေနစ်သေဆုံးသူ မှာ ဦးမြင့်အောင်(၄၂ နှစ်)ဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ ဦးခင်မောင်အေး(၂၉ နှစ်) နှင့် ဦးအောင်မြင့်(၂၉ နှစ်)တို့ဖြစ်ကြောင်း ချောင်းသာ ရဲစခန်းမှသိရသည်။ အဆိုပါ ပျောက်ဆုံးနေသူနှစ်ဦး ရုပ်အလောင်းကို ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ရေပြင်အသက် ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊အနီးအနားရှိ မော်တော်ဘုတ်အဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံက သိရသည်။ `ချောင်းသာကမ်းခြေမှာက ဒီလိုမိုးဦးကျအချိန်ဆို ရေဆွဲချတာ အရမ်းကြမ်းတဲ့ အတွက် ရေဆင်းကူးတဲ့သူတွေကို သတိပေးဆိုင်းဘုတ်တွေ နဲ့သတိလည်းပေးထားပါတယ်၊ ဒါပေမယ့် လာတဲ့သူတွေက အပျော်လွန်ပြီး သတိမထားရာကနေ ဒီလိုအဖြစ်မျိုး တွေကြုံရတာပါ´ဟု ချောင်းသာကမ်းခြေမှ ဒေသခံ ဦးလှမြင့်က ပြောသည်။ အဆိုပါ ရေနစ်သေဆုံးခဲ့မှုအား ချောင်းသာရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၆ဖြင့် အမှုဖွင့်လှှစ်ကာစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ @LH
Source : http://ift.tt/2ampAby
via IFTTT
Source : http://ift.tt/2ampAby
via IFTTT
Eleven Broadcasting
ဒီမိုကရက်တစ်ပါတီ ဆိုက်ဘာတိုက်ခိုက်မှုနှင့်ထပ်မံကြုံတွေ့နေရ (ရုပ်သံ) ဟီလာရီကလင်တန်ရဲ့ မဲဆွယ်လှုပ်ရှားမှုအဖွဲ့က ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတယ်လို့ အတည်ပြုပြောကြားခဲ့ပြီး နောက်မှာတော့ ဇူလိုင်လ၃၀ရက်နေ့မှာ ဒီမိုကရက်တစ်ပါတီရဲ့ တာ၀န်ရှိသူများက ၎င်းတို့ကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ဒီမိုကရက်တစ်အမျိုးသားကော်မတီ (DNC) ရဲ့ ဆာဗာများတိုက်ခိုက်ခံရမှုမှာ ဟီလာရီရဲ့ ဒီမိုကရက်တစ်ပါတီပြိုက်ဘက် ဘာနေဆန်းဒါးကို ယိမ်းယိုင်စေရန်အတွက် ပါတီခေါင်းဆောင်များက ကြိုးပမ်းခဲ့မှုများကိုဖော်ထုတ်ခဲ့တဲ့ အီးလ်မေးများပေါက်ကြားခဲ့ပါတယ်။
Source : http://ift.tt/2apvz3d
via IFTTT
Source : http://ift.tt/2apvz3d
via IFTTT
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းများ၏ အခြေအနေကို သိရှိနိုင်ရန် ရန်ကုန်တိုင်း လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး ကော်မတီက ဩဂုတ် ၁ ရက်မှစ၍ ကွင်းဆင်းလေ့လာမည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းများ၏ အခြေအနေကို သိရှိနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီက ဩဂုတ် ၁ ရက်မှစ၍ ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း အဆိုပါ၏ ကော်မတီ အဖွဲ့၀င် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။ ဩဂုတ် ၁ ရက်မှစ၍ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင် တစ်ရက်လျှင် နှစ်မြို့နယ်နှုန်းဖြင့် ရန်ကုန်တိုင်း ဒေသကြီး တစ်ခုလုံးရှိ တရားရုံး၊ ဥပဒေရုံးနှင့် ရဲစခန်းများ အားလုံးသို့ ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း၊ ထိုသို့ ကွင်းဆင်း လေ့လာပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် ကော်မတီ အစည်းအ၀ေး ထိုင်ကာ သုံးသပ်ချက်၊ အကြံပြုချက်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ “တရားရုံးတွေ၊ ဥပဒေရုံးတွေ ရဲစခန်းတွေကို ကွင်းဆင်းပြီးတော့ လေ့လာရေးလုပ်ဖို့ ရှိတယ်။ ပထမဆုံးအကြိမ် ၀င်ရောက် လေ့လာမှာပါ။ အပတ်စဉ် တနင်္လာ၊ အင်္ဂါမှာ ကျွန်တော်တို့ ကော်မတီက ကွင်းဆင်းလေ့လာမှာ။ တစ်ရက်ကို နှစ်မြို့နယ် ကွင်းဆင်းလေ့လာမယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့မှာ အစည်းအ၀ေး ထိုင်ပြီး လွှတ်တော် ဥက္ကဋ္ဌကနေပြီးတော့ အစိုးရအဖွဲ့ကို အကြံပြု တိုက်တွန်းတာတွေ လုပ်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီအဖွဲ့၀င် ဦးရန်အောင်က ပြောကြားသည်။ “ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး အံ့ဩဖွယ် ကောင်းလောက်အောင် ယိမ်းယိုင်နေတာတွေ ရှိတယ်။ ပြည်သူလူထုကနေ ကျွန်တော်တို့ဆီကို တိုင်စာတွေ ပို့တယ်။ ဥပဒေနဲ့ ပတ်သက်ပြီး အကာအကွယ် မဲ့နေတဲ့ သူတွေကိုလည်း အကာအကွယ် ပေးရလိမ့်မယ်။ အသိုင်းအ၀ိုင်း မရှိလို့၊ ငွေမရှိလို့ နစ်နာ ဆုံးရှုံးနေရတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ အခု နိုင်ငံရေးစနစ်က အားလုံး၀ိုင်း ၀န်းဆောင်ရွက်ကြမှ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ထားတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီးတော့ အချို့သုံးသပ်ချက်တွေမှာ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ရှိမယ်ဗျ။ အဲဒီအခါကျရင် ကျွန်တော်တို့က ကျွန်တော်တို့ ကော်မတီ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို အကြံပြု တင်ပြမယ်” ဟု ဦးရန်အောင်က ဆက်လက် ပြောကြားသည်။ ထို့ပြင် အချုပ်ခန်းများတွင် ချုပ်နှောင်ခံထားရသည့် အချုပ်သားများနှင့် ပတ်သက်၍လည်း ရသင့်ရထိုက်သည့် အခွင့်အရေးများ ပေးခြင်းရှိ၊ မရှိကိုလည်း ၀င်ရောက် လေ့လာမည်ဖြစ်ကြောင်း ဦးရန်အောင်က ပြောကြားသည်။ “အချုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးအောင်၊ အချုပ်ခန်းထဲ ရောက်တဲ့သူတိုင်းကို ကျူးလွန်တယ််လို့ လုံး၀ယူဆလို့ မရဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ အာရုံထားတယ်။ နောက်ပြီးတော့ တရားရုံးတွေမှာ ပျက်စီး ယိုယွင်းနေတာတွေလည်း ရှိမယ်။ ဒါတွေကိုလည်း လေ့လာမှာပေါ့။ တရားစီရင်ရေး ကိစ္စအပြင် သူတို့ရဲ့ လူနေမှုဘ၀တွေကိုလည်း လေ့လာမှာပါ” ဟု ဦးရန်အောင်က ဆိုသည်။ လေ့လာပြီးပါက ကော်မတီက သုံးသပ်ချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံတင်ပြပြီး လိုအပ်ပါက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မေးခွန်း၊ အဆိုများဖြင့် တင်ပြမေးမြန်းမည်ဖြစ်ကြောင်း ဦးရန်အောင်က ပြောကြားသည်။ Writer: ကျော်ထင်
Source : http://ift.tt/2ad9ulc
via IFTTT
Source : http://ift.tt/2ad9ulc
via IFTTT
မြောက်ဥက္ကလာပတွင် မူးယစ်ဆေးဖမ်း၀ရမ်းဖြင့် ရှာဖွေသည့် နေအိမ်၌ ဓားမြှောင်များတွေ့၍ လက်နက် ဥပဒေဖြင့် အရေးယူ (ဖြိုး၀ေလင်း) ==================== မြောက်ဥက္ကလာပမြို့ နယ် (င)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေး၀ါးသတင်းအရ ၀ရမ်းဖြင့် သွားရောက်ရှာဖွေရာ မူးယစ်ဆေး မတွေ့ရှိသော်လည်း ဓားမြှောင်သုံးချောင်း အပါအ၀င် ဓားငါးချောင်း တွေ့ရှိသဖြင့် လက်နက်ဥပဒေဖြင့် အရေးယူကြောင်း သတင်းရရှိသည်။ မြောက်ဥက္ကလာပ (င)ရပ် ကွက် နွယ်နီ(၈)လမ်းနေ အသက် (၂၈)နှစ်အရွယ် ရန်နောင်စိုး၏ နေအိမ်တွင် မူးယစ်ဆေး၀ါးများ သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီခွဲခန့်က ဖမ်းဆီးခွင့် ၀ရမ်းဖြင့် ၀င်ရောက် ရှာဖွေရာမှ လက်နက်များတွေ့ရှိခြင်း ဖြစ်သည်။ ထိုသို့ရှာဖွေရာ၌ ရန်နောင်စိုးနှင့်အတူ အသက်(၁၉)နှစ်အရွယ် ကျော်မိုးဟိန်းကို နေအိမ်မီးဖို ခန်းအတွင်း တွေ့ရှိပြီး နေအိမ်ပေါ်တွင် မူးယစ်ဆေး တစ်စုံတစ်ရာ မရှိသော်လည်း ဓားဦးချွန် ဓား အရှည်နှစ်ချောင်းနှင့် ဓားမြှောင် သုံးလက် တွေ့ရှိခြင်းဖြစ်ကြောင်းမြောက်ဥက္ကလာပ မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ နေအိမ်အတွင်း ဓားလက် နက်များ တွေ့ရှိခဲ့သဖြင့် ရန်နောင်စိုးနှင့် ကျော်မိုးဟိန်းတို့ နှစ်ဦးကို မြောက်ဥက္ကလာပ မြို့မရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2a8QCIw
via IFTTT
Source : http://ift.tt/2a8QCIw
via IFTTT
7Day TV
"စင်္ကာပူမှာ မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့မိသားစု" Singapore Tourism Board ရဲ့အစီစဉ်နဲ့ စင်္ကာပူနိုင်ငံကိုရောက်ရှိနေတဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုဟာ စင်ကာပူနိုင်ငံရောက် မြန်မာ ပရိတ်သတ်တွေနဲ့ Garden By the Bay ဥယျာဉ် မှာ တွေ့ဆုံခဲ့ကြပါတယ်။
Source : http://ift.tt/2a8Qs3G
via IFTTT
Source : http://ift.tt/2a8Qs3G
via IFTTT
အောင်မင်္ဂလာ အဝေးပြေးတွင် အရပ်ဝတ် လုံခြုံရေးများက ခရီးသွား ပြည်သူများကို စစ်ဆေးမှု ခုံရုံးဖွဲ့ စစ်ဆေး ရန်ကုန်၊ ဇူလိုင် ၃ဝ အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နားစခန်းတွင် အရပ်သား လုံခြုံရေးများက ခရီးသွား ပြည်သူများကို ဖမ်းဆီး စစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ခုံရုံးဖွဲ့ စစ်ဆေးနေပြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက သက်သေအဖြစ် ထွက်ဆိုပေးထားကြောင်း ၎င်းထံမှသိရသည်။ “ဇူလိုင်လ တတိယအပတ်က ထွက်ဆိုပေးခဲ့တာပါ။ ဖြစ်စဉ်နဲ့ သဘောထား မှတ်ချက် ပေးခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် အာဏာပိုင် အဖွဲ့အမည်သုံးကာ အရပ်သား လုံခြုံရေးအဖြစ် လုပ်နေသူများက ခရီးသွား ပြည်သူများကို ဖမ်းဆီး စစ်ဆေးနေမှုများ ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး တိုင်း ဝန်ကြီးချုပ် ညွှန်ကြားချက်ဖြင့် ခုံရုံးဖွဲ့ကာ အောင်မင်္ဂလာ အဝေးပြေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန် ဌာနကို စစ်ဆေးလျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “အခွန်ဌာနက လူခေါ်ပြီး ခိုင်းထားတာလို့ သိရတယ်။ အရပ်သား လုံခြုံရေးတွေက အုပ်စုဖွဲ့ လူမိုက်ဆန်စွာ လုပ်ဆောင်နေတယ်လို့ ဝင်းအတွင်းမှာရှိတဲ့ ဒေသခံတွေက တိုင်ကြားချက်တွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ညပိုင်းတွင် လုံခြုံရေး အားနည်းမှုများ ရှိပြီး ရပ်နားထားသည့် မော်တော်ယာဉ်ပေါ်တွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ် ဆေးရှူခြင်းများ ရှိကြောင်း ဇေယျာရွှေပြည် ယာဉ်လိုင်းပိုင်ရှင် ဒေါ်ခိုင်ခိုင်က ဆိုသည်။ “အပြစ်ရှိတဲ့ သူတွေ မဖမ်းဘူး။ ညပိုင်း ကားဂိတ်ကို လာတဲ့ မိန်းကလေးတွေအတွက် မလုံခြုံဘူး။ အဓိက ညပိုင်းတွေမှာ လုံခြုံမှု မရှိပါဘူး”ဟု ၎င်းက ဆိုသည်။ အဆိုပါ ဝင်းအတွင်း တစ်ရက်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် တာဝန်ကျ ရဲများနှင့် လေ့လာ စစ်ဆေးမှုများ ပြုလုပ်ပြီး နေ့ခင်းပိုင်းတွင် တစ်ကြိမ်သာ စစ်ဆေးကာ ည ၇ နာရီမှ ၁၁ နာရီခွဲအထိ၊ ည ၁၂ နာရီမှ နံနက် ၃ နာရီအထိ နယ်မြေရဲများက လှည့်လည် စောင့်ကြည့်လျက် ရှိကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း နယ်မြေ ရဲကင်းမှူးရုံးထံမှ သိရသည်။ အရပ်သား လုံခြုံရေးများကို စည်ပင်ဌာနက ခန့်အပ်ထားခြင်း မဟုတ်ဘဲ စခန်း အကျိုးဆောင်များက ခန့်အပ်ထားခြင်း ဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းအောင်က ပြောကြားသည်။ “စည်ပင်နဲ့ မဆိုင်ဘူး။ သန့်ရှင်းရေးတို့၊ သာရေးနာရေးလုပ်တဲ့ စခန်းအကျိုးဆောင် အဖွဲ့က ဘဏ်တွေမှာ လုံခြုံရေး ခန့်သလို တရားဝင် ခန့်ထားတာပါ။ မသိဘဲနဲ့ မပြောဘဲ ကွင်းဆင်း စစ်ဆေးပြီးမှ ပြောဆိုစေချင်တယ်'' ဟု ၎င်းက ဆိုသည်။
Source : http://goo.gl/REI5Xg
via IFTTT
Source : http://goo.gl/REI5Xg
via IFTTT
www.7daydaily.com
မိုင်ဂျာယန်အစည်းအဝေး ဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိ၊ အစိုးရနှင့် ဆက်လက်ညှိနှိုင်းမည် Sunday, July 31, 2016 ၂၁ ရာစုပင်လုံညီ လာခံတက်ရောက်ရန် ငါးရက် ကြာကျင်းပခဲ့သော မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများ မျက်နှာစုံညီအ စည်းအဝေးတွင် ဆုံးဖြတ်ချက်ချ မှတ်နိုင်ခြင်း မရှိခဲ့ဘဲ အစိုးရနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ မိုင်ဂျာယန်မျက်နှာစုံညီအ စည်းအဝေးကို ၂၁ ရာစုပင်လုံညီ လာခံအကြိုညှိနှိုင်းရေး၊ ဖက်ဒ ရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဘုံသ ဘောထားရပ်တည်ချက်ချမှတ် ရေးရည်ရွယ်ချက်နှစ်ခုဖြင့် ငါး ရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက်အစည်းအ ဝေးနောက်ဆုံးနေ့အပြီးတွင် ၂၁ ရာစုပင်လုံညီလာခံတက်ရောက် ရန် ဆုံးဖြတ်ချက်တစ်စုံတစ်ရာချ မှတ်နိုင်ခဲ့ခြင်းမရှိဘဲ အစိုးရနှင့် ဆွေးနွေးမှုများကို ဆက်လက်ပြု လုပ်မည်ဖြစ်ကြောင်း ပြောရေးဆို ခွင့်ရှိသူများက ပြောသည်။ ပင်လုံညီလာခံတက်ရောက် ရေးနှင့်ပတ်သက်ပြီး အစိုးရနှင့်ညှိ နှိုင်းမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ညှိနှိုင်းမှုများပြီးသည့်အချိန်တွင် ပါဝင်မည်ဟု ယေဘုယျ ပြောနိုင်ကြောင်း ကေအိုင်အို ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော် က ပြောသည်။ မျက်နှာစုံညီ အစည်းအဝေး ကို ၂၁ ရာစုပင်လုံညီလာခံတက် ရောက်ဖြစ်ပါက မည်သည့်အ ချက်များ ဆွေးနွေးမည်ဆိုသည့် ခေါင်းစဉ်အောက်တွင် ငါးရက် ကြာညှိနှိုင်းဆွေးနွေးမှုများပြုလုပ် ခြင်းဖြစ်သော်လည်း ပင်လုံညီလာခံတက်ရောက်ရေးနှင့်ပတ်သက်၍ တိကျသည့် ရလဒ်တစ်စုံတစ်ရာထွက်ပေါ်ခြင်း မရှိခဲ့ပေ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေ ခံမူ ရှစ်ချက်၊ ပြည်ထောင်စုတပ်မ တော်ကို အရပ်ဘက်အောက်တွင် ထားရှိရေး၊ နိုင်ငံရေးဆွေးနွေးမှု များတွင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ သုံးပွင့်ဆိုင်ဆွေးနွေးမှုကို အခြေခံ ရန် ဘုံသဘောထား စသည်တို့ ချ မှတ်နိုင်ခဲ့သည်။ ဘုံသဘောထား မချနိုင်ခဲ့သော အချက်များကို အ သေးစိတ်ထုတ်ပြန်ခြင်းမရှိချေ။ ဘုံသဘောထား ရယူရန်လိုသော အချက်များကို NCA လက်မှတ် ရေးထိုးထားသော အဖွဲ့များနှင့် UNFC အဖွဲ့ဝင်များအကြား အ တည်ပြုနိုင်ရန် နည်းလမ်းဆက် လက်ရှာဖွေမည်ဟု ထုတ်ပြန်ထား သည်။ ယခုအစည်းအဝေးမှာ အ စိုးရနှင့် ညှိနှိုင်းရာတွင် ကိုင်စွဲရန် သဘောထားများ စုစည်းခြင်းဖြစ် ပြီး ဆုံးဖြတ်ချက် ချမှတ်ခြင်းမ ဟုတ်ကြောင်း ပြောခွင့်ရှိသူများ က ဆိုသည်။ ‘‘ဘယ်လိုသွားမလဲဆိုတဲ့အ ပိုင်းကတော့ သက်ဆိုင်ရာအစိုးရ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ဆွေး နွေးပြီးမှု ဆက်လုပ်သွားမှာဖြစ်ပါ တယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။ ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) ခေါင်းဆောင်များက လည်း NCA ကို လက်မှတ်ရေး ထိုးရန် ယခင်က ချမှတ်ထားသည့် အဖွဲ့အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမည်ဆိုသည့် မူပေါ်တွင် ရပ်တည်ထားကြောင်း အစည်းအ ဝေးကာလ၌ ပြောကြားခဲ့သည်။ ‘‘UNFC အနေနဲ့ ပြောရမယ် ဆိုရင် အဖွဲ့အားလုံးပါဝင် လက် မှတ်ရေးထိုးခွင့်ရှိတဲ့အနေအထားမျိုးဆိုရင် တို့က လက်မှတ်ထိုးမယ့် အ မြင်သဘောထားရှိပါတယ်’’ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဆို သည်။ မျက်နှာစုံညီအစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ် သည့် ခူးဦးရယ်က ၂၁ ရာစုပင်လုံ ညီလာခံတွင် အားလုံးပါဝင်နိုင် ရေးသည် အစိုးရနှင့် သက်ဆိုင် သည့် အစုအဖွဲ့ အသီးသီးတို့ ဆွေးနွေးညှိနှိုင်းမှု ရလဒ်များပေါ် တွင် မူတည်နေကြောင်းဆိုသည်။ ‘‘သြဂုတ်မကုန်ခင် ကျင်းပ မယ်ဆိုတာက Target သဘောမျိုး ထားတယ်လို့ ကျွန်တော်တို့ နား လည်ပါတယ်။ ရှင်းရှင်းပြောရရင် အားလုံးပါဝင်ဖို့လည်း အားလုံးက ဆန္ဒရှိတယ်။ အဲဒီကာလလည်း ပြောနေကြတယ်ဆိုတော့ သြဂုတ် မတိုင်ခင်မှာ အားလုံးပါဝင်နိုင် မယ်။ တကယ်ပဲ အခင်းအကျင်း ဖြစ်၊ မဖြစ်ဆိုတာက ကြားထဲမှာ သက်ဆိုင်တဲ့ အစုအဖွဲ့ အသီးသီး က မတူကွဲပြားတဲ့ အခြေအနေ အနေအထားအောက်မှာရှိနေပါ သေးတယ်။ မတူကွဲပြားတဲ့ အခြေ အနေအောက်မှာရှိတဲ့ အစုအဖွဲ့ အားလုံးကတော့ မတူကွဲပြားတဲ့ ညှိနှိုင်းဆွေးနွေးမှုနဲ့ ဆက်သွားရ မယ့် အဆင့်တွေ ရှိနေပါသေး တယ်ဆိုတော့ သြဂုတ်မကုန် ခင် အတိအကျဖြစ်မယ်၊ မဖြစ်ဘူးဆို တာကတော့ ကံသေ၊ ကံမ ဘယ် သူမှ မပြောနိုင်ပါဘူး’’ဟု ခူးဦး ရယ်က ပြောသည်။ ဆက်လက်၍ ‘‘အသေအချာ ပြောနိုင်တာ တစ်ခုကတော့ ဘယ် သူတက်မယ်၊ မတက်ဘူးဆိုတာ ကလည်း ညှိနှိုင်းဆွေးနွေးတဲ့ အစု အဖွဲ့ အသီးသီး အနေအထားပေါ် မှာပဲ မူတည်ပါတယ်။ ဘယ်အချိန် မှာ ဘယ်သူက ဘယ်လိုဆုံးဖြတ် မယ် ဆိုတာကတော့ ညှိနှိုင်းဆွေး နွေးတဲ့ ဖြစ်စဉ်အပေါ်မှာပဲ အများ ဆုံး မူတည်ပါလိမ့်မယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။ ထို့အပြင် ဗိုလ်ချုပ်ဂွန်မော် က နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်မည့် အစုအဖွဲ့၊ ကိုယ်စား လှယ်အရေအတွက်များနှင့် ပတ် သက်၍ အစိုးရဘက်က လျာထား ချက်များအပေါ် ထည့်သွင်းစဉ်း စား၍ ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြော ကြားသည်။ ‘‘ကျွန်တော်တို့ဘက်က စဉ်း စားနေတာက ကျွန်တော်တို့ လို ချင်တဲ့ပုံစံကို အစိုးရနှင့်ညှိနှိုင်းမှာ ဖြစ်ပါတယ်။ ဘယ်နှစုလုပ်မယ် ကိုယ်စားလှယ် ဘယ်လိုဆိုတဲ့ အ ပိုင်းကတော့ ကျွန်တော်တို့ညှိနှိုင်း မှာပဲဖြစ်တယ်။ အစိုးရဘက်က အခု ဖော်ပြထားတဲ့ အချက်အ လက်တွေအပေါ်မှာ တိုင်းရင်း သားလက်နက်ကိုင်တွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာမဟုတ် ဘူး။ သို့သော်လည်းပဲ ကျစ်ကျစ် လျစ်လျစ်ဖြစ်ရမယ်။ တန်းတူရည် တူဖြစ်ရမယ်။ အသိအမှတ်ပြုရ မယ်။ အဲဒီအခြေအနေအပေါ်မှာ ပဲ ကိုယ်စားလှယ်ဦးရေနှင့် စုဖွဲ့မှု ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါပေ မဲ့ ပြောလိုတာက အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းမယ်။ အစိုးရ ဘက်က လျာထားချက်အပေါ်မှာ လည်း စဉ်းစားပြီး ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော် ကဆိုသည်။ နိုင်ငံရေးဆွေးနွေးမှုများနှင့် ပတ်သက်၍ အစိုးရဘက်က ခုနစ် ပွင့်ဆိုင်မူကို စွဲကိုင်ထားပြီး မိုင် ဂျာယန်မျက်နှာစုံညီ အစည်းအ ဝေးတွင်မူ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီ သုံးပွင့်ဆိုင်ဆွေးနွေးရေးမူကို အခြေခံထားကြောင်းထုတ်ပြန်ထားသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အစည်းအဝေး ဖြစ်မြောက်ရေးအတွက် ခွင့်ပြုချက်ပေးသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပါဝင်ကူညီခဲ့ကြသည့်အစိုးရဘက်မှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။ #7day daily @LH
Source : http://ift.tt/2aqCGoY
via IFTTT
Source : http://ift.tt/2aqCGoY
via IFTTT
www.7daydaily.com
မြန်မာတွင် ဂျီဟတ်စစ်ပွဲဆင်နွှဲရန် တိုက်တွန်းမှုအပါအဝင် အစွန်းရောက်ဝါဒများဖြန့်ဝေသည့် စင်ကာပူတစ်ဦး ဖမ်းဆီးခံရ Sunday, July 31, 2016 မြန်မာနိုင်ငံ၌ ဂျီဟတ်စစ်ပွဲဆင်နွှဲသင့်ကြောင်းတိုက်တွန်းမှု အပါအဝင် အစွန်းရောက်ဝါဒ များ အွန်လိုင်းပေါ် ဖြန့်ဝေနေသူ တစ်ဦးကို စင်ကာပူတွင် ပြည် တွင်းလုံခြုံရေး အက်ဥပဒေဖြင့် အရေးယူ ဖမ်းဆီးခဲ့ကြောင်း The Straits Times သတင်းစာက ဖော်ပြသည်။ အသက် (၄၄) နှစ်ရှိ စင် ကာပူ နိုင်ငံသား ဇူလ်ဖီကာ မိုဟာ မက် ရှရစ်ဖ်သည် မွတ်စလင် ခေါင်းဆောင်များ၊ အာဏာပိုင် များနှင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့ပြီးနောက် စင်ကာပူမှ ထွက်ခွာ ကာ ဩစတြေးလျတွင် ၁၄ နှစ် ကြာ သွားရောက်နေထိုင်ခဲ့သည်။ ယခုနှစ် ဇူလိုင်တွင် စင်ကာပူသို့ ရောက်ရှိနေချိန်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ စင်ကာပူ ရဲတပ်ဖွဲ့၏ အဆို အရ ဇူလ်ဖီကာသည် အွန်လိုင်း တွင် အစွန်းရောက်ဝါဒများ ဖြန့် ဝေခဲ့သည့်အပြင် အနည်းဆုံး နောက်ထပ် လူနှစ်ဦးမျှကို အစွန်း ရောက်ဝါဒီများ ဖြစ်လာအောင် စည်းရုံးခဲ့သည်ဟု ဆိုသည်။ ၎င်း ကို စင်ကာပူရဲတပ်ဖွဲ့က အကြမ်း ဖက်မှုနှင့် ဆက်နွှယ်သော စွပ်စွဲ ချက်များဖြင့် ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၂၉ ရက် ပြည်ထဲရေး ဝန် ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ ဇူလ်ဖီကာသည် ကမ္ဘာကျော် စစ်သွေးကြွ အဖွဲ့အစည်းအိုင် အက်စ်အား ဂုဏ်တင်ချီးကျူး သည့် ပို့စ်ပေါင်းများစွာကို ဖေ့စ် ဘွတ်ခ်ပေါ် ရေးသားခဲ့သည်။ ၎င်းသည် ဘာသာရေး ကို အခြေပြု ကာ အစွန်းရောက်ဝါဒများ ဖြန့် ဝေခဲ့ပြီး အိုင်အက်စ်တို့၏ ခေါင်း ဖြတ် လူသတ်မှုကဲ့သို့ ရာဇဝတ်မှု များကိုပင် အလွန်မှန်ကန်သည့် လုပ်ရပ်မျိုးသဖွယ် ဖေ့စ်ဘွတ်ခ် တွင် ရေးသားခဲ့ကြောင်း သိရ သည်။ ထို့အပြင် ဇူလ်ဖီကာသည် အရှေ့အလယ်ပိုင်းဒေသ၊ ပါလက် စတိုင်း၊ မြန်မာနိုင်ငံနှင့် ဖိလစ် ပိုင်တို့ရှိ မွတ်စလင်များ အနေဖြင့် လက်နက်စွဲကိုင်ကာ ဂျီဟတ်စစ် ပွဲ ဆင်နွှဲသင့်ကြောင်းလည်း တိုက် တွန်း နှိုးဆော်ခဲ့သည်။ ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားမှုအရ ၎င်း ၏ အရေးအသားများသည် အ နည်းဆုံး နောက်ထပ်စင်ကာပူ နိုင်ငံသား နှစ်ဦးမျှကို အစွန်း ရောက်ဝါဒီများ ဖြစ်လာစေခဲ့ ကြောင်းလည်း သိရသည်။ ဇူလ်ဖီကာသည် စင်ကာပူ ၏ လောကီရေးရာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီစံနှုန်းများကို ဖျက် သိမ်းပြီး အစ္စလာမ်မစ်နိုင်ငံတစ်ခု အဖြစ် ထူထောင်ရန်၊ လိုအပ်ပါကအကြမ်းနည်းများ အသုံးပြုရန်၊ ၎င်း ၏ သဘောထား မူဝါဒများကို စင်ကာပူ လူငယ်များထံ လေ့ကျင့် သင်ကြားပေးရန် အစီအစဉ်များ ပင် ရေးဆွဲထားသည်ဟု ဆို သည်။ စင်ကာပူ ပြည်ထဲရေး ဝန်ကြီး ဌာနက ဇူလ်ဖီကာသည် ၂၀၀၁ တွင် အယ်လ်ကိုင်ဒါနှင့် ဂျမား အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့ အစည်းများကို ထောက်ခံရင်း 9/11 တိုက်ခိုက်မှုကို အမေရိကန် က လက်တုံ့ပြန်ကာ အာဖဂန်နစ္စ တန်သို့ ကျူးကျော်စစ်ပြုခဲ့သည့် နောက် အမေရိကန်ကို လက်နက် ဆွဲကိုင် တော်လှန်ရန် အာဖဂန် နိုင်ငံသားများကို စည်းရုံးလှုံ့ ဆော်ရင်း အစွန်းရောက်ဝါဒများ ကို စတင်လက်ခံ ဖြန့်ဝေလာခဲ့ ကြောင်း ဆိုသည်။ ဇူလ်ဖီကာသည် စင်ကာပူရှိ သဘောထား မှန်ကန်သော မွတ် စလင် ခေါင်းဆောင်များကို စိန် ခေါ်ခြင်း၊ မူလတန်းကျောင်းများ တွင် မွတ်စလင်မိန်းကလေးများ ကို မျက်နှာခြုံထည် ဝတ်ဆင်ခွင့် ပေးရန် တောင်းဆိုခြင်းများ ကြောင့် လူသိများလာခဲ့သည်။ ထိုဖြစ်ရပ်နောက်ပိုင်း စင် ကာပူ အာဏာပိုင်များ၊ မွတ်စလင် ခေါင်းဆောင်များနှင့် ဆက်ဆံရေး အဆင်မပြေသောကြောင့် ဩစ တြေးလျသို့ မိသားစုလိုက် ပြောင်း ရွှေ့ အခြေချခဲ့သည်။ ၎င်းသည် ဩစတြေးလျတွင် လည်း သဘောထား တင်းမာသည့် အစွန်းရောက် အစ္စလာမ်မစ်ဝါဒီအဖွဲ့အစည်း တစ်ခုကို ထူထောင် ခဲ့သည်။ ထိုအဖွဲ့အစည်း၏ အမည်ကို ဟစ်ဇ်ဘတ်တာ ရီဟ်ဟု မှည့်ခေါ်ခဲ့သည်။ ၎င်း သည် အယ်လ်မာကာဇင် စင်ကာပူ ဟု အမည်ပေးထားသည့် ဖေ့စ် ဘွတ်ခ်စာမျက်နှာ တစ်ခုကို ထူ ထောင်ကာ စင်ကာပူနိုင်ငံအတွင်း အစွန်းရောက်ဝါဒများ ဖြန့်ဝေရန် အားထုတ်ခဲ့ကြောင်း ဝန်ခံခဲ့ သည်။ ‘‘သူ့ရဲ့ တကယ့်လက်တွေ့ ရည်မှန်းချက်က စင်ကာပူမှာ ရှိ နေတဲ့ မွတ်စလင် အသိုက်အဝန်း ကို လှုံ့ဆော်ဖို့ပဲ။ ပြီးတော့ ဒီမိုက ရေစီစနစ်ကို ဖျက်သိမ်းပြီး စင် ကာပူကို အစ္စလာမ်နိုင်ငံတစ်ခု အဖြစ် ထူထောင်ချင်တယ်။ သူ့ Page ကို လာချိတ်ဆက်ထားတဲ့ အဖွဲ့ဝင်တွေကိုလည်း ဒီသဘော တရားတွေ ရိုက်သွင်းဖို့ ကြိုးစားခဲ့ တယ်’’ ဟု စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ စင်ကာပူ ရဲတပ်ဖွဲ့သည် ဇူလ်ဖီကာ၏ ဝါဒဖြန့်မှုများကို လက်ခံပြီး အကူအညီပေးခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် အသက် (၂၉) နှစ်အရွယ် လုံခြုံရေးဝန်ထမ်း မူဟာမက် ရှာမင်မိုဟာမက်ဆီ ဒက်ခ်နှင့် အသက် (၃၃) နှစ်အ ရွယ် စီးပွားရေးသမား မိုဟာမက် ဆိုင်ဒါဟင် အက်ဘ်ဒူလာတို့ နှစ် ဦးကိုလည်း ဖမ်းဆီးထားပြီး ဖြစ် သည်။ ထို့နောက် ဆိုင်ဒါဟင်၏ ထွက်ချက်ဖြင့် အိုင်အက်စ်ကို ထောက်ခံရပ်တည်ရန် အဓိက ဝါဒဖြန့်နေသူမှာ ဇူလ်ဖီကာဖြစ် ကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။ ယခုဖမ်းဆီးမှုနှင့် ဆက်စပ် ပြီး စင်ကာပူအနေဖြင့် မိမိတို့၏ ဖွဲ့စည်းပုံ ဥပဒေကို တည်တံ့ခိုင် မြဲအောင် အလွန်အလေးထား ကာ ကွယ်သွားမည်ဖြစ်ကြောင်း ဝန် ကြီးချုပ် လီရှန်လွန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားခဲ့သည်။ ‘‘စင်ကာပူရဲ့ ဖွဲ့စည်းပုံ ဒီမို ကရေစီကို ကာကွယ်ဖို့ အစိုးရက အလေးအနက် အစွမ်းကုန် ကြိုး စားနေမှာ ဖြစ်ပါတယ်။ ဒီလို မလျော်ကန်တဲ့ နည်းလမ်းမျိုး ကြံဆောင်နေသူတိုင်းကို ခိုင်မာတိ ကျတဲ့ အရေးယူ တုံ့ပြန်မှုမျိုး ဖြစ် အောင်လုပ်သွားမှာပါ’’ ဟု ဝန်ကြီးချုပ်ကဆိုသည်။ စင်ကာပူသည် ယခုနှစ် ဧပြီ ကလည်း အိုင်အက်စ်ထံ သွား ရောက်ပူးပေါင်းရန် ကြံစည်နေ သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုင်ငံ သား နှစ်ဦးကို ဖမ်းဆီးခဲ့သေး သည်။ #7day daily @LH စင်ကာပူရဲများက ဖမ်းဆီးလိုက်သည့် ဇူလ်ဖီကာနှင့်၎င်း၏ မိတ်ဆွေအချို့
Source : http://ift.tt/2aDPs70
via IFTTT
Source : http://ift.tt/2aDPs70
via IFTTT
7Day TV
"သုံးမြွာပူး ပန်ဒါဝက်ဝံ မောင်နှမရဲ့ ၂ နှစ်ပြည့် မွေးနေ့" ကမာ္ဘပေါ်မှာ တစ်ခုတည်းသော သုံးမြွှာပူး ပန်ဒါဝက်ဝံ မောင်နှမတစ်သိုက်ဟာ သူတို့ရဲ့ ၂ နှစ်ပြည့်မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကွမ်ကျိုးမှာရှိတဲ့ ဆာဖာရီဥယျာဉ်တစ်ခုက မန်မန်၊ ရှောင်ရှောင်နဲ့ ကူကူတို့အတွက် အထူးစပယ်ရှယ် စီစဉ်ထားတဲ့ မွေးနေ့ကိတ်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ပန်ဒါလေး သုံးကောင်ကို အဓိက တာဝန်ယူ စောင့်ရှောက်ပေးနေတဲ့ ဥယျာဉ်ဝန်ထမ်းတွေက ဝါးတွေနဲ့ ဒီဇိုင်းဖော်ပြီး ဝက်ဝံလေးတွေအကြိုက် မျှစ်တွေ၊ မုန်လာဥနီတွေ၊ ပန်းသီးတွေ ချိတ်ဆွဲထားတဲ့ မွေးနေ့ကိတ်ကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ပန်ဒါလေးသုံးကောင်ဟာ မွေးကင်းစတုန်းက သေးသေး ညှက်ညှက်လေးတွေ ဖြစ်ခဲ့ပြီး သူတို့ရဲ့အသက်ရှင်နိုင်ခြေအတွက် စိုးရိမ်စရာတွေတောင် ကြုံခဲ့ပေမယ့် အခုတော့ တစ်ကောင်ကို ၆၅ ကီလိုဂရမ် ဝန်းကျင်လောက်ထိ ထွားကျိုင်းနေပါပြီ။ ပြီးတော့ သူတို့တွေ နို့ပြတ်တဲ့အရွယ်တောင်ရောက်နေပြီလို့ ဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။
Source : http://ift.tt/2aHtrT8
via IFTTT
Source : http://ift.tt/2aHtrT8
via IFTTT
မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် သုံးရက်ခန့် မိုးကြီးနိုင် “မုတ်သုံလေ အားကောင်းနေတဲ့အတွက် သုံးရက်လောက်အထိ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ဧရာ၀တီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတွေမှာ မိုးကောင်းမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တနင်္သာရီဘက်မှာ မုတ်သုံ အားကောင်းနေတဲ့အတွက် အဲဒီဘက်မှာ မိုးအား အရမ်းကောင်းနေတယ်။ အဲဒီကနေ အထက်ကို တက်လာပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးတွေမှာ မိုးအားကောင်းလာမှာဖြစ်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
Source : http://ift.tt/2aFtVNb
via IFTTT
Source : http://ift.tt/2aFtVNb
via IFTTT
7Day TV
"MPU-UPI Co-branded ကဒ်တွေကို ပြည်တွင်းဘဏ်လေးခုမှာ ရပြီ" မြန်မာငွေပေးချေရေးဝန်မှုဆောင်အဖွဲ့နဲ့ UPI တို့ပူးပေါင်းထားတဲ့ MPU-UPI Co-branded ကဒ်တွေကို ပြည်တွင်းဘဏ်လေးခုမှာ ရရှိနေပါပြီ။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၊ သမဝါယမဘဏ် (CB Bank)၊ မြန်မာအရှေ့တိုင်းဘဏ် (MOB) နဲ့ ဧရာဝတီဘဏ် (AYA) တို့မှာ ဒီကဒ်ဝန်ဆောင်မှုတွေကိုရနိုင်တာပါ။ အသုံးပြုသူရဲ့ ဝင်ငွေလစာပေါ် မူတည်ပြီးတော့ ကဒ်အမျိုးအစားသုံးခု ရွေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာငွေပေးချေရေးဝန်ဆောင်မှုကုမ္ပဏီ (UPI) ရဲ့ ကွန်ရက်ဖြန့်ကျက်ထားတဲ့ နိုင်ငံပေါင်း ၁၆၀ မှာ အသုံးပြုနိုင်မယ်လို့ ဘဏ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Source : http://ift.tt/2azz0DA
via IFTTT
Source : http://ift.tt/2azz0DA
via IFTTT
Eleven Broadcasting
အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိ (ရုပ်သံ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ ဆန္ဒရှိတယ်လို့ အိန္ဒိယပြည်ပရေးရာဌာန အငယ်တန်း၀န်ကြီး (ဗွီကေဆင်း) နဲ့ တွေ့ဆုံချိန်ပြောကြားခဲ့တယ်လို့ The Indian Express သတင်းဌာနက ဇူလိုင် ၃၀ ရက်မှာ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယပြည်ပရေးရာဌာန အငယ်တန်း၀န်ကြီး V.K. Singh(ဗွီကေဆင်း) နဲ့ လာအိုနိုင်ငံမှာ တွေ့ဆုံခဲ့ချိန် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယပြည်ပရေးရာ၀န်ကြီး Sushma Swaraj (ဆူရှမားဆွဲရက်ဂ်ျ) ရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ပြီး အိန္ဒိယ နိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ အိန္ဒိယပြည်ပရေးရာ ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Vikas Swarup (ဗီကာဆွဲရုဒ်)က ဇူလိုင် ၂၈ ရက်က ပြုလုပ်တဲ့ အပတ်စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Source : http://ift.tt/2amD7Dh
via IFTTT
Source : http://ift.tt/2amD7Dh
via IFTTT
Saturday, July 30, 2016
Eleven Broadcasting
ဇူလိုင် ၃၀ ရက် ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု) ■ ဩဂုတ်လဆန်းတွင် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အစည်းအ၀ေးသို့ “၀” အဖွဲ့ တက်ရန် မသေချာ ■ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိလာပြီး စစ်ကိုင်းနှင့် တောင်သာ၌ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ် ■ ရန်ကုန်မြို့ပတ်ရထားလမ်း မြေဧရိယာများကို ဗြိတိသျှခေတ်က သတ်မှတ်ခဲ့သည့်အတိုင်း ပြန်တိုင်းတာနေပြီး ကျူးကျော်များကို အရေးယူမည် ■ ပြည်ပသို့ ခရီးသွားမည့် သူများထံမှ ဒေါ်လာထောင်ချီ လိမ်ခဲ့သည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီကို အမှုဖွင့် ■ မူဆယ်၌ ရေကန်ဟောင်း သန့်ရှင်းရေး လုပ်ရာမှ အောက်ဆီဂျင်ပြတ်ပြီး လူလေးဦး သေဆုံး ■ အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို လက်ထပ်ခဲ့သဖြင့် အာဖဂန် ဘာသာရေးခေါင်းဆောင်ကို ဖမ်းဆီး ■ နှစ် ၈၀ ကြာပြီးနောက် ပထမဆုံးအဖြစ် နယူးယောက်မြို့ ရုက္ခဗေဒ ဥယျာဉ်၌ ထူးခြားသော အနံ့ဆိုးပန်း ပွင့်ခဲ့
Source : http://ift.tt/2azzRpy
via IFTTT
Source : http://ift.tt/2azzRpy
via IFTTT
တူရကီ အေနာက္အုပ္စုကေန ရုရွားဘက္ယိမ္းသြားၿပီလား
တူရကီ အနောက်အုပ်စုကနေ ရုရှားဘက်ယိမ်းသွားပြီလား ================= တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတအာဒိုဂန် ဟာ ရုရှားသမ္မတပူတင် နဲ့ တွေ့ဆုံဖို့ စိန့်ပီတာစဘတ်မြို့ကို လာမည့် ဩဂုတ်လ ၉ရက်နေ့မှာ သွား ရောက် မှာဖြစ်ပါ တယ်။ သမ္မတ အာဒိုဂန်ရဲ့ ရုရှားခရီးစဉ်ဟာ ထူးခြားမှုရှိပြီး ရုရှားနဲ့ ဆက်ဆံရေး၊ နိုင်ငံရေးနဲ့ စီပွားရေး အခြေ အနေကို ပြန်လည်ထိန်းသိမ်းဖို့အပြင် နေတိုးအဖွဲ့ရဲ့ အလေးမထားမှုနဲ့ ၀ါရှင်တန်ရဲ့ မကျေနပ်မှု ကြောင့် တူရကီဟာ အနောက်အုပ်စုကနေ ရုရှားဘက်ကို ယိမ်းသွားခဲ့ပြီလို့ လေ့လာသူတွေက ဆိုပါတယ်။ တူရကီ ဒု ၀န်ကြီးချုပ် မာမက်ဆင်မ်ဆက်ကလည်း “ရုရှားဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းသာမက တူရကီရဲ့ မဟာဗျူဟာကျတဲ့ မိတ်ဖက်နိုင်ငံလည်း ဖြစ်တယ်၊ ပြီးခဲ့တဲ့ နို၀င်ဘာလက ရုရှားလေယာဉ် ပစ်ချခဲ့ချိန် မတိုင်ခင်ကလို ပိုမိုကောင်းမွန်တို့ ဆက်ဆံရေးရှိတယ်ဆိုတာ ပြသဖို့ မျော်လင့်တယ်လို့” ပြီးခဲ့တဲ့ အင်္ဂါ နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတယ်လို့ သိရပါတယ်။ ရုရှား- တူရကီဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၄ရက်နေ့က ရုရှား ဆူခွိုင်း ဗုံးကြဲလေယာဉ် S-24 ကို ပစ်ချလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တင်းမာခဲ့ရုံသာမက စီးပွားရေး ပိတ်ဆို့မှု ကိုပါ ရုရှားက ပြုလုပ်ခဲ့ ရာ သမ္မတ အာဒိုဂန်က ပြန်လည်တောင်းပန်ခဲ့တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင် ခဲ့တာ ဖြစ်ပြီး၊ အဲဒီနောက် တူရကီ စစ်အာဏာသိမ်းမှုကို ရုရှားသမ္မတ ပူတင်က သမ္မတအာဒိုဂန်ကို ထောက်ခံလိုက်တာကြောင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုမိုလျင်မြန်စွာ တိုးတက်သွားတာဖြစ်ပါတယ်။ ဒါအပြင် တူရကီစစ်တပ်ရဲ့ အာဏာသိမ်းမယ့် အစီအစဉ်ပြောဆိုနေတာတွေကို ရုရှားထောက်လှမ်းရေး က ကြားဖြတ်ဖမ်းယူရရှိပြီး သမ္မတအာဒိုဂန်ကို သတိပေးမှုပြုလုပ်လိုက်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ လည်းရှိနေပါတယ်။ သမ္မတ ပူတင်ရဲ့ ထောက်ခံမှုနဲ့ ပတ်သက်ပြီး တူရကီနိုင်ငံခြားရေး၀န်ကြီး Mevlut Cavusoglu ကလည်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ ချီးကျူးပြောဆိုခဲ့ပါတယ်။ တချိန်ထဲမှာပဲ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ အခါပေးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ပြည်ပြေး ဘာသာ ရေး ခေါင်းဆောင် ဖာသူလာ ဂူလန်ကို အမေရိကန်အနေနဲ့ လွှဲအပ်ဖို့ တူရကီက တောင်းဆိုထားတဲ့ အတွက် အမေရိကန်- တူရကီ ဆက်ဆံရေးဟာ အောက်ဆုံးအဆင့်မှာ ရောက်နေတယ်လို့ ဆိုရမှာပါ။ ဒါအပြင် မအောင်မြင်တဲ့ တူရကီစစ်တပ်ရဲ့ အာဏာသိမ်းမှုမှာ အမေရိကန်အနေနဲ့ ပူးပေါင်းကြံစည် တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာလည်း အမေရိကန်- တူရကီဆက်ဆံရေးကို ထိခိုက်စေပါတယ်။ Bloomber သတင်းကတော့ ဒီလို ရုရှားနဲ့ တူရကီတို့ ပြန်ပေါင်းထုတ်ခြင်းကြောင့် ဒေသတွင်းမှာ နိုင်ငံ ရေး ရပ်တည်ချက် ပြောင်းသွားနိုင်ပြီး၊ အာဏာသိမ်းမှုအပြီး နှိမ်နင်းမှုများကို အမေရိကန်နဲ့ နေတိုးမဟာမိတ်တို့ရဲ့ ပြင်းထန်တဲ့ ၀ေဖန်မှုများကို အာဒိုဂန်အနေနဲ့ ပြောင်းလဲပစ်လိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။
Source : http://goo.gl/oJtn7y
via IFTTT
Source : http://goo.gl/oJtn7y
via IFTTT
Eleven Broadcasting
အခုတစ်ပတ်အစီအစဉ်ကနေတင်ဆက်ပေးမယ့် မှုခင်းဖြစ်စဉ်တွေက (ရုပ်သံ) - မန္တလေးမြို့မှာ မူးယစ်ဆေး၀ါးရောင်းချနေမှုတွေကို ရဲအင်အားရာနဲ့ချီသုံးစွဲပြီး ၀င်ရောက်ဖမ်းဆီးတယ်ဆိုတဲ့ဖြစ်စဉ် - အင်းယားကန်အတွင်း တပ်မတော်က ဗိုလ်ကြီးတစ်ဦးရဲ့အလောင်းတွေ့ရှိတယ်ဆိုတဲ့ဖြစ်စဉ် - ရန်ကုန်မြို့မှာ သုံးရက်ဆက်တိုက် မူးယစ်ဆေး၀ါးတွေ ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့ဖြစ်စဉ် - အသက် ၆၂ နှစ်အရွယ် အမျိုးသားကို တစ်ရပ်ကွက်တည်းနေသူက မီးချောင်းကွဲ၊၀ါးလုံးတွေနဲ့ရိုက်နှက်ထိုးသတ်မှုဖြစ်စဉ် - မြန်မာကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းရုံးရှေ့ ဖြစ်ပွားခဲ့တဲ့ ယာဉ်ကိုးစီးဆင့်တိုက်မှုုဖြစ်စဉ် တွေပဲဖြစ်ပါတယ်။
Source : http://ift.tt/2ajDhOB
via IFTTT
Source : http://ift.tt/2ajDhOB
via IFTTT
Eleven Broadcasting
တောင်ကိုရီးယားနိုင်ငံက ထိပ်တန်းအစိုးရရှေ့နေတစ်ဦး ဒေါ်လာသိန်းချီ လာဘ်စားမှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရ (ရုပ်သံ) တောင်ကိုရီးယားနိုင်ငံက ထိပ်တန်း အစိုးရ ရှေ့နေတစ်ဦးဟာ online ဂိမ်းတီထွင်သူဆီကနေ ၀မ် သန်း ပေါင်းများစွာ၊ အမေရိကန် ဒေါ်လာအားဖြင့် သိန်းနဲ့ချီပြီး တံစိုးလက်ဆောင် ရယူခဲ့တဲ့အတွက် အကျင့်ပျက် ခြစားမှု နဲ့ စွဲချက်တင် ခံထားရတယ်လို့ သိရပါတယ် ။ ထိပ်တန်းအစိုးရရှေ့နေ ဂျင်ကျန်းဂျွန်ဟာ စီနီယာတစ်ဦး ဖြစ်ပြီး ထိပ်တန်း ရှေ့နေတွေထဲမှာ အခုလို လာဘ်စားမှုကြောင့် ပထမဆုံး တရားစွဲ ခံရသူလည်း ဖြစ်ပါတယ် ။ သူဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း တံစိုးလက်ဆောင်အဖြစ် အမေရိကန် ဒေါ်လာ ၈၀၀၆၀၀ ကို နက်ဇ်ဇွန် online ဂိမ်း တီထွင်သူ ကင်ဂျုံဂျူ ဆီ ကနေ ရယူခဲ့ပါတယ် ။
Source : http://ift.tt/2albHxD
via IFTTT
Source : http://ift.tt/2albHxD
via IFTTT
Friday, July 29, 2016
7Day News Journal
ဘာလိုလိုနဲ့ ပွဲလမ်းသဘင်တွေ ပေါများတဲ့ကာလတစ်ခုကို တော့ တစ်ဖန်ရောက်လို့ လာခဲ့ ပြန်ပါပြီ။ မကြာခင် တောင်ပြုံးပွဲ တော်ကြီး၊ တောင်ပြုံးပြီးရင်တော့ ရတနာ့ဂူ စတဲ့ စည်ကားလွန်းလှ တဲ့ ရိုးရာနတ်ပွဲကြီးတွေ ရောက် လာတော့မှာပါ။ ကျွန်တော်တို့က အမရပူရဇာတိဆိုတော့ ခပ်ဝေး ဝေးတောင်ပြုံးထက် ကိုယ့်မြို့ အမရပူရက ရတနာ့ဂူပွဲကြီးကို မျှော်ရပါတယ်။ တစ်နှစ်တစ်ခါ ဝါခေါင် ရတနာ့ဂူနတ်ပွဲ ရောက်လာတော့ မယ်ဆို အိမ်ရှင်မတွေကတော့ အိမ်အတွက် လိုအပ်တာလေးတွေ ဘာဝယ်ရမလဲ စဥ်းစားကြတယ်။ သင်ဖြူးဖျာ ဝယ်သူကဝယ်၊ မီးဖို ချောင်သုံးပစ္စည်း ရွေးသူကရွေး ဝါခေါင်နတ်ပွဲကို အပြေးကလေး သွားကြတယ်။ လူကြီးတွေသွားပြီ ဆို ကလေးတွေကလည်း ကောက်ကောက်ပါအောင် လိုက် ကြတာပါပဲ။ ပွဲစျေးတန်းမှာ အိမ် သုံးပစ္စည်းဝယ်တာက စူပါမား ကက်တွေထဲမှာလို လိုတဲ့ပစ္စည်း ခြင်းထဲကောက်ထည့်ပြီး ခပ်မြန် မြန်ဝယ်လို့ရတာ မဟုတ်ပါဘူး။ ဝယ်မယ့်ပစ္စည်း ဖင်ပြန်ခေါင်းပြန် ကြည့်၊ စျေးကို အနည်းဆုံးစျေးနဲ့ ရအောင် ဆစ်တန်ဆစ်နဲ့ အချိန်အကြာကြီး ပေးဝယ်ရတယ်။ စျေးဝယ်တာ ကြာလာပြီဆို ကလေးတွေ ငြူစူပြီ။ နှုတ်ခမ်းကြီးစူ မျက်နှာကြီးမှုန်ကုပ်ပြီး မအေ့လက် ကိုဆွဲကာ ပြန်ဖို့တစူစူ ပူဆာကြ လေပြီ။ ကလေးတွေ တအီအီဖြစ် လာရင်တော့ မအေမိဘတွေ ကလေးအတွက် ပွဲစျေးတန်းက တစ်ခုခု ဝယ်ပြုပေးဖို့ စဥ်းစား ရတယ်။ ယောက်ျားလေးတွ အတွက်ကတော့ ဗန္ဓုလဦးထုပ်ရှိ တယ်။ ဓားရှိတယ်။ ဦးထုပ်နဲ့ဓား တစ်စုံ လောက်ဝယ်ပေးလိုက်ရင် ငြိမ်ကျသွားမယ်။ မိန်းကလေး တွေ အတွက်ဆိုရင်လည်း ပွဲ စျေးတန်းမှာ ရောင်းတန်းပစ္စည်း လေးတွေက တောင်ပုံရာပုံ စောင့် ကြိုနေတတ်ပါတယ်။ တခြား တော့ မဟုတ်ပါဘူး။ ရောင်စုံ တောက်ပပြီး ချစ်စဖွယ်ဒီဇိုင်း လေးတွေနဲ့ အိုးပုတ်မျိုးစုံဆိုင် လေးတွေပါပဲ။
Source : http://ift.tt/2aiqDcO
via IFTTT
Source : http://ift.tt/2aiqDcO
via IFTTT
7Day News Journal
အိန္ဒိယ နိုင်ငံသားတို့၏ အချစ်တော် ကျားကြီးတစ်ကောင် ပျောက်ဆုံးနေသည့်နောက် အကြီးအကျယ် ဖြန့်ကျက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ဂျိုင်ဟုခေါ်သော ကျားကြီးသည် လွန်ခဲ့သည့် ၃ နှစ်ခန့်က စတင်လူသိများလာပြီး အိန္ဒိယ၏ အချစ်တော် တောရိုင်းတိရစ္ဆာန် ဖြစ်လာသည်။ ၎င်းသည် ကျေးရွာများ၊ မြစ်များ၊ အဝေးပြေး လမ်းမများကို ဖြတ်သန်းကာ မိတ်ဖက် ရှာဖွေခဲ့သည့် ခရီးစဉ်ကြောင့် ထင်ရှားလာပြီး နောက်ဆုံးတွင် ရည်မှန်းချက် အောင်မြင်ခဲ့သည်။ အဆိုပါ ကျားကြီးကို ၁၉၇၅ ခုနှစ်က နာမည်ကြီးခဲ့သည့် ဘောလိဝုဒ်ရုပ်ရှင် Sholayမှ မင်းသား အမီတာဘတ်ချန်၏ ဇာတ်ရုပ်အတိုင်း အစွဲပြု အမည်မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ပေါင်ချိန် ၂၅ဝ အလေးချိန်ရှိသည့် ၇ နှစ်အရွယ် ကျားထီးကြီးသည် လွန်ခဲ့သော ၃ လခန့်ကမူ ၎င်းနေထိုင် ကျက်စားရာ အမ်းရက်ဒ် ခါဟန်ဒလာ သဘာဝ ဘေးမဲ့တောရိုင်းနယ်မြေအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းကို နောက်ဆုံးတွေ့မြင်ခဲ့သည့် အချိန်သည် ဧပြီ ၁၈ ရက်က ဖြစ်သည်။ ဂျိုင်၏ ကံကြမ္မာကို အိန္ဒိယ နိုင်ငံသား သန်းပေါင်းများစွာက စိုးရိမ်လျက်ရှိပြီး သစ်တောအာဏာပိုင် အဖွဲ့အစည်းများကလည်း ဂျိုင်ကို ရှာတွေ့ရန် အစွမ်းကုန် အားထုတ် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် မဟာရာရှက်ထရာ ပြည်နယ်တွင် ဂျိုင်ကို ရှာတွေ့ရန် ကြီးမားသည့် ရှာဖွေရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နေပြီဟု သိရသည်။ နိုင်ငံတကာ ကျားများနေ့အဖြစ် သတ်မှတ်ထားသည့် ဇူလိုင် ၂၉ ရက်တွင် ဂျိုင်၏ သတင်းကောင်းကို ထုတ်ပြန် ကြေညာနိုင်ရန် မျှော်လင့်ခဲ့သော်လည်း လက်ရှိ အချိန်ထိ မည်သည့် သဲလွန်စမျှ မရသေးဟု အိန္ဒိယမှ ကျားတို့၏ ဓလေ့သဘာဝ ကျွမ်းကျင်ပညာရှင် အမ်အက်စ် ရက်ဒေးက AFPသို့ ပြောကြားခဲ့သည်။ ဂျိုင်၏ လည်ပင်းတွင် အီလက်ထရောနစ် လမ်းညွှန်စနစ် လည်ပတ်ကို တပ်ဆင်ပေးထားပြီး ယင်းမှ အချက်ပြ သင်္ကေတများ ပျောက်ဆုံးသွားသည့်နောက် သစ်တော အမှုထမ်းများက စတင် စိုးရိမ်လာသည်။ ပြည်နယ် အစိုးရသည် ဂျိုင်ရှိနေမည့် နေရာကို သတင်းပေးနိုင်သူအား ဆုငွေ ရူပီး ငါးသောင်း (၇၄၅ ဒေါ်လာ) ချီးမြှင့်မည်ဟု ကြေညာထားသည်။ ဂျိုင်ပျောက်ဆုံးနေသည့်နောက် ၎င်းကို ချစ်ခင်သူများက ကျားကြီး ဘေးကင်းစေရန် ဘာသာရေး ယုံကြည်မှုအလိုက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သလို ဂျိုင်ကို အမြန်ဆုံး ရှာဖွေပေးရန် ဆန္ဒပြ တောင်းဆိုမှုများလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ 7day news
Source : http://ift.tt/2ah0L1R
via IFTTT
Source : http://ift.tt/2ah0L1R
via IFTTT
တရုတ်တွင် ပလပ်စတစ်အိတ်ထဲ ထည့်၍ စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးငယ် သေဆုံး
တရုတ်တွင် ပလပ်စတစ်အိတ်တစ်လုံးထဲထည့်၍ စွန့်ပစ်ခံရပြီး သေဆုံးသွားသည့် မွေးကင်းစကလေးငယ်၏ မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အသက် ၂၀ အရွယ်အမျိုးသမီးသည် ကလေးငယ် မွေးဖွားပြီး ၂ နာရီမျှအကြာတွင် ပန်းရောင်ပလပ်စတစ်အိတ်ထဲ ထည့်ယူလာကာ စွန့်ပစ်သွားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်ရှိ ဝမ်ရှီးအိုကျောင် ကျေးရွာမှ ဒေသခံများသည် မသင်္ကာစရာ ပလစ်စတစ်အိတ်ကို စူးစမ်းစစ်ဆေးရာမှ ကလေးငယ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကလေးကို ဆေးရုံသို့ အမြန်ဆုံးတင်ပို့ခဲ့ပြီး ဆရာဝန်များကလည်း ကလေးအသက်ဆက်ရှင်ရေးအတွက် ၄ နာရီကြာမျှ အစွမ်းကုန် ကြိုးစားကုသခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ရဲတပ်ဖွဲ့သည် အနီးအနားရှိ လုံခြုံရေး ကင်မရာ မှတ််တမ်းများကို ပြန်လည်စစ်ဆေးကာ ကလေး၏ မိခင်ဖြစ်သူကို ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးက သူမသည် ကလေး၏ ဖခင်မည်သူမည်ဝါဆိုသည်ကို တိတိကျကျ မပြောနိုင်သလို ကလေးငယ်ကို ကျွေးမွေးစောင့်ရှောက်ရန် ဝင်ငွေလုံးဝမရှိသဖြင့် ယခုလိုစွန့်ပစ်ခဲ့ရခြင်းဟု ထွက်ဆိုခဲ့သည်။ ဒေသခံသတင်းများက ကလေးသည် ယောက်ျားလေး၊ မိန်းကလေး တိတိကျကျ ဖော်ပြထားမှု မရှိချေ။ စုံထောက်များက လုံခြုံရေးကင်မရာ မှတ်တမ်းများကို ပြန်လည်စစ်ဆေးရာ အမျိုးသမီးသည် ကလေးငယ်ကို ပလပ်စတစ်အိတ်ထဲထည့်လာပြီး နေရာအနှံ့ ကြာမြင့်စွာ လျှောက်သွားနေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ အမျိုးသမီးသည် ယင်းအိတ်ကို နေအိမ်နှင့်ဝေးသည့် ကြုံရာနေရာတစ်ခုတွင် စွန့်ပစ်သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် ကုတ်အင်္ကျီအနီ၊ အနက်ရောင် ဘောင်းဘီရှည် ဝတ်ထားသည့် အမျိုးသမီး၏ နေအိမ်ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီး သူမကို ဖမ်းဆီးခဲ့သည်။ အမျိုးသမီးကလည်း ကလေးကို မွေးဖွားပြီး ၂ နာရီမျှအကြာတွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံသည်။ သူမက သေစေရန် ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခဲ့ခြင်းမဟုတ်ဟု ငြင်းဆိုခဲ့ပြီး ကလေး၏ဖခင် မည်သူမည်ဝါဆိုသည်ကိုလည်း ထုတ်မပြောနိုင်ခဲ့ချေ။ ရဲတပ်ဖွဲ့က ကလေးအနေဖြင့် အိတ်ထဲထည့်ယူလာသောကြောင့် အသက်ရှူကျပ်၍ သေဆုံးခြင်းလော၊ သို့တည်းမဟုတ် ကလေးကို သတ်ဖြတ်ရန် အားထုတ်ပြီးမှ ပလပ်စတစ်အိတ်ထဲ ထည့်ယူလာခြင်းလော ဆိုသည်ကို စုံစမ်းနေဆဲဟု ပြောကြားခဲ့သည်။ အကယ်၍ ကလေးကို သတ်ဖြတ်ရန် ကြံစည်မှုပါဝင်ပါက မိခင်ဖြစ်သူကို လူသတ်မှုဖြင့် တရားစွဲဆိုသွားမည် ဖြစ်သည်။
Source : http://ift.tt/2azgNHF
via IFTTT
Source : http://ift.tt/2azgNHF
via IFTTT
Eleven Broadcasting
ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ် ( နံနက် ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု) ■ မိုင်ဂျာယန်အစည်းအ၀ေး တတိယမြောက်နေ့တွင် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် နိုင်ငံသားများအား ကာကွယ်ရေးအချက် အပါအ၀င် ကာကွယ်ရေးနှင့် လုံခြုံရေး အခြေခံမူများအဖြစ် ဘုံသဘောထား စုစည်း ■ အခွန်ကောက်ခံရရှိမှုကို မည်ကဲ့သို့ ခွဲ၀ေသုံးစွဲနေကြောင်း ပြည်သူများ သိရှိအောင် ထုတ်ပြန်ပေးရန်လိုဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ပြောကြား ■ ကားဟောင်းအပ်နှံသည့် မူ၀ါဒအသစ်ကြောင့် စလစ်ဈေးမှာ တစ်စီးလျှင် ကျပ် ၁၀ သိန်း၀န်းကျင် မြင့်တက်လာ ■ ချင်းတွင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ကျေးရွာအချို့ရှိ အိမ်များတွင် လင့်စင်ထိုးနေရ ■ အချိန်တိုတောင်းမှုကြောင့် စိစစ်ရသောနေရာမှာ အားနည်းချက်အချို့ရှိခဲ့ဟု ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အဦများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီ၀င်ပြော ■ တင်းမာမှုမြင့်တက်နေသော တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နိုင်ငံက ရုရှားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မည့်အကြောင်း ကြေညာချက်ထုတ်ပြန်
Source : http://ift.tt/2arSdZl
via IFTTT
Source : http://ift.tt/2arSdZl
via IFTTT
Eleven Broadcasting
အခွန်ကောက်ခံရရှိမှုကို မည်ကဲ့သို့ ခွဲ၀ေ သုံးစွဲနေကြောင်း ပြည်သူများ သိရှိ အောင်ထုတ်ပြန် ပေးရန် လိုဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ပြောကြား (ရုပ်သံ) အခွန် ကောက်ခံရရှိမှုကို ဘယ်လို သုံးစွဲနေတယ် ဆိုတာ ပြည်သူတွေ သိရှိအောင် ရှင်းလင်းစွာ ထုတ်ပြန်ပေးဖို့ လိုတယ်လို့ ပုလဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ကပေးပို့တဲ့ ၂၀၁၅-၂၀၁၆ခုဘဏ္ဏာရေးနှစ် ဒုတိယခြောက်လပတ် လျာထားချက်ကို အခွန် ကောက်ခံရရှိမှု အခြေအနေ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီရဲ့ လေ့လာတွေ့ ရှိချက်နဲ့ သဘောထား မှတ်ချက် အစီရင်ခံစာ ၁/၂၀၁၆ ကို ဇူလိုင်လ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအ၀ေးဒုတိယနေ မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးမှုမှာ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီ အစီရင်ခံစာကို ဒဂုံမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်၊ ပုလဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃က ဒေါက်တာမြတ်ဉာဏစိုး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်၇ ကဦးကျော်သိန်းတို့က ဆွေးနွေးခဲ့တာပါ။
Source : http://ift.tt/2aflsLG
via IFTTT
Source : http://ift.tt/2aflsLG
via IFTTT
The Voice
အုပ်ချုပ်ရေး ကိစ္စရပ်များကို မွန်ပြည်သစ်ပါတီမှ မစွက်ဖက်ရန် ကရင် နယ်/လုံဝန်ကြီးဌာန သတိပေး -------------------------------------------------------- အစိုးရအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို မွန်ပြည်သစ်ပါတီမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် တားမြစ် ကန့်ကွက်စာကို ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်က ပေးပို့ခဲ့ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်၊ မင်းရွာစံပြကျေးရွာနေ မင်းလှဘော်ပါ လေးဦးကို မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်ငါးဦးက မူးယစ်ဆေးဝါးများ တွေ့ရှိသည်ဟုဆိုကာ ဇွန် ၅ ရက်က ဝဲရိတ်ကျေးရွာရှိ မွန်ပြည်သစ်ခရိုင်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းအပေါ် ပြည်သူများက ဥပဒေဖောက်ဖျက် ကျူးလွန်ခဲ့ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ သတင်းပေးကာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောဆိုသည်။ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသော ဦးမင်းလှဘော်ကို ဝဲရိတ်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ ခရိုင်ရုံးတွင် ခြေကျင်းခတ်ထားကြောင်း ဒေသခံများပြောဆိုမှုကြောင့် ဦးမင်းလှဘော်၏ မိခင်ဖြစ်သူ ဒေါ်ကွက သားဖြစ်သူကို ခြေကျင်းမခတ်ထားရန် သွားရောက်ပြောဆိုခဲ့ရာ ဦးမင်းလှဘော် ထွက်ပြေးပါက ကျပ်သိန်း ၃၀၀ ပေးရမည်ဟုဆိုကာ ယင်းတပ်ဖွဲ့ဝင်များက ပြောဆိုသဖြင့် မရွှေ့မပြောင်းနိုင်သည့် ငွေကျပ်သိန်း ၃၀၀ တန် ပိုင်ဆိုင်မှုကို ခံဝန်ချုပ်ဆိုပေးခဲ့ရကြောင်း ကရင်ပြည်နယ် ဌာနဆိုင်ရာများ၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို နယ်မြေခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ၎င်းတို့သဘောဆန္ဒဖြင့် လုပ်ကိုင်ခြင်းမှာ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဥပဒေမဲ့လုပ်ကိုင် ဆောင်ရွက်နေသလိုဖြစ်နေကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။ လက်ရှိတွင် အဖမ်းခံရသော မင်းလှဘော်ပါဝင်သော လေးဦးမှာ ဝဲရိတ်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ ခရိုင်ရုံးတွင် မရှိတော့ဘဲ မွန်ပြည်သစ် ပါတီ ဗဟိုဌာနချုပ်ရုံးစိုက်ရာ ရေးမြို့နယ် (ချောင်းဖျား) ဘက်သို့ ပြောင်းရွေ့ ထားကြောင်း နိုင်လှဘော်၏ မိခင်က ပြောဆိုသည်။ မကြာသေးမီက မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ထွက်ပြေးသည်ဟုဆိုကာ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် ရွာသားတစ်ဦးသေဆုံးခဲ့မှုကို ကရင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက သေနတ်နှင့်ပစ်ခဲ့သည့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်ကို ဥပဒေအရ ဆောင်ရွက်မှု ခံယူရန် တောင်းခံထားပြီး ကန့်ကွက်စာကိုလည်း ထုတ်ပြန်ခဲ့သည်။
Source : http://ift.tt/2arT7Fc
via IFTTT
Source : http://ift.tt/2arT7Fc
via IFTTT
Eleven Media Group
လှိုင်မြို့နယ်တွင် အသက် ၆ဝ ကျော်အ ရွယ် အမျိုးသားတစ်ဦးအား မီးချောင်းကျိုးဖြင့်ထိုးပြီး ဝါးရင်းတုတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်ထိုးသတ်မှု ဇူလိုင် ၂၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီခန့်က လှိုင်မြို့နယ် (၆) ရပ်ကွက် သုခလမ်းတွင် နေထိုင်သည့် ဦး...... (၆၂ နှစ်) သည် တက္ကစီမောင်းနှင်ရန်အတွက် နေအိမ်တိုက်အောက်သို့ ဆင်းလာခဲ့ကြောင်း သိရသည်။ ထို့နောက် နေအိမ်တိုက်အောက်သို့ ရောက်ပြီး လှေကားသော့ပိတ်နေစဥ် ၎င်းနှင့် တစ်ရပ်ကွက်တည်းတွင် နေထိုင်သည့် အောင်ကျော်ဖြိုး (ခ) ကိုဖြိုး (၃၅ နှစ်) ဆိုသူမှာ နှစ်ပေမီးချောင်းအကျိုး ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦး.......(၆၂ နှစ်) ၏ လည်ပင်းအား ထိုးခဲ့ကြောင်း သိရသည်။ ယင်းသို့ မီးချောင်းဖြင့် အထိုးခံရပြီး ဦး......မှာ အနီးရှိ မုန့်ဟင်းခါးဆိုင်အတွင်း ပြေးဝင်လာရာ အဆိုပါ ဆိုင်အတွင်း၌ လဲကျသွားခဲ့ပြီး အောင်ကျော်ဖြိုးမှ လိုက်လာခဲ့ကာ ထပ်မံ၍ ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ထိုးသတ် ခဲ့ကြောင်း သိရသည်။ ထိုသို့ ထိုးခံရသဖြင့် ဦး.....(၆၂ နှစ်) မှာ ဝဲဘက်လည်ပင်း ပြတ်ရှထိုးသွင်းဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာနှင့် မေးအောက် ပြတ်ရှဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းသို့ လူသတ်မှုကျုးလွန်ခဲ့သည့် အောင်ကျော်ဖြိုး (ခ) ကိုဖြိုးမှာ အခင်းဖြစ်ပွားခဲ့သည့် လှိုင်မြို့နယ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်ပြီး ယခင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဦး.....(၆၂ နှစ်)အား အုတ်ခဲဖြင့် ဦးခေါင်းအား ထုခဲ့ဖူးကြောင်း၊ ထို့ပြင် ဦး.......(၆၂ နှစ်) ကားမောင်းစဥ် ကားအား ဘီယာပုလင်းဖြင့် ရိုက်ခဲ့ဖူးသော်လည်း အောင်ကျော်ဖြိုး၏ မိဘများ တောင်းပန်မှုကြောင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်း မရှိခဲ့ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ “သတ်တဲ့သူနဲ့ ကျွန်တော်နဲ့ သိပါတယ်။ ကျွန်တော့်ဦးလေးကို ရန်ငြှိုးရန်စ မရှိဘဲ အရင်က အုတ်ခဲနဲ့တစ်ကြိမ်၊ ပုလင်းနဲ့တစ်ကြိမ် ရန်ပြုဖူးတယ်။ အဲဒီကတည်းက သူ့အဖေ အုပ်ချုပ်ရေးမှူးကို ‘ဦးလေးသား ဆေးကွဲနေပြီ။ သေချာထိန်းပေးထား’ လို့ ပြောလိုက်သေးတယ်။ အခုတစ်ကြိမ်မှာလည်း ဘာရန်ငြိှုး ရန်စမှ မရှိဘဲ ဆေးကွဲပြီး ကျွန်တော့်ဦးလေးကို မသေမချင်း သတ်သွားတာ” ဟု အသတ်ခံရသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “ကျုးလွန်တဲ့သူကိုတော့ အခင်းဖြစ်ပွားပြီး နာရီပိုင်း အကြာမှာပဲ ကျုးလွန်သူရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အရက်သေစာ သောက်စားထားလား၊ မူးယစ်ဆေးဝါး သုံးစွဲထားလား ဆိုတာကတော့ ဆေးစစ်ချက် အဖြေရမှ သိရမှာပါ။ ကျုးလွန်တဲ့သူက အိမ်ထောင်ကွဲထားတယ်လို့ သိရပြီး ညဘက်လည်း မအိပ်ဘူး။ အရက်လည်း သောက်သုံးတတ်သူ ဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်အရ သိရပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ အဆိုပါဖြစ်စဥ်အား လှိုင်မြို့မရဲစခန်းက (ပ)၇ဝ၃/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး ကျုးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ Writer: မင်းသိန်းနိုင်၊ သီဟ
Source : http://ift.tt/2adTSiS
via IFTTT
Source : http://ift.tt/2adTSiS
via IFTTT
Thursday, July 28, 2016
ကုမ္ပဏီ၏ ပထမဦးဆုံး လက်တော့ပ်ကို Xiaomi မိတ်ဆက် (နောင်နောင်) =================== မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော ပွဲတွင် Xiaomi က Redmi Pro စမတ်ဖုန်းနှင့်အတူ ကုမ္ပဏီ၏ ပထမဦးဆုံး လက်တော့ပ်ဖြစ်သော Mi Notebook Air ကို မိတ်ဆက်ပေးခဲ့သည်။ Windows 10 ဖြင့်အသုံးပြုနိုင်မည့် Mi Notebook Air ကို စွမ်းဆောင်ရည်မြင့် ၁၃.၃ လက်မနှင့် အလွယ်တကူသယ်ဆောင်သွားနိုင်မည့် ၁၂.၅ လက်မဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် ရရှိနိုင်သည်။ နှစ်မျိုးစလုံးတွင် ပါးလျသည့်ကိုယ်ထည်၊ 1080p display နှင့် backlit ကီးဘုတ်အပြင် USB Type-C charging port တို့ပါဝင်သည်။ ဈေးအကြီးဆုံးအမျိုးအစားက ၄,၉၉၉ ယွမ် (၇၅၀ ဒေါ်လာ) ဖြစ်သည်။ ၁၃.၃ လက်မ အမျိုးအစား၏ အထူသည် ၁၄.၈ မီလီမီတာသာရှိပြီး အလေးချိန်က ၁.၂၈ ကီလိုဂရမ်ဖြစ်သည်။ Intel Core i5-6200U processor (2.7GHz အထိ) နှင့် NVIDIA GeForce 940MX GPU (1GB GDDR5 RAM) ဖြင့် ရရှိနိုင်သည်။ 8GB DDR4 RAM, 256GB SSD နှင့် အခမဲ့ SATA slot တစ်ခုပါဝင်သည်။ 40Wh ဘက်ထရီက ၉.၅ နာရီအထိ အသုံးပြုနိုင်ပြီး USB-C charger ကို အသုံးပြုကာ ၀ မှ ၅၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်း အားသွင်းနိုင်သည်။ အရွယ်သေးငယ်သည့် ၁၂.၅ လက်မ အမျိုးအစားမှာ ပိုမိုပါးလွှာပေါ့ပါးသည်။ အထူက ၁၂.၉ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁.၀၇ ကီလိုဂရမ်ဖြစ်သည်။ Intel Core M3 CPU, 4GB RAM နှင့် 128GB SSD တို့ဖြင့် အသုံးပြုနိုင်သည်။ USB 3.0 port တစ်ခုနှင့် HDMI port တစ်ခုပါဝင်သည်။ ဘက်ထရီမှာ ၁၃.၃ လက်မထက် နှစ်နာရီပိုမိုကြာမြင့်စွာ အသုံးပြုနိုင်သည်။ တန်ဖိုးက ၃,၄၉၉ ယွမ် (၅၂၀ ဒေါ်လာ) ဖြစ်သည်။ Mi Notebook Air ကို တရုတ်နိုင်ငံတွင် ဩဂုတ် ၂ ရက်မှစတင်ကာ ရောင်းချမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ ရောင်းချမည့်အချိန်ကိုမူ ကုမ္ပဏီမှ ပြောကြားခဲ့ခြင်း မရှိပေ။ Ref: Engadget
Source : http://ift.tt/2adUGbC
via IFTTT
Source : http://ift.tt/2adUGbC
via IFTTT
Eleven Broadcasting
ပြည်တွင်းမှာ ငါး၊ ပုစွန်ကုန်ကြမ်းရှားပါးမှုကြောင့် ရေလုပ်ငန်းအအေးခန်းစက်ရုံများ ပုံမှန်လည်ပတ်နိုင်ရန် Re-export စနစ်ကို တောင်းဆိုမည် (ရုပ်သံ) ပြည်တွင်းမှာ ငါး၊ ပုစွန်ကုန်ကြမ်း ရှားပါးမှုကြောင့် ရေလုပ်ငန်း အအေးခန်းစက်ရုံတွေ ပုံမှန်လည်ပတ် နိုင်ဖို့ Re-export စနစ်ကို ခွင့်ပြုပေးဖို့ ရေလုပ်ငန်းရှင်တွေက တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ Re-export ဆိုတဲ့ စနစ်ကတော့ ပြည်ပကနေ တင်သွင်းလာတဲ့ ရေလုပ်ငန်းဆိုင်ရာ ကုန်ကြမ်းပစ္စည်းတွေကို ပြည်တွင်းမှာ အချောသတ်ပို့ကုန်အဖြစ် ပြင်ဆင်ထုတ်ပိုးပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည် တင်ပို့ရောင်းချတဲ့ စနစ်ဖြစ်ပါတယ်။
Source : http://ift.tt/2agziQg
via IFTTT
Source : http://ift.tt/2agziQg
via IFTTT
7Day TV
ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေအတွက် ရွေးချယ်မယ့် Miss Golden Land Myanmar ဇူလိုင် - ၂၈၊ ၂၀၁၆ တတိယအကြိမ်မြောက် ပြုလုပ်တဲ့ Miss Golden Land Myanmar ပြိုင်ပွဲက ကမ္ဘာ့အဆင့်အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် အလှမယ် ၆ ဦးကို ရွေးချယ်တော့မှာပါ။ လက်ရှိမှာတော့ Miss Golden Land Myanmar 2016 အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ရွေးချယ်ထားတဲ့ ဆန်ကာတင်အလှမယ် အယောက် ၂၀ ရှိနေပါတယ်။ အခုနှစ်ရွေးချယ်မှုမှာ သရဖူဆွတ်ခူးရရှိတဲ့ အလှမယ် ၆ ဦးဟာ Miss Earth ၊ Miss Supranational ၊ Miss Intercontinental ၊ Face of Beauty International ၊ Miss Tourism နဲ့ Miss Globe စတဲ့ကမာ္ဘ့အဆင့် အလှမယ်ပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ #MissGoldenLandMyanmar2016 #တတိယအကြိမ်မြောက် #အလှမယ်၆ဦး #7DayNews #7DayTV
Source : http://ift.tt/2afEHDK
via IFTTT
Source : http://ift.tt/2afEHDK
via IFTTT
ပစိဖိတ် သမုဒ္ဒရာထဲတွင် ကျက်စားနေသည့် မှတ်တမ်းမတင်ရသေးသည့် ဝေလငါး မျိုးစိတ်သစ်တစ်ခု ရှာတေ�
ပစိဖိတ် သမုဒ္ဒရာထဲတွင် ကျက်စားနေသည့် မှတ်တမ်းမတင်ရသေးသည့် ဝေလငါး မျိုးစိတ်သစ်တစ်ခု ရှာတွေ့ ============ လွန်ခဲ့သည့် ၁၂ နှစ်ခန့်က ရှာဖွေတွေ့ရှိခဲ့သည့် ဝေလငါး အသေကောင် တစ်ကောင်သည် မှတ်တမ်း လုံးဝ မရှိသေးသည့် မျိုးစိတ်သစ် တစ်ခုအဖြစ် ပညာရှင်များက အတည်ပြု သတ်မှတ်လိုက်သည်။ အဆိုပါ ဝေလငါးကို ၂၀၀၄ ခုနှစ်က အလက်စကားရှိ ဘာရင်ပင်လယ်ကမ်းစပ် စိန့်ဂျော့ဂ်ျမြို့ အနီးတွင် လာရောက် သောင်တင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ၂၄ ပေ ရှည်လျားသည့် ဝေလငါး အသေကောင်ကြီးကို အစောပိုင်းက နှုတ်သီးချွန် ဝေလငါး မျိုးနွယ်အဖြစ် ယူဆခဲ့သော်လည်း နိုင်ငံတကာ ပညာရှင်များ ပါဝင်သည့် အဖွဲ့က DNA စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လုံးဝ ရှာမတွေ့ဖူးသေးသည့် ဝေလငါး မျိုးစိတ်သစ် တစ်ခုအဖြစ် ကြေညာခဲ့သည်။ ယင်းဝေလငါးသည် ယေဘုယျ တွေ့မြင်ရလေ့ရှိသည့် နှုတ်သီးချွန် ဝေလငါးများထက် အရောင်အဆင်း ပိုမိုနက်မှောင်ပြီး ကိုယ်အလျားမှာလည်း နှုတ်သီးချွန် ဝေလငါးများနှင့် ယှဉ်လျှင် သုံးပုံနှစ်ပုံမျှသာ ရှိသည်။ ဝေလငါး အသေကောင်၏ မျိုးဗီဇ စစ်ဆေးမှုများကို ဆယ်စုနှစ်နှင့်ချီ လေ့လာဆန်းစစ်ခဲ့ပြီးနောက် အမည်မပေးရသေးသည့် မျိုးစိတ်သစ် တစ်ခုအဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါ ဝေလငါး မျိုးစိတ်သစ်သည် ဂျပန်မြောက်ပိုင်းမှစ၍ ပစိဖိတ် သမုဒ္ဒရာ တနံတလျားကို ဖြန့်ကျက်ကာ အလက်စကားရှိ အေလူရှန် ကျွန်းစုများထိ ဖြန့်ကျက် နေထိုင် ကျက်စားသည်ဟု ယုံကြည်ရသည်။ National Geographic၏ အဆိုအရ ဝေလငါး အသေကောင်ကို ရှာတွေ့စဉ် ကတည်းက နှုတ်သီးချွန် ဝေလငါးများထက် အလွန် အရောင်ရင့်ပြီး နောက်ကျောဘက်ရှိ ဆူးတောင်မှာလည်း ပိုမို ကြီးမားနေသည်ကို ပညာရှင်များက သတိပြုမိခဲ့ကြောင်း သိရသည်။ ထိုဝေလငါးသည် အသက်အရွယ် ကြီးရင့်နေသည့် အခြေအနေရှိပြီး အရွယ်အစားအားဖြင့် အရွယ်ရောက်ပြီး နှုတ်သီးချွန် ဝေလငါး တစ်ကောင်ထက်လည်း သိသိသာသာ သေးငယ်နေသည်။ “အဲဒီကတည်းက ကျွန်မတို့ သိမြင်ပိုင်းခြားနိုင်တဲ့ နယ်ပယ်ထဲက ဝေလငါး မျိုးစိတ်တစ်ခု မဟုတ်လောက်ဘူး ဆိုတာကို သတိတော့ ထားမိခဲ့တယ်”ဟု အဏ္ဏဝါ ဂေဟဗေဒ ပညာရှင် မစ်ချယ်လ် ရစ်ဂ်ျဝေးက ပြောကြားခဲ့သည်။ သိပ္ပံပညာရှင် အဖွဲ့တစ်ခုသည် ပစိဖိတ် တနံတလျားမှ နှုတ်သီးချွန် ဝေလငါး ၁၇၈ ကောင်၏ DNA နမူနာများကို စုဆောင်းရယူကာ ယခုဝေလငါး အသေကောင်၏ DNAနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။ အလက်စကားတွင် ရှာတွေ့ခဲ့သည့် ဝေလငါး အသေကောင်သည် ယခုအခါ အရိုးစု အဖြစ်သာ ကျန်ရှိတော့ပြီး Ravenဟု အမည်ပြောင် ပေးထားကာ အမေရိကန်ရှိ အူနာလာစကာ အထက်တန်းကျောင်း ပြတိုက်တွင် ချိတ်ဆွဲထားကြောင်း သိရသည်။
Source : http://ift.tt/2agzkrd
via IFTTT
Source : http://ift.tt/2agzkrd
via IFTTT
နာပိုလီ တိုက်စစ်မှူး ဟီဂူအင်ကို ယူရိုသန်း ၉၀ ဖြင့် ဂျူဗင်တပ်စ်အသင်း ခေါ်ယူ
နာပိုလီအသင်း၏ တိုက်စစ်ကစားသမား ဟီဂူအင်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ ဖြင့် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူနိုင်ခဲ့ပြီဟု ဘီဘီစီ သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
Source : http://goo.gl/2L4xbM
via IFTTT
Source : http://goo.gl/2L4xbM
via IFTTT
စိတ်ကြွဆေးပြား၃ သိန်းခန့် လက်၀ယ်ထားရှိမှုဖြင့် နယ်ခြားစောင့်ရဲ ၇ ဦးကို ဖမ်းဆီးစစ်ဆေးနေ (စံပေါ်) ================ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူ (နတလ) နယ်ခြားစောင့်ရဲကင်းခန်းမှ ရဲကင်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲတပ်ဖွဲ့၀င် ၇ ဦးတို့ကို စိတ်ကြွဆေးပြား ၃ သိန်းခန့် လက်၀ယ်ထားရှိမှုဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်း ရရှိသည်။ အဆိုပါ ဖမ်းဆီးခြင်းကို ဇူလိုင် ၂၆ ရက်နေ့က မောင်တောမြို့နယ် အမှတ် ( ၂ ) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး တင့်ဇော်ဦးကိုယ်တိုင် သတင်းအရ သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။ “နယ်ခြားစောင့်ရဲကင်းမှာ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့က ဖမ်းမိ တာ ပါ။ အခု တော့ အဲဒီတရားခံ ရဲတပ်ဖွဲ့၀င် ၇ ဦးကို ဖမ်းဆီးပြီးတော့ အလယ်သံကျော် နယ်မြေ စခန်း မှာ ချုပ်နှောင်ပြီး စစ်ဆေးနေတယ်လို့သိရပါတယ်” ဟု အဆိုုပါ ရဲအရာရှိက ပြောသည်။ မောင်တောမြို့နယ် နယ်ခြားစောင့်ရဲကွပ်ကဲမှုလက်အောက်ခံ ကျောက်ပန္တူ ( နတလ ) နယ်ခြားစောင့်ရဲကင်း အတွင်း ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား ၃ သိန်းခန့်ကို စခန်း စားရိပ်သာ စားဖိုဆောင်အတွင်း မြေကြီး ထဲတွင် မြှုပ်နှံထားခြင်းဖြစ်ပြီး ယင်းစိတ်ကြွဆေးများတွင် WY စာတမ်းပါ ပန်းရောင်ဆေးပြား စုစု ပေါင်း ၂၉၂၅၀၀ ပြား ၊ အလေးချိန်အားဖြင့် ၂၉ ဒသမ ၂၅ ကီလိုဂရမ်ခန့် စုစုပေါင်း တန်ဖိုးကျပ်သိန်း ၅၈၅၀ ခန့်ရှိ ကြောင်း သိရှိရသည်။ ကျောက်ပန္တူ ရဲကင်းမှူး တပ်ကြပ်မောင်မောင်လေးနှင့် ရဲတပ်ဖွဲ့၀င် နှစ်ဦးတို့ သည် ဇူလိုင်လ ၂၃ ရက်နေ့ က ရဲကင်းစခန်း၏ အနောက်မြောက်ဘက်တွင်တည်ရှိသော မောင်တော- အငူမော် ကားလမ်းဘေးတွင် စိတ်ကြွဆေးပြား များထည့်ထားသော ပီနံအိတ် တစ်လုံးအားတွေ့ ရှိခဲ့ရာမှ ရဲကင်းစခန်းသို့ ယူဆောင်ကာ မြေကြီးထဲတွင် မြှပ်နှံထားခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။ ယင်းအမှုနှင့်ပတ်သက်၍ ကျောက်ပန္တူ ( နတလ ) နယ်ခြားစောင့်ရဲကင်းစခန်းမှ ရဲကင်းမှူး ရဲတပ်ကြပ် မောင်မောင်လေး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င် ၇ ဦးကိုု ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မောင်တောမြို့နယ် အလယ်သံကျော်နယ်မြေရဲစခန်းတွင် ချုပ်နှောင် ထားပြီး စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း သိရသည်။
Source : http://goo.gl/w5xxtE
via IFTTT
Source : http://goo.gl/w5xxtE
via IFTTT
နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဆဲဆိုပုတ်ခတ်ထားသည့် အသံဖိုင်ကို အသံချဲ့စက်ဖြင့် ဖွင့်ခဲ့သူအား ပြည်မြို့နယ် ၀က်ထီးကန် ရဲစခန်းတွင် အမှုဖွင့်ထား နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆဲဆိုပုတ်ခတ်ထားသည့် အသံဖိုင်ကို အသံချဲ့စက်ဖြင့် ဖွင့်လှစ်ခဲ့သူအား ပဲခူးတိုင်း ပြည်မြို့နယ် ၀က်ထီးကန် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါ အသံဖိုင်ကို ဖွင့်ခဲ့သည့် ၀က်ထီးကန်၊ အင်လျှားကျေးရွာတွင် နေထိုင်သည့် ကိုမျိုးချစ်အား ဇူလိုင် ၂၆ ရက် ညက NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်ငွေက တရားလိုပြုလုပ်ကာ (ပ)၇၀/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄၊ ၅၀၀ တို့ဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး အာမခံပေးထားကြောင်း သိရသည်။ “ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားတာမှာ သူက ထပ်ဖွင့်လို့ အမှုဖွင့်လိုက်တာပါ။ ခွေထဲမှာ ပါတာတွေက မကြား၀ံ့ မနာသာတွေချည်းပဲ။ အဲဒါကြောင့် မြို့ပေါ်က ပါတီလူကြီးတွေနဲ့ တိုင်ပင်ပြီး အမှုဖွင့်တယ်။ ဒီနေ့ကတော့ အစစ်ခံဖို့ ရောက်နေတာပါ” ဟု သက်သေလိုက်ခဲ့သည့် ရွာခံ ဦးပြည်အေးက ပြောကြားသည်။ ယင်းအသံဖိုင်တွင်း မကြား၀ံ့ မနာသာ ဆဲရေးတိုင်းထွာထားသည်များ ပါ၀င်ခဲ့ပြီး သက်သေခံအဖြစ် ဖုန်းကို သိမ်းဆည်းထားကြောင်း သက်သေလိုက်ပါခဲ့သည့် ရွာခံက ပြောကြားသည်။ Writer: ၀ေလင်း(ပြည်)
Source : http://ift.tt/2afoQF3
via IFTTT
Source : http://ift.tt/2afoQF3
via IFTTT
7Day TV
7DayTV ဖေ့စ်ဘွတ်ခ်တစ်ခွင် ဇူလိုင် - ၂၈၊ ၂၀၁၆ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ နေ့စဉ်နဲ့အမျှပြောဆိုဆွေးနွေးနေကြတဲ့ အကြောင်းအရာတွေကို 7DayTV ရဲ့ ဖေ့စ်ဘွတ် တစ်ခွင် ကဏ္ဍကနေ နေ့လယ် ၁၂ နာရီအချိန်တိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။ 7Day Daily သတင်းစာ စတင်ထုတ်၀ေခဲ့တဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကပင် ဖေ့စ်ဘွတ်ခ်တစ်ခွင် ကဏ္ဍကို တင်ဆက်ခဲ့တာ ဖြစ်ပြီး မေ ၄ ရက်က စတင်ပြီး 7DayDaily သတင်းစာ ဖေ့စ်ဘွတ်တစ်ခွင်ကို ရုပ်သံအဖြစ် 7DayTV ပရိသတ်ကြီးကို တင်ဆက်ပေးနေပါတယ် #ဖေ့စ်ဘွတ်ခ်တစ်ခွင် #7DayNews #7DayTV
Source : http://ift.tt/2agj09L
via IFTTT
Source : http://ift.tt/2agj09L
via IFTTT
Eleven Broadcasting
မိုင်ဂျာယန်အစည်းအ၀ေး ဒုတိယနေ့တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ရှစ်ချက်ကို ဘုံသဘောထားချမှတ်နိုင်ခဲ့ (ရုပ်သံ) ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီအစည်းအ၀ေး ဒုတိယနေ့ဖြစ်တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူရှစ်ချက်ကို တညီတညွတ်တည်း ဘုံသဘောထားချမှတ်နိုင်ခဲ့တယ်လို့ ဒုတိယနေ့အစည်းအ၀ေးအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အစည်းအ၀ေး ဒုတိယနေ့မှာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စအပြင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအခြေခံမူတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
Source : http://ift.tt/2afm1UO
via IFTTT
Source : http://ift.tt/2afm1UO
via IFTTT
7Day TV
ဆံရစ်၀ိုင်းလေးနဲ့ တက္ကသိုလ်ကျောင်းသူ ဇူလိုင်-၂၇၊ ၂၀၁၆ အညာမြေ ရွှေဘိုတက္ကသိုလ်အတွင်းမှာ ဆံရစ်၀ိုင်းလေးနဲ့ ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။ ခင်မျိုးဦးဆိုတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ ငယ်ငယ်ထဲက အဖိုးညှပ်ပေးခဲ့တဲ့ ဆံရစ်၀ိုင်းလေးကို တက္ကသိုလ် ကျောင်းသူ ဘ၀အထိ ပုံစံ မပြောင်းဘဲ သနပ်ခါးပါးကွက်ကြားနဲ့ ကျောင်းတက်နေတာဖြစ်ပါတယ်။ #ရွှေဘိုတက္ကသိုလ် #ဆံရစ်ဝိုင်း #မခင်မျိုးဦး #7DayNews #7DayTV
Source : http://ift.tt/2aLPlE5
via IFTTT
Source : http://ift.tt/2aLPlE5
via IFTTT
ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ ရခိုင် အမျိုးသားပါတီကို ၀ေဖန် (မိုးမြင့်) ================ နို၀င်ဘာလ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်းတွင် ပါတီကို ထောက်ခံ ပေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရခိုင် အမျိုးသားပါတီ(ANP) က ၎င်းတို့ကို ဥပေက္ခာ ပြုထားခဲ့ခြင်းနှင့် ရခိုင် အမျိုးသားရေး လှုပ်ရှားမှုတွင် စုစည်းမှုကို ထိန်းသိမ်း ထားနိုင်ရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် ရန်ကုန်အခြေစိုက် ရခိုင် အရပ်ဘက် အဖွဲ့အစည်းများက ရခိုင် အမျိုးသားပါတီ (ANP) ကို ၀ေဖန်ခဲ့ကြသည်။ ဇူလိုင်လ ၂၀ ရက်နေ့ရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဓည၀တီ ဘုန်းတော်ကြီးကျောင်း၌ ANP ပါတီ ခေါင်းဆောင်များက ရန်ကုန် အခြေစိုက် ရခိုင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော် နှင့် ပထမဆုံး အကြိမ်အဖြစ်တွေ့ဆုံခဲ့ရာတွင် ထိုသို့ ၀ေဖန်ခဲ့ကြခြင်း ဖြစ်စေသည်။ အဆိုပါ တွေ့ဆုံပွဲကို အစီအစဉ် ၃ ခုဖြင့် ကျင်းပခဲ့သည်။ လာမည့် တနင်္ဂနွေနေ့တွင် ANP မှ ဦးဆောင်၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ တခုကျင်းပရေးအတွက် ပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်၏ အရေး ကိစ္စများကို ဖြေရှင်းရာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရန်ကုန်မှ ရခိုင်အသိုင်းအ၀ိုင်းများ လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ စသည်တို့ဖြစ်သည်။ အစည်းအ၀ေးတွင် ANP ဥက္ကဌ ဒေါက်တာအေးမောင်က ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် ပတ်သက်သည့် ရှင်းလင်းပွဲမှာ ထိုဥပဒေ၏ အားနည်းချက်နှင့် အားသာချက်များကို ပြည်သူလူထုသို့ ပညာပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဘင်္ဂါလီများကို အကြိုအဆင့်အနေဖြင့် လက်မှတ်များ ထုတ်ပေးနိုင်ရေး အဆိုပါ ဥပဒေ၏ ယိုပေါက်များ မည်ကဲ့သို့ ရှာနေသည်နှင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျှက်ရှိသော နိုင်ငံသား စိစစ်ရေး ဆောင်ရွက်ချက် လုပ်ငန်းစဉ်များ အခြေအနေတို့အား ရှင်းလင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစည်းအ၀ေးသို့ ရခိုင်တိုင်းရင်းသား ဥပဒေ ကျွမ်းကျင်သူများလည်း တက်ရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေသည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါ၀င်သည့် အသိုင်းအ၀ိုင်းများကို လက်ရှိအချိန်ထိ နိုင်ငံသား ဖြစ်ခွင့်မှ ထိထိရောက်ရောက် တားဆီးထားသောအရာ ဖြစ်ပါသည်။ ယင်းထဲတွင် ရခိုင်ပြည်နယ်ထဲမှ (မိမိကိုယ်ကို ရိုဟင်ဂျာ ဟုခေါ်ဆိုကြသည့်) လူနည်းစု မွတ်ဆလင်အများ ပါ၀င်သည်။ ၄င်းတို့မှာ နိုင်ငံမဲ့များအဖြစ် ကျန်ရစ်နေပြီး ANP ပါတီနှင့် ရခိုင် အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာပြည်သူအများစုနှင့် အစိုးရအဖွဲ့ ၏ အရေးပါသော အခန်းကဏ္ဍများက ၎င်းတို့ုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်ရောက်ရှိလာသော ဘင်္ဂလီများဟု တောက်လျှောက်ခေါ်ဆို သတ်မှတ်ထားကြပါသည်။ ဇူလိုင်လ ၂၀ရက်နေ့ တွေ့ဆုံပွဲတွင် ရခိုင်လူငယ်တက်ကြွလှုပ်ရှားသူ ကိုစစ်ငြိမ်းက ရွေးကောက်ပွဲကာလအတွင်း ရန်ကုန်မှ ရခိုင်တိုင်းရင်းသား အရပ်ဖက်လူမှုအသိုင်းအ၀ိုင်းများက ANP ကို တခဲနက် အားပေး ထောက်ခဲ့ကြသော်လည်း ရွေးကောက်ပွဲ နောက်ပိုင်းတွင် ANP ပါတီ ကိုယ်စားလှယ်လောင်းများသည် ရန်ကုန် အခြေစိုက် ရခိုင် လူမှု အသိုင်းအ၀ိုင်းနှင့် အဆက်အသွယ် မရှိခဲ့ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို တိုက်ရိုက်ပြောကြားခဲ့ပါသည်။ ထို့အပြင် ရွေးကောက်ပွဲနောက်ပိုင်းတွင် ‘‘ပါတီတွင်းတိုက်ပွဲများ’’ ရှိခဲ့၍ နိုင်ငံတ၀န်းမှ ရခိုင့် လူမှု အသိုင်းအ၀ိုင်းကြားတွင် စည်းလုံးမှု ကြီးမားစွာ ပျက်ပြားခဲ့ရသည်ဟု ထောက်ပြပြောဆိုခဲ့သည်။ “ကျနော်တို့ အားထားရမယ့် ဖခင်တယောက် လိုအပ်ပါတယ်” ဟု ကိုစစ်ငြိမ်းက အင်အားကောင်းသည့် ရခိုင် တိုင်းရင်း သား ပါတီ တခုလိုအပ်ချက်ကို သရုပ်ဖော်ပြခဲ့သည်။ သူတို့အနေဖြင့် ပါတီအပေါ် မှီခို၍ ရနိုင်ခြင်းရှိမရှိ ကိုလည်း မေးခွန်း ထုတ်ခဲ့သည်။ “ ANP က ကျနော်တို့အတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲဆိုတာ ကျနော့်ကို ပြပါ” ဟု သူကပြောသည့်အခါ အစည်းအ၀ေးခန်းမ တစ်ခုလုံး လက်ခုပ်သံများဖြင့် ဖုံးလွှမ်းသွားသည်။ သူတို့၏ ရွေးကောက်ပွဲမဲဆွယ် လှုပ်ရှားမှုကို ရန်ကုန်အခြေစိုက် ရခိုင်လူမှုအသိုင်း အ၀ိုင်းများ အားလုံးက ထောက်ခံပေးရန် ANP ကိုယ်စားလှယ်လောင်းများက မည်သို့ ဆောင်ရွက်ခဲ့သည်ကို ကိုစစ်ငြိမ်းက ပြန်ပြောပြခဲ့သည်။ မဲဆွယ်စဉ်က ဘီယာ ဗူးများ အခမဲ့ ၀ေပေးခဲ့သော်လည်း ရွေးကောက်ပွဲနောက်ပိုင်းတွင် ကိုယ်စားလှယ်လောင်းများ ပျောက်ကွယ်သွားကြသည် ဟု သူက ဆိုသည်။ ရခိုင်လူငယ်များက ANP ပါတီက ထောက်ခံသည့် ကိစ္စရပ်များအတွက် အမြဲတမ်း ‘‘အသင့်ဖြစ်နေသည်’’ ဟုလည်း ပါတီ ခေါင်းဆောင်များအား ကိုစစ်ငြိမ်းက သတိပေးခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ဆန့်ကျင်၍ (အထူးသဖြင့် နိုင်ငံမဲ့ ရိုဟင်ဂျာများ ကိစ္စတွင်) ဆောင်ရွက်လာခဲ့သည့် အချိန်တွင် ၄င်းတို့သည် ရခိုင် အမျိုးသား ပါတီဘက်မှ အမြဲရပ်တည်ပေးခဲ့ပြီး၊ ကန့်ကွက် ဆန္ဒပြသည့် ကိစ္စများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။ တက်ကြွလှုပ်ရှားသူများမှာ ထိုကဲ့သော ကိစ္စများအတွက် ဖမ်းဆီးထိန်းသိမ်းခံရခြင်း နှင့် အခြားသော ကိုယ်ရေးကိုယ်တာ စွန့်လွှတ်မှုများ ရှိသော်လည်း “ကျနော်တို့ရဲ့ အားထုတ်မှုတွေ အားလုံး အချည်းနှီးတွေပါပဲ” ဟု သူက ပြောသည်။ အခြား အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက လည်း ရန်ကုန်ရှိ ရခိုင်တိုင်းရင်းသား အသိုင်းအ၀ိုင်းတွင် ကြုံတွေ့နေ ရသည့် အခက်အခဲများကို ပြောခဲ့ကြသည်။ သူတို့၏ ပြဿနာများကို ANP ပါတီ သို့မဟုတ် ရန်ကုန်တိုင်းအစိုးရအဖွဲ့၀င်၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးတို့ကလည်း ဖြေရှင်းပေးခဲ့ခြင်း မရှိဟုလည်း ပြောဆိုခဲ့ကြသည်။ အဆိုပါ ပြဿနာများထဲတွင် အမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲများဖြစ်သည့် လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန်များ၌ အလုပ်အကိုင်ရှာဖွေရန် ခက်ခဲနေခြင်း၊ ရာဇ၀တ်သားများ၏ ရုပ်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုကို ကာကွယ်နိုင်စွမ်းနည်းပါးနေခြင်းနှင့် လစဉ် အိမ်လခ မပေးနိုင်သည့်အခါ မိသားစုများ နေအိမ်မှ နှင်ထုတ်ခံနေရခြင်း စသည်တို့ အပါအ၀င်ဖြစ်သည်။ ထိုကဲ့သို့ ပြဿနာများတွင် ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်း အကူအညီ ပေးခြင်းမရှိဟု သူတို့က ပြောကြသည်။ ရခိုင် လူငယ်အဖွဲ့အစည်းတခုကို ကိုယ်စားပြုသည့် ကိုပိုင်မြင့်က ရွှေပြည်သာ စက်မှုဇုန်တွင် အလုပ်လုပ်နေသူ ၃၀၀ ၏ အ ကြောင်း ကို ပြောပြသည်။ သူတို့က အိမ်မ၀ယ်နိုင်သည့်အတွက် ၂၀၁၃ ခုနှစ်တွင် သူတို့ အလုပ်လုပ်နေသည့် စက်ရုံ အနီးရှိ မြေကွက်ကို ကျပ်ငွေ ၄ သန်းခန့် အကုန်အကျခံ၍ (တဦးချင်းစီ) ကိုယ်ပိုင်အိမ်များ ဆောက်ခဲ့ကြသည်။ ယခုနှစ်အတွင်းတွင် ရန်ကုန်တိုင်းအစိုးရသစ်က ထိုအလုပ်သမားများသည် အစိုးရမြေပေါ်တွင် ၀င်ရောက် နေထိုင်ကြသည့် ကျူးကျော်များအဖြစ် ကြေညာခဲ့သည်။ သူတို့ကို ရန်ကုန်မြို့တွင် ကြီးထွားလာနေသည့် ကျူးကျော်ပြဿနာကို ဖြေရှင်းရန် ကြိုးစား နေသည့် NLD အစိုးရ၏ အစီအစဉ် တခုအရ ပြောင်းရွှေ့ နေရာ ချထားပေးမည် ဖြစ်သည်။ ထို့အကြောင်းကို အလုပ်သမားများက ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးထံသို့ အသနားခံခဲ့သော်လည်း ယနေ့ချိန်ထိ တုန့်ပြန်မှု မရရှိခဲ့ပါ။ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ရခိုင်တိုင်းရင်းသား ရေးရာ၀န်ကြီး ဦးဇော်အေးမောင်ကို အရပ်ဘက် အဖွဲ့အစည်းများက ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်း မရှိခဲ့ပါ။ ANP ဥက္ကဌ ဒေါက်တာ အေးမောင်က တိုင်းရင်းသားရေးရာ ၀န်ကြီး ကိုယ်စားတက်ရောက်ခြင်း ဖြစ်သည်ဟု ပြောသည်။ ဒေါက်တာအေးမောင်က သူ၏ ANP ပါတီ အနေဖြင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း ၀န်ခံခဲ့ပြီး ယင်းကြောင့်ပင် ရခိုင်တိုင်းရင်းသား အရပ်ဖက်အသိုင်းအ၀ိုင်းအနေဖြင့် ANP ပါတီနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုပြီးအရှိန်မြှင့်တင်ရန် လိုအပ်သည်ဟု ဆိုသည်။ တွေ့ဆုံပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရည်ညွှန်းခဲ့သော “စည်းလုံးညီညွတ်မှု” ဆိုသည့် စကားလုံးက ၂၀၁၆ ခုနှစ်အတွင်း ANP ပါတီတွင် ကြုံတွေ့နေရသော ဂိုဏ်းဂဏ ကွဲပြားမှု အင်အားကောင်းနေခြင်း ကို ဖော်ပြနေသည်။ ရခိုင်ပြည်နယ်အတွင်း၌ ပြည်နယ်လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော်များတွင် ANP ပါတီက နေရာ အများစု အနိုင် ရရှိခဲ့သော နို၀င်ဘာလရွေးကောက်ပွဲ ပြီးသည့်အချိန်မှ စ၍ အာဏာရ NLD နှင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပါတီအတွင်းတွင် သဘောထားကွဲပြားမှုများ ပေါ်ပေါက်လာခဲ့သည်။ NLD က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ANP ပါတီကို ချန်လှပ်ထားခဲ့ပြီး ရခိုင်ပြည်နယ် ၏ အရေးကိစ္စများကို စီမံဆောင်ရွက်ရန် အဆင့်မြင့် ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ခေါင်းဆောင်ဟောင်းများနှင့် ရခိုင်ပြည်နယ်မှ လူများစု ဗုဒ္ဓဘာသာ၀င်များ၏ အကျိုး စီးပွား ကာကွယ်ရေးကို ဦးစားပေးသည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) တို့သည် ၂၀၁၄ ခုနှစ် အစောပိုင်းမှ စ၍ ANP ပါတီ အဖြစ်ပေါင်းစပ် ဖွဲ့စည်းခဲ့ကြပြီး NLD ပါတီနှင့် အစဉ်အလာအရ နီးစပ်မှုရှိသည့် ALD ခေါင်းဆောင်ပိုင်းများ နှင့် RNDP ခေါင်းဆောင်ဟောင်းများကြားတွင် သဘောထား ကွဲပြားမှုများ ပေါ်ပေါက်ခဲ့သည်။ လက်ရှိ အချိန်တွင် ANP ပါတီတွင်း၌ RNDP မှလာသည့် အဖွဲ့က အင်အားကောင်းနေသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နေရာ မရရှိခဲ့သည့်နောက်တွင် ANP ပါတီက အာဏာရ NLD ပါတီ၏ အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။ ALD ပါတီ၀င် ဟောင်းများကမူ ထိုရပ်တည်ချက်ကို သဘောမကျ ခဲ့ကြဘဲ NLD နှင့် ပူးပေါင်း ဆောင်ရွက်သည်။ ALD ခေါင်းဆောင် ဦးအေးသာအောင် အမျိုးသားလွှတ်တော်၏ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
Source : http://goo.gl/zRFj1J
via IFTTT
Source : http://goo.gl/zRFj1J
via IFTTT
ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ အခြေခံမူ ရှစ်ချက် မိုင်ဂျာယန် အစည်းအ၀ေး ချမှတ် ================= အစိုးရနှင့်ဆွေးနွေး ရာတွင် စွဲကိုင်ရန် ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူ ရှစ်ချက်ကို မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် စုံညီ အစည်းအ၀ေး ဒုတိယနေ့၌ အစု အဖွဲ့အားလုံးက လက်ခံခဲ့ပြီး အ သေးစိတ် အချက်အလက်များ ဆက်လက် ဆွေးနွေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေ ခံမူ ရှစ်ချက်အဖြစ် ‘အချုပ်အခြာ အာဏာသည် တိုင်းရင်းသားပြည် သူများမှတစ်ဆင့် ဆင်းသက်ရ မည်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသားလူ နည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့် အရေးနှင့် ကျား/မ ဆိုင်ရာ တန်း တူညီမျှမှု၊ ပါတီစုံ ဒီမိုကရေစီ စနစ်ကျင့်သုံးရေးနှင့် ဘာသာရေး ကို အခြေမခံသည့် နိုင်ငံ’ စသည့် အခြေခံမူများကို ကိုင်စွဲပြီး အစိုးရ နှင့် ဆက်လက်ဆွေးနွေးရန် မိုင် ဂျာယန် တိုင်းရင်းသားလက်နက် ကိုင် စုံညီအစည်းအ၀ေး ဒုတိယ နေ့တွင် လက်ခံခဲ့ပြီး အသေးစိတ် ကို ဆက်လက်ဆွေးနွေးမည်ဖြစ် ကြောင်း ပြောရေးဆိုခွင့်ရှိသူများ က ပြောသည်။ အထက်ပါ ဖက်ဒရယ်ပြည် ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ သည် ၁၉၉၀ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းရင်းသားလက် နက်ကိုင်အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့ အစည်းများဖြင့် ၂၀၀၅ က ရေးဆွဲ ခဲ့ပြီး ပထမမူကြမ်းကို အတည်ပြု ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ‘‘ဒီအခြေခံမူတွေက ပြောရ မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့အစည်းတွေနဲ့ ပြည်တွင်းမှာရှိ တဲ့ နိုင်ငံရေးအင်အားစုလို့ ပြောရ မှာပေါ့။ ဒီမိုကရေစီအင်အားစု တွေကနေပြီးတော့ သဘောတူ ထားတာ ၂၀၀၈ ကတည်းကပါ။ ၂၀၀၈ ကတည်းက သဘောတူ ထားတဲ့၊ လက်ခံထားတဲ့ ပြည် ထောင်စုဖွဲ့စည်းပုံ အခြေခံမူတွေ ကို အခြေခံတာဖြစ်တယ်။ ဒါ ကြောင့် ဒီနေ့ ဆွေးနွေးတာနောက် ဆုံးကျတော့ အခြေခံမူကို တစ်ခု တည်း ပြန်ယူတဲ့သဘောပါ’’ဟု ကရင်အမျိုးသား အစည်းအရုံးအ ထွေထွေအတွင်းရေးမှူးနှင့် အ စည်းအ၀ေးပြောရေးဆိုခွင့်ရှိသူ ဖဒိုစောကွယ်ထူး၀င်းက ပြောသည်။ယင်းအခြေခံမူများတွင် အ ချို့အချက်အလက်များ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပြီး ဆက် လက်ဆွေးနွေးမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံ သာက ပြောသည်။ နိုင်ဟံသာက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရွေး ချယ်ခြင်းကဲ့သို့သော အချက်များ ကို ပြင်ဆင်ဖြည့်စွက်ရန် ရှိသည် ဟု ဆိုသည်။ ‘‘တိုက်ရိုက် (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) ရွေး ချယ်ရင် ပြည်နယ်နှင့် အမျိုးသား လွှတ်တော်က အဆက်ပြတ်သွား မယ်။ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဆိုတာ ပြည်နယ်က လွှတ်တဲ့ ကိုယ်စားလှယ်အဆင့်ပဲ ဖြစ်သင့်တယ်။ အဲဒီလို ပုံစံမျိုးဆို ရင် ပြည်နယ်လွှတ်တော်က စိတ် ကြိုက် သူတို့ရွေးချယ်တာ၀န်ပေး ထားတဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်ဖို့ အဲဒီလိုပုံစံမျိုးပါ’’ဟု နိုင်ဟံသာက ဆက်လက်ပြော သည်။ နိုင်ဟံသာက ‘‘ဒီမူကို အဖွဲ့ အစည်းအားလုံးက ကိုင်စွဲပြီး ဆွေးနွေးသွားဖို့ဖြစ်ပါတယ်’’ဟု ဆိုသည်။ အစည်းအ၀ေး ဒုတိယနေ့ အပြီးတွင် အခြေခံမူ ရှစ်ချက်ကို အဖွဲ့အစည်းအသီးသီးမှ ခေါင်း ဆောင် ကိုယ်စားလှယ်များက ဆွေးနွေးပြီး အသေးစိတ်ကို ကျန် ရှိသည့် အစည်းအ၀ေးရက်များ၌ ဆက်လက်ဆွေးနွေးရန် သဘော ထားချမှတ်ခဲ့ကြောင်းနှင့် ပြည် နယ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ရေးဆွဲရာ၌ အခြေခံရမည့် မူများကိုလည်း ဆွေးနွေးပြီး အ သေးစိတ်ဆက်လက်ဆွေးနွေးရန် အလုပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည် ဟု သတင်းထုတ်ပြန်သည်။
Source : http://ift.tt/2azf6Iu
via IFTTT
Source : http://ift.tt/2azf6Iu
via IFTTT
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးမည့်ရက် ကုန်ဆုံးတော့မည်ဖြစ်၍ မြန်မာလုပ်သားများ စိုးရိမ်မှုများ ရှိလာ ==================== ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးမည့်ရက်မှာ ဇူလိုင် ၂၉ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်၍ မြန်မာလုပ်သားများ စိုးရိမ်မှုများ ရှိလာပြီး One Stop Service စင်တာများတွင် လာရောက်ပြုလုပ်သူ များနေကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ “ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးခြင်း ယခုလ၂၉ ရက်မှာ နောက်ဆုံးရက် သတ်မှတ်ထားတာကြောင့် မြန်မာလုပ်သားတွေ စိတ်ပူပန်မှုတွေ၊ စိုးရိမ်စိတ်နဲ့အတူ အလုအယက် တိုး၀ှေ့ ပြုလုပ်နေကြတာကို မဟာချိုင် စမွတ်စာခွန်ခရိုင်ရှိ ပန်းရောင်ဘတ် နေ့ချင်းပြီး ပြု လုပ်ပေးနေတဲ့ One Stop Service စင်တာမှာ မြင်တွေ့ရပါတယ်” ဟု AAC မှ ကိုရဲမင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။ “ထိုင်းရောက် မြန်မာလုပ်သားတွေ ရှင်းရှင်းလင်းလင်း သိထားရမှာကတော့ လက်ရှိ မိမိကိုင်ဆောင်ထားတဲ့ ပတ်စပို့ဗီဇာ သက်တမ်းကုန်ရင် မြန်မာပြည် အပြီးပြန်မယ်လို့ ဆုံးဖြတ်ထားသူတွေက ပန်းရောင်ဘတ် ၀င်ရောက်လုပ်စရာမလိုဘဲ ဗီဇာသက်တမ်း ကုန်တာနဲ့ အိမ်ပြန်ဖို့ အဆင့်သင့်ပြင်ထားလိုက်ရုံပါ။ ဗီဇာသက်တမ်း ကုန်သွားရင်တောင် အိမ်မပြန်နိုင်သေးဘူးဆိုတဲ့ လုပ်သားတွေအားလုံးကတော့ အမြန်ဆုံးပဲ ပန်းရောင်ဘတ် ၀င်ရိုက်လိုက်ပါတော့။ ဒီလ ၂၉ ရက်နေ့ နောက်ဆုံးပါ။ ထိုင်းတစ်နိုင်ငံလုံး ဖွင့်ထားတဲ့ One Stop Service စင်တာတွေ အားလုံးပိတ်ပါပြီ။ ထိုင်းအစိုးရကလည်း ပန်းရောင်ဘတ် ပြုလုပ်ခွင့် အချိန်ထပ်တိုးမပေးတော့ဘဲ ဒီလ ၂၉ ရက်နေ့ နောက်ဆုံးပဲလို့ ကြေညာထားပါပြီ” ဟု ကိုရဲမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ ပန်းရောင်ဘတ်ကတ် အသစ်များကို ဧပြီ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ရက်ပေါင်း ၁၂၀ အတွင်း ရိုက်ပေးမည် ဖြစ်ကြောင်း၊ ထပ်မံ သက်တမ်းတိုးရန် အစီအစဉ်မရှိကြောင်း ထိုင်းအစိုးရက ကြေညာထားကြောင်း သိရသည်။ “လောလောဆယ် အရေအတွက် ဘယ်လောက်ပြီးပြီဆိုတာ အတိအကျ မသိရသေးဘူး။ တစ်နေရာတည်း မဟုတ်ဘူးဆိုတော့ ထိုင်းအစိုးရကလည်း မပြီးသေးတော့ မထုတ်ပြန်သေးဘူး။ လောလောဆယ်တော့ ရှစ်သိန်း၀န်းကျင်လောက် ပြီးသွားပြီလို့ သိရတယ်။ အကုန်လုံးပါပါတယ်။ မြန်မာရော၊ လာအိုရော၊ ကမ္ဘောဒီးယားရော၊ မြန်မာကတော့ ခုနစ်သိန်း၀န်းကျင်လောက် ရှိတယ်လို့ သိထားတယ်။ ပြီးသွားတဲ့ဟာပေါ့”ဟု ထိုင်းနိုင်ငံရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။ ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် တရား၀င် မှတ်ပုံတင်ထားသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား သုံးသန်းခန့်ရှိသည့်အနက်မှ နှစ်သန်းနီးပါးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြောင်း သိရသည်။ “လကုန်လို့ရှိရင် အဖမ်းအဆီးတွေ ဒီထက်မက ပိုများလာမယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဒါကလည်း ပုံမှန်လို ဖြစ်တာကိုး။ ဘတ်တွေ တစ်ခုခုလုပ်ပေးပြီးရင် နောက်ပိုင်းတော့ ပိုပြီး အဖမ်းအဆီးက ပိုများတတ်တာပေါ့” ဟု ထိုင်းအလုပ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသူ ဦးထူးချစ်က ပြောကြားသည်။ Writer: ထက်ရှိုင်း
Source : http://ift.tt/2abcZKu
via IFTTT
Source : http://ift.tt/2abcZKu
via IFTTT
စစ်တွေ သတင်းဌာန
မောင်တောမြို့သို့ ဖြန့်ဝေနေသည့် ကန်တော်ကြီး(မြကန်သာ)ရေမှ အနံ့ဆိုးထွက်မှု ဒေသခံများစိုးရိမ်နေ ========================= ဇူလိုင် ၂၆ ရက် မောင်တောမြို့ပေါ်ရပ်ကွက်တွေကို ဖြန့်ဝေပေးနေတဲ့ ကန်တော်ကြီး(မြကန်သာ)ရေမှ အနံ့ဆိုးတွေ ထွက်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ အခုလို ကန်တော်ကြီးပိုက်က ထွက်လာတဲ့ရေတွေ အနံ့ဆိုးထွက်နေတာ တစ်ပတ်ကျော်လောက်ရှိနေပြီလို့ ရေသုံးစွဲသူတွေက ပြောပါတယ်။ မောင်တောမြို့ကို ရေဖြန့်ဝေပေးနေတဲ့ ကန်တော်ကြီးဟာ မြို့နှင့် ၃ မိုင်ကျော်အကွာအဝေးမှာရှိပြီးတော့ အခုလို အနံ့ဆိုးတွေထွက်နေမှုကို အမျိုးမျိုးဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ရေဟာဒေသခံတွေအတွက် နေ့စဥ်နဲ့အမျှသုံးစွဲနေရတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စိစစ်ပေးဖို့လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Source : http://ift.tt/2arHM6D
via IFTTT
Source : http://ift.tt/2arHM6D
via IFTTT
Kanbawza Tai News Journal
မြန််မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မူဆယ်မြို့ရှိနှစ်နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်မှု လာရောက်လေ့လာ . (မူဆယ် ဇူလိုင် ၂၆) . ၂ဝ၁၆ခုနှစ််၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီးMr.Hong Liang နှင့်ဇနီးMs.Wang Xuchongတို့သည် မူဆယ်မြို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအား တရုတ်နိုင်ငံရွှေလီမှတဆင့် နံနက်(၈)နာရီအချိန်က လာရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။ . သံအမတ်ကြီးနှင့်ဇနီးနှင့် အဖွဲ့တို့သည် ရွေလီမြို့မှတဆင့် နှစ်နိုင်ငံဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှ တစ်ဆင့် မူဆယ်မြို့ စွမ်စော်ရပ်ကွက်(၅)လမ်းရှိ ကမ္ဘာလုံးစီးကရက်စက်ရုံသို့ ရောက်ရှိလေ့လာပြီး New Star Light Co.Ltdမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မူဆယ်ဗဟိုစီးပွားရေးဇုံ သို့ ရောက်ရှိပြီး မင်္ဂလာမူဆယ်စီးပွားရေးဇုံအတွင်း လှည့်လည်ကြည့်ရှု့ကာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းနှင့် စီမံကိန်းဒါရိုက်တာဦးကျော်ကျော်ဝင်း၊ တာဝန်ရှိသူတို့မှ လိုက်လံရှင်းလင်းခဲ့ကြသည်။ ထို့နောက် သံအမတ်နှင့်အဖွဲ့သည် ၁ဝ၅မိုင်ကုန်သွယ်ရေးဇုံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ကုန်သွယ်ရေးဇုံအစည်းအဝေးခန်းမ၌ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးမှ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်နေမှုအား ရင်းနှီးစွာဆွေးနွေးကြပြီး တရုတ်နိုင်ငံသံအမတ်ကြီးမှ မူဆယ်-ရွှေလီနှစ်နိုင်ငံစီးပွားရေးနှင့် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တားဆီးဆောင်ရွက်နိုင်ရေး နှင့် ခရီးသွားလုပ်ငန်းများတိုး တက်လာအောင် ဆောင်ရွက်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှု ပိုမိုခိုင်မာစေရေးတို့အား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ . . အယ်လ်စိုး
Source : http://ift.tt/2ay6XXR
via IFTTT
Source : http://ift.tt/2ay6XXR
via IFTTT
Eleven Broadcasting
ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်း သတင်းအစီအစဉ် ■ ခွဲခြားဆက်ဆံမှုများ ရှိခဲ့၍ ယခင်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုင်းရင်းသား အဖွဲ့များ အတူတကွ မသွားခဲ့ကြဘဲ လက်ရှိ အစိုးရ လက်ထက်မှ လမ်းစဖွင့်ခဲ့ဟု KNU ဒုဥက္ကဌ ဆို ■ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ ပင်လုံမြို့တွင် စတင် ကျင်းပ ■ စစ်ကိုင်းအလုပ်သမား သပိတ်နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများ တရားရုံးကို ဆက်လက် သပိတ်မှောက် ■ စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ သက်တမ်းရင့် အပင်လေးပင် လဲပြိုကျသဖြင့် ဆိုင်ခန်းလေးခန်း ပျက်စီးခဲ့ ■ နယ်ခြားစောင့် ရဲကင်းစခန်းတွင် စိတ်ကြွဆေးပြား နှစ်သိန်းကျော် တွေ့ရှိမှုဖြင့် နယ်ခြားစောင့်ရဲ ၇ ဦးကို ဖမ်းဆီး ■ အစ္စရေး ဓမ္မဆရာ တစ်ဦးကို သတ်ခဲ့သူဟု သံသယရှိသူ ပါလက်စတိုင်း စစ်သွေးကြွ တစ်ဦးကို အသေ ဖမ်းမိခဲ့ ■ ဆီးရီးယားရှိ ကာ့ဒ်လူမျိုး အများစု နေထိုင်ရာ ဒေသတွင် ဗုံးခွဲတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၄၄ ဦး သေဆုံး
Source : http://ift.tt/2aaSnBf
via IFTTT
Source : http://ift.tt/2aaSnBf
via IFTTT
Eleven Broadcasting
ဆီးရီးယားရှိ ကာ့ဒ်လူမျိုး အများစုနေထိုင်ရာ ဒေသတွင် ဗုံးခွဲတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၄၄ ဦး သေဆုံး (ရုပ်သံ) ဇူလိုင်လ ၂၇ ရက်နေ့က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကာ့ဒ်လူမျိုး အများစု နေထိုင်ရာ ကာမိရှလီမြို့မှာ ဗုံးခွဲတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၄၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ ဗုံးခွဲ တိုက်ခိုက်မှု နှစ်ခုကြောင့် လူ ၄၄ ဦး သေဆုံးပြီး လူ ၁၇၀ခန့် ဒဏ်ရာရရှိခဲ့ကာ ကယ်ဆယ် ရေး ၀န်ထမ်းတွေကလည်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတွေကို လိုက်လံရှာဖွေပြီး ကယ်ဆယ်မှုတွေ ပြု လုပ်ခဲ့ရပါတယ်။
Source : http://ift.tt/2anK5cp
via IFTTT
Source : http://ift.tt/2anK5cp
via IFTTT
ဆံရစ်ဝိုင်းနဲ့ ဂုဏ်ထူးတန်း ကျောင်းသူ ညီညီဇော် ================== အညာမြေရွှေဘို၏ တက္ကသိုလ်မြေတွင် ရောင်စုံခြယ်ကျောင်းသား၊ ကျောင်းသူလေးများ အရောင်တဖျပ်ဖျပ်တောက်ပကာ တက္ကသိုလ်၏အလှကို မွမ်းမံနေကြသည်။ တက္ကသိုလ်မြေမှာ ပညာရည်နို့သောက်စို့ရင်း နုနယ်ငယ်ရွယ်လှသွေး ကြွယ်ကြချိန်မို့ မည်သူ့ကိုပဲကြည့်ကြည့် နုပျိုလန်းဆန်းတက်ကြွကာ ရွှင်လန်းမှုအပြည့်။ ငယ်ဂုဏ်ကလေးတွေကလည်းရှိပြန်၊ အရွယ်အလျောက် တတ်မြောက်လာသည့် ပြင်တတ်ဆင်တတ်မှုကလေးကလည်း ပါလာပြန်ဆိုတော့ ရွှေဘိုတက္ကသိုလ်ထဲ ဝင်လိုက်ရသည်မှာ ရောင်စုံပန်းခင်းကြီးထဲ ဝင်လိုက်ရသကဲ့သို့ပင်။ စံပယ်လည်း စံပယ်အလျောက်၊ နှင်းဆီလည်း နှင်းဆီအလျောက်၊ သဇင်လည်း သဇင်အလျောက် သူ့အတိုင်းအတာနှင့်သူ သူ့အလှနှင့်သူ လှသည်ချည်း။ ထိုသို့ အလှကိုယ်စီ ဝေဆာနေသည့် တက္ကသိုလ်ပန်းခင်းကြီးထဲတွင် အခြားပန်းများနှင့်မတူ တစ်မူထူးသည့် အလှတစ်မျိုးဖြင့် ဖူးပွင့်နေသည့် ပန်းကလေးတစ်ပွင့်ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ ထိုပန်းကလေးအမည်ကတော့ ခင်မျိုးဦးဟု ခေါ်လေသည်။ ခင်မျိုးဦးသည် မသွယ်လွန်း မဝိုင်းလွန်းသော အနေတော် မျက်နှာလေးတစ်ခု ပိုင်ဆိုင်ထားသည်။ ထိုမျက်နှာပြင်ပေါ်တွင် ထူထဲပြီး မှိုင်းညို့နေသည့် မျက်ခုံးနှစ်ဖက်က အလိုက်သင့်ကလေး ခုံးနေပါ၏။ မျက်ခုံးနှစ်ဖက်အောက်တွင်တော့ ရယ်လိုက်တိုင်း ကြည်လဲ့သွားသည့် မျက်ဝန်းတစ်စုံ တည်ရှိနေသည်။ ထိုမျက်ဝန်းတွေကြား ဖြောင့်စင်းနေသည့် နှာတံလေးက ခပ်သွယ်သွယ် စီးဆင်းနေလေသည်။ နှာတံအဆုံးမှာတော့ နှင်းဆီဖူးသဏ္ဌာန် နှုတ်ခမ်းအစုံက ခပ်တင်းတင်းလေးစေ့ထားသည်။ အားလုံး အချိုးညီစွာပေါင်းလိုက်တော့ ခင်မျိုးဦးသည် မိန်းမချောတစ်ယောက်ဟု ဆိုနိုင်လေသည်။ ခင်မျိုးဦး၏ မိန်းမချောအင်္ဂါရပ်ကို ပိုမိုတောက်ပစေသည့် အရာကလေးတစ်ခုကတော့ဖြင့် သူ့ခေါင်းထက်တွင် တည်ရှိလို့နေသည်။ ထိုအရာကလေးကြောင့် ခင်မျိုးဦးအလှ ပို၍ပေါ်လွင်ခဲ့ရသည်။ ဆန့်ကျင်ဘက် အမျိုးသားများသာမက အမျိုးသမီးချင်းပါ ငေးယူရသည်အထိ တောက်ပခဲ့ရသည်။ ထိုအရာလေးကတော့ ခင်မျိုးဦး၏ ဦးခေါင်းထက်တွင် ကျက်သရေရှိစွာ စံမြန်းနေသည့် ဆံရစ်ဝိုင်းကလေးပင် ဖြစ်လေသည်။ အသက်(၂၀)အရွယ်ရှိ ပထမနှစ် ဂုဏ်ထူးတန်း ဓာတုဗေဒကျောင်းသူ ခင်မျိုးဦးသည် ရွှေဘိုတက္ကသိုလ်ရှိ ထိပ်တန်းအချော အလှစာရင်းတွင် ပါဝင်ပါသည်။ အထူးသဖြင့် နဂိုအလှမှာ ဆင့်ထားသည့် ဆံရစ်ဝိုင်းကလေးကြောင့်လည်း ရွှေဘိုတက္ကသိုလ်မှာ ရေပန်းစားလှသည်။ တက္ကသိုလ်ရောက်စ ပထမနှစ်က မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ဓာတုဗေဒဘာသာရပ်၏ အလှဘုရင်မ (Queen) ဆုကိုလည်း ရရှိထားသူ ဖြစ်ပါ၏။ ခင်မျိုးဦးသည် တမင်တကာဟန်လုပ်ကာ ဆံရစ်ဝိုင်းထားခြင်းတော့ မဟုတ်ပါ။ သူသည် ကန့်ဘလူမြို့နယ် တည်ပင်ရွာဇာတိ ဖြစ်သည်။ သူခပ်ငယ်ငယ် (၆)နှစ်၊ (၇)နှစ်အရွယ်ကတည်းက အဘိုးဖြစ်သူသည် သူ့ဆံပင်ကို ဆံရစ်ဝိုင်းသဏ္ဌာန် ကိုက်ပေးလိုက်သည်။ တည်ပင်ရွာမှာ ဆံရစ်ဝိုင်းနှင့်နေသူ မရှိသော်လည်း အဘိုးက သူ့ဇာတိ ကန့်ဘလူနယ် ရှမ်းကုန်းရွာက ကျေးတောသူ တချို့တွေ နေသလို ဆံရစ်ဝိုင်းကလေးဖြစ်အောင် ပုံသွင်းပေးလိုက်ခြင်း ဖြစ်သည်။ ခင်မျိုးဦးသည်လည်း အဘိုးဖြစ်သူ ပုံသွင်းပေးလိုက်သည့် မြန်မာဆန်ဆန် ဆံရစ်ဝိုင်းကလေးဖြင့်နေရသည်ကို သဘောကျလေသည်။ ရွယ်တူသူငယ်ချင်း ဘိုကေတွေကြား ဆံရစ်ဝိုင်းဖြင့် ခင်မျိုးဦးက တစ်မျိုးတစ်ဘာသာ ဆန်းလို့နေသည်။ ဆံရစ်ဝိုင်းဖြင့် ခင်မျိုးဦး လေးကို ကလေးဘာသာဘာဝ စနောက်ကြလျှင်လည်း ခင်မျိုးဦး ပြန်လှန်ပြောလေ့မရှိ။ နဂိုအနေအေးသည့် ကျေးတောသူလေးမို့ ပြောလေစလေဖြစ်မည် စိုးသည်ကြောင့် အသာလေးပြုံး၍သာ တုံ့ ပြန်တတ်သည်။ ဆံရစ်၀ိုင်းနှင့် ဂုဏ်ထူးတန်းကျောင်းသူ မခင်မျိုးဦးကို စာသင်ခန်းအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ညီညီဇော်) ဆံရစ်ဝိုင်းထားသူတွေက အရွယ်ကလေးရလာလျှင် ဆံပင်ကို အုပ်လုံးသိမ်းပြီး ရိုးရိုးဆံပင်ပုံစံဖြင့် နေလေ့ရှိကြသည်။ ခင်မျိုးဦးကတော့ ထိုသို့မဟုတ်။ တက္ကသိုလ်တက်ရတော့လည်း ထိုဆံရစ်ဝိုင်းလေးကိုမဖြုတ်ခဲ့။ ကျောင်းပိတ်၍ ရွာပြန်သည့်အခါတိုင်း အဘိုးဆီ ဝင်တွေ့သည့်အခါ အဘိုးဖြစ်သူက ‘‘ငါ့မြေး ဆံရစ်ဝိုင်း ဖြုတ်ချင်ပြီလား။ မဖြုတ်နဲ့ဦးနော်’’ ဟု သူ့ဟာသူမေးပြီး သူ့မေးခွန်းသူ ပြန်ပိတ်သွားလေတိုင်း ခင်မျိုးဦး ရယ်မောခဲ့ရသည်။ ‘‘မဖြုတ်ပါဘူး အဘိုးရဲ့’’ ဟု ခပ်ပြုံးပြုံးလေးဆိုတော့ ရိုးရာချစ် အဘိုးဖြစ်သူ ကျေနပ်ရတော့သည်။ ခင်မျိုးဦးက အဘိုး၊ အဘွားဆိုဆုံးမစကားအပြင် အဖေ၊ အမေတွေ၏ ရင်အုပ်မကွာ စောင့်ရှောက်မှုကိုလည်း ကောင်းမွန်စွာခံယူခဲ့ရပါ၏။ အထူးသဖြင့် မြန်မာအမျိုးသမီးကလေးတွေ ဘယ်ပုံဘယ်လိုနေထိုင်ရမည်ဆိုတာကို မိခင်ဖြစ်သူမှလည်း အိမ်အလုပ်တွေ ကူခိုင်းစေရင်း သင်ပြပေးခဲ့သည်။ ထို့ကြောင့် မြို့ပြလူနေမှုတွေကြား တက္ကသိုလ်ကျောင်းတော်ကြီးရောက် ခင်မျိုးဦး၏ အပြုအမူအချို့တွေသည် အနည်းငယ်ကွဲပြားနေလေ၏။ ကြည့်လေ။ တက္ကသိုလ်ကျောင်းတော်ကြီးကိုရောက်တာ သုံးလေးနှစ်ကျော်၍ ဂုဏ်ထူးတန်းကျောင်းသူကြီး ဖြစ်လာသော်လည်း ဆံရစ်ဝိုင်းကျောင်းသူ ခင်မျိုးဦးသည် အခြားသူတွေလို ခေတ်ပေါ်အဝတ်အစားတွေ ဝတ်လေ့မရှိ။ ရွာက အမေချုပ်ပေးလိုက်သော ပါတိတ်ထည်နှင့် အခြားမြန်မာဝတ်စုံလေးတွေသာ သူ့ဆံရစ်ဝိုင်းလေးနှင့် လိုက်ဖက်စွာဝတ်ဆင်လေ့ရှိသည်။ နောက်ပြီး ခေတ်ပေါ်အလှအပဆိုင်ရာပစ္စည်းတွေလည်း သုံးစွဲလေ့မရှိ။ ရွာကနေ ကျောင်းတက်ဖို့ အဆောင်ကိုလာတိုင်း အိမ်မှာ အမေရောင်းသည့် ကျောက်ပျဉ်ကြီးတစ်ချပ်ကို အလေးခံပြီးရအောင်သယ်သည်။ ပြီးနောက် ရွှေဘိုက သနပ်ခါးတုံးစစ်စစ်ကိုဝယ်ကာ တဗြင်းဗြင်းသွေးပြီး သနပ်ခါးအဖွေးသားဖြင့် ကျောင်းတက်လေ့ရှိသည်။ ဆံရစ်ဝိုင်းမို့ စုထုံးထား၍သာ မသိသာသည့် ဒူးလောက်အထိ ရှည်လျားနေသော ဆံပင်တွေအတွက်လည်း ခေတ်ပေါ်ဆံသားထိန်းသိမ်းရေးပစ္စည်းတွေ၊ အမွှေးနံ့သာတွေမသုံး။ ရွာက အမေပင်ထည့်ပေးလိုက်သည့် ပလတ်စတစ်ဘူးလေးထဲမှ အုန်းဆီစစ်စစ်ကိုသာ ဆံသားတစ်အုံလုံး ရွှဲရွှဲစိုအောင် လိမ်းလေသည်။ ‘‘ဘာလို့ မိတ်ကပ်တွေဘာတွေ မသုံးတာတုံး’’ ဟု မေးလိုက်လျှင်တော့ ပိုက်ဆံကုန်မှာစိုးလို့ဟု ရယ်ကျဲကျဲဖြေလေသည်။ ကျေးလက်နေ ကလေးတွေက ငယ်စဉ်ကတည်းက မိဘနှင့်အတူ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ရင်း ငယ်ဘဝဖြတ်သန်းခဲ့ရသူတွေမို့ အိမ်ကဆန်အိုး ဆန်မရှိလည်း ကလေးတွေက သိကြပါ၏။ မီးဖိုချောင်က ဆီပုလင်း ဖင်ကပ်လောက်သာ ကျန်သည်ကိုလည်း နားလည်ကြပါ၏။ ထိုကလေးမျိုးတွေထဲ တောင်သူသားသမီးဖြစ်သည့် ခင်မျိုးဦးလည်းပါဝင်တာမို့ ငွေဘယ်လောက်ရှာရခက်တယ်ဆိုတာ နားလည်ပုံရလေသည်။ ရွာမှာထိုက်သင့်သည့် စီးပွားရေးအခြေအနေ ရှိသော်ငြားလည်း ခင်မျိုးဦးတစ်ယောက် ရှာရခက်သည့်ငွေကို ဗုံးပေါလအော သုံးမပစ်ရက်။ နွားနှင့်အတူ ဖက်ရုန်းနေမည့် အိမ်ဆိုင်အလုပ်၊ အိမ်အလုပ်ဖြင့် တစ်ဖက်တစ်လမ်း ဝင်ငွေရှာနေရမည့် အဖေတို့၊ အမေတို့ကို ခင်မျိုးဦး သနားလေသည်။ ကိုယ်တိုင်မရှာနိုင်သေးသည့် ငွေကို ကိုယ်တိုင်မသုံးချင်သေး။ ဂုဏ်ထူးတန်း တက္ကသိုလ်ကျောင်းသူကြီး မခင်မျိုးဦး၏ တစ်ရက်တာ ကုန်ကျငွေမှာ ထမင်းဖိုး၊ ဟင်းဖိုး အပါအဝင် တစ်ထောင့်ငါးရာမှ နှစ်ထောင်ကြား ကုန်လေသည်။ တမင်တကာ ချွေတာခြင်းမျိုး မဟုတ်သော်လည်း ကျန်းမာရေးအတွက်သော်လည်းကောင်း၊ ငွေရေးကြေးရေးအတွက်သော်လည်းကောင်း ခင်မျိုးဦးတစ်ယောက် အဆောင်မှာတင် ချက်ပြုတ်စားသည်။ မိခင်က သမီး ခင်မျိုးဦး ကျောင်းတစ်ဖြတ် တက်ရတော့မည်ဆိုလျှင် လေးလစာ အတွက် ဆန်ဆယ်ပြည်လောက်ခြင်တွယ်၍ ထည့်ပေးလိုက်ပါသည်။ ဆန်တင်မကသေး။ ကြော်ဖို့၊ ချက်ဖို့အတွက်လည်း ဆီတစ်ပိဿာ၊ နှစ်ပိဿာ အမေက ထည့်ပေးလိုက်ပါသေးသည်။ ဆန်အိတ်တွေ၊ ဆီပုံးတွေဖြင့် ခင်မျိုးဦးတစ်ယောက် အဆောင်ရောက်ပါသည်။ ခင်မျိုးဦးတို့လို ရပ်ဝေးက ကျောင်းလာတက်သည့် ကျောင်းသူတွေထဲ တချို့ကလည်း ခင်မျိုးဦးလို ကိုယ်တိုင်ချက်စားသူတွေပါသည်။ ထို့ကြောင့် အဆောင်မှာ ဝိုင်းချက်စားကြသည်။ တစ်ယောက်တစ်ခွက် ဝိုင်းလို့ချက်ရင်း ဟင်းမျိုးစုံသည့် ထမင်းဝိုင်းတစ်ခုကို ပျော်ပျော်ပါးပါး ဖန်တီးကြသည်။ ဟင်းမျိုးစုံ ချက်ကြသော်လည်း ခင်မျိုးဦးက အသားငါးစားလေ့မရှိ။ အမဲသားဆိုလျှင် ရာသက်ပန် လုံးဝမစားတော့။ အဘယ်ကြောင့်ဆိုသော် ခင်မျိုးဦး ခပ်ငယ်ငယ်ကတည်းက အမဲသားစားလေ့မရှိသည့် ဖခင်ဖြစ်သူက ဆိုဆုံးမစကားကြောင့်ပင် ဖြစ်သည်။ တောသားကြီးအဖေ့စကားက ရိုးစင်းပါသည်။ ‘‘ငါ့သမီးရေ ကိုယ့်ကျေးဇူးရှင်အသား မစားပါနဲ့ဟာ’’တဲ့။ တစ်နေကုန် မိုးရွာရွာနေပူပူ မိသားစုအရေး သူနှင့်အတူ နေ့စဉ်နှင့်အမျှ ရုန်းကန်ပေးနေသည့် ကျေးဇူးရှင်နွားကြီးတွေ၏အသားကို အဖေ အရသာခံ၍ ဘယ်လိုမျှ စားနိုင်မည်မဟုတ်။ သူတင်မက တစ်မိသားစုလုံးအတွက် ကျေးဇူးကြီးလွန်းလှသည့် နွားကြီးတွေရဲ့ အသားကို တစ်မိသားစုလုံးကိုလည်း အဖေ မစားစေချင်။ ထို့ကြောင့် ခင်မျိုးဦးသည်လည်း အဖေဆုံးမခဲ့သည့်နေ့မှစ၍ ယခုအချိန်အထိ အမဲသား လုံးဝမစားတော့။ အမဲသားတင်မကပါ။ ဆယ်တန်းအောင်ပြီးချိန် တရားပွဲတစ်ခုသွားနာရင်း တရားဟောဆရာတော် ဟောပြောခဲ့သည့် လူ့ပါးစပ်ဆိုတာ တိရစ္ဆာန်တွေရဲ့သင်္ချိုင်းဆိုသည့် ခိုင်းနှိုင်းမှုကြောင့် ခင်မျိုးဦးတစ်ယောက် အသားဆို မည်သည့်အသားမျှ မစားတော့ဘဲ ရှောင်ခဲ့လေသည်။ မြန်မာ့ကျေးလက်လူနေမှု စနစ်ဖြင့်ကြီးပြင်းလာခဲ့သည့် ခင်မျိုးဦးသည် ခေတ်နဲ့တော့ မျက်ခြည် အပြတ်မခံပါ။ သူ့ဖုန်းဖြင့် အင်တာနက်သုံးတတ်ပါသည်။ ဖေ့စ်ဘွတ်ခ် ကြည့်တတ်ပါသည်။ သို့သော် ဖေ့စ်ဘွတ်ခ်မှာ သူများတွေလို ပုံတင်လေ့တင်ထမရှိ။ ဒါတောင် တစ်လောလေးတုန်းက ကျောင်းသူ၊ ကျောင်းသားချင်း ချစ်ခင်သဘောကျစိတ်ဖြင့် သူ့ဓာတ်ပုံရိုက်သွားပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တာ ကြုံရသေးသည်။ လူမျိုးတစ်ရာ့တစ်ပါး သုံးချင်တိုင်းသုံးနေကြသည့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူ့ပုံတွေမတင်ရဲ။ ပုံတင်ဖို့မပြောနှင့် ဓာတ်ပုံတောင်ကောင်းကောင်း အရိုက်ခံသူမဟုတ်ပေ။ နောက်ပြီး အင်တာနက်ကိုလည်း ကျောင်းပိတ်ချိန် ရွာပြန်ရောက်မှသာ ခဏတစ်ဖြုတ် သုံးတာလောက်ရှိသည်။ ကျောင်းတက်လျှင်တော့သိပ်မသုံးဖြစ်။ ကျောင်းစာအနှောင့်အယှက်ဖြစ်မည်စိုး၍ဟု ဆိုလေသည်။ အချိန်ရလျှင်တော့ ကျောင်းစာကြည့်တိုက်မှ စာအုပ်တွေငှားဖတ်သည်။ စာကြီးပေကြီးတွေတော့ မဟုတ်သေး။ တွတ်ပီတို့၊ ဘိုဘိုတို့ ဖြစ်လေသည်။ ခင်မျိုးဦးသည် ကျောင်းစာတွင်လည်း တော်ပါသည်။ သို့သော် နဂိုအနေအေးဆေးသူမို့ လူတော့ အနည်းငယ်ကြောက်တတ်လေသည်။ သူစိမ်းတစ်ရံမပြောနှင့် ကျောင်းသား၊ ကျောင်းသူချင်းတောင် ကောင်းကောင်းစကားပြောဖြစ်သူမဟုတ်။ သို့သော် ခင်မျိုးဦးသည် လူမှုဆက်ဆံရေး ညံ့ဖျင်းလှသူတော့ မဟုတ်ပါ။ တက္ကသိုလ်ရောက်မြေမှာလည်း ခင်မျိုးဦး အလိုက်သင့်နေတတ်ခဲ့ပါသည်။ ခင်မျိုးဦး၏ ပုံပန်းသဏ္ဌာန်နှင့် အနေအေးဆေးမှုများကြောင့် ချစ်ခင်သူတွေများခဲ့သည်။ သူတို့ဘာသာရပ် ဓာတုဗေဒကျောင်းသား၊ ကျောင်းသူ များ၏ ပရဟိတအသင်းတွင်လည်း အသင်းဝင်ထားပြီး ကျောင်းပိတ်ရက်တိုင်း ရွှေဘိုမြို့ပေါ်က ဘုရားစေတီတွေမှာ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်တာမျိုးတွေ ဝင်လုပ်တတ်သည်။ သူတို့အသင်း၏ ကျောင်းတွင်းကျောင်းပြင် ပရဟိတလှုပ်ရှားမှုတွေမှာ ခင်မျိုးဦးကို ခပ်စိပ်စိပ်ကလေး မြင်တွေ့ရတတ်ပါသည်။ ‘‘ရှေးမူကို မဖျက်ပါဘူး အစဉ် ××× တို့တောက ဆံပင်အလှပင် ဆံရစ်ဝိုင်းကိုမှ အသားပေးပေး အလှူတကာ နေရာမရွေး ××× ပျူငှာပဲ လူတကာအပြေးလေး ကြိုဆိုသရှင့်’’ (ဆံရစ်ဝိုင်း-ဂီတမှူး ကိုရဲအောင်ရေးသားပြီး ကြည်ကြည်ဝင်းဆို၊ ရောင်းတန်း ဓာတ်ပြားတေး) မခင်မျိုးဦးအရင် ရွှေဘိုတက္ကသိုလ်တွင် ကျောင်းသူတစ်ယောက်သည်လည်း ဆံရစ်ဝိုင်းကလေးဖြင့် ကျောင်းတက်ခဲ့ဖူးသည်ဟုဆိုသည်။ ထိုကျောင်းသူသည် ကျောင်းပြီးပြီးနောက် ဆံရစ်ဝိုင်း ဖြုတ်သွားလား၊ မဖြုတ်ဘဲဆက်ထားသွားသလားတော့ တိတိကျကျ သိသူမရှိ။ မခင်မျိုးဦးလိုပင် ငယ်ငယ်ကတည်းက အဘိုးဖြစ်သူ၏ အစီအမံကြောင့် ဆံရစ်ဝိုင်းကလေးဖြင့် နေခဲ့ရဖူးသည့် စာရေးဆရာမကြီး ခင်ခင်ထူးကတော့ သူ၏ဆံရစ်ဝိုင်းဝတ္ထုတိုများ စာအုပ်အမှာစာတွင် ဆံရစ်ဝိုင်းထားသူများသည် ဆယ်ကျော်သက်အရွယ်ရောက်ပြီဆိုလျှင် ဆံရစ်ဝိုင်းအစား ဆံပင်ကိုအုပ်လုံးသိမ်းပြီး ဆံထုံး၊ ဆံတောက် စိတ်ကြိုက်ပြုပြင်ကြတော့သည်ဟု ဆိုပါသည်။ ထို့ကြောင့် ခင်မျိုးဦးအား ဆံရစ်ဝိုင်းကို ဘယ်အချိန်အထိထားသွားမလဲ မေးသည့်အခါတွင်တော့ ‘‘ဒီအတိုင်းလေးနေရတာ ကြိုက်တယ်’’ဟု ခပ်ပြုံးပြုံးလေး ဖြေလေသည်။ ဆယ်ကျော်သက်အရွယ် ကျော်လွန်ခဲ့ပြီဖြစ်သည့် တက္ကသိုလ်ဂုဏ်ထူးတန်းကျောင်းသူကြီး မခင်မျိုးဦးသည် ဆံရစ်ဝိုင်းကလေးဖြင့် ရွှေဘိုတက္ကသိုလ်ထဲတွင် ဂုဏ်သတင်းမွှေးပျံ့ကာ လှပနေဆဲဖြစ်သည်။ အချိန်တန်လျှင်တော့ သူ့ခေါင်းက ဆံရစ်ဝိုင်းကို ဖြုတ်သင့်လျှင်လည်း ဖြုတ်ရပါလိမ့်မည်။ မဖြုတ်ဘဲ တစ်သက်လုံးထားချင်လည်း ထားသွားပါလိမ့်မည်။ သို့သော် သေချာသည်ကတော့ ဆံရစ်ဝိုင်းနှင့်အတူ တွဲပါလာခဲ့သော ကျေးလက်က သူ့ဘိုးဘွားနှင့် မိဘတွေသင်ပြညွှန်ပြပေးခဲ့သည့် မြန်မာအမျိုးသမီးတွေ၏ နေပုံထိုင်ပုံ အကျင့်စရိုက်ကောင်းလေးတွေကတော့ဖြင့် မခင်မျိုးဦး အသိစိတ်ထဲဝယ် ဘယ်သောအခါမှ မဖြုတ်တော့ဘဲ စွဲမြဲ၍ ကျန်ခဲ့ပါလေတော့သည်။
Source : http://ift.tt/2aaSuwr
via IFTTT
Source : http://ift.tt/2aaSuwr
via IFTTT
Wednesday, July 27, 2016
အထွေထွေ ရောဂါကု ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး(ဂျီပီ)နှင့်တွေ့ဆုံခြင်း
Dr.MO : တုပ်ကွေးက Influenza ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပေါ့။ ဒီဗိုင်းရပ်စ်က A, B, C ဆိုပြီး သုံးခု ရှိတယ်။ ပြင်းထန်တာက တစ်ခုနဲ့ တစ်ခု မတူဘူး။ ဒီဗိုင်းရပ်စ် သုံးခုကြောင့် ကူးစက်ပြီး ရလာတာ ဖြစ်တယ်။ တုပ်ကွေးရောဂါ ခံစားနေရသူရဲ့ နှာချေ၊ ချောင်းဆိုးရာကနေ အမှုန် အမွှားလေးတွေက သူ့ရဲ့ ၁ဝ ပေပတ်လည်မှာ လွင့်နေတယ်။ အဲဒါကတစ်ဆင့် ရှူရှိုက်မိရင် ရောဂါကူးစက်သွားပြီ။ အသက်ရှူ လမ်းကြောင်းက ကူးတယ်။ လူ့ကိုယ်ခန္ဓာထဲ ဝင်ဖို့အတွက်ကို နှာခေါင်း၊ ပါးစပ် စတဲ့အပေါ် အသက်ရှူ လမ်းကြောင်းကနေ လည်ပင်းနဲ့လေပြွန်တွေအထိကို ကူးစက်သွားတာပေါ့။ Voice : တုပ်ကွေးရောဂါက ဘယ်လို ကူးစက်နိုင်ပါသလဲ။ Dr.MO : လူငယ်၊ လူကြီး၊ ကလေး လသားလေးတွေကအစ အသက် ၈ဝ၊ ၉ဝ လည်း ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးဟာ လေထဲမှာ ရှိနေတယ်။ အထူးသဖြင့် ကိုယ်နဲ့ နီးစပ်တဲ့သူ တစ်ယောက်မှာ တုပ်ကွေးဗိုင်းရပ်စ် ပိုး ရှိနေရင် သူနဲ့ လက်ပွန်းတတီး နေလို့ နှာစေး၊ ချောင်းဆိုးက ကူးတယ်လို့ ဆိုပေမယ့် ထိတွေ့ ကိုင်တွယ်ရာကနေလည်း ကူးတယ်။ ဒါကြောင့် ဘယ်အရာကိုပဲ ကိုင်တွယ်ထား လက်ကို စင်ကြယ်အောင် ဆေးပြီးမှသာလျှင် မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်ပါပေါ့။ Voice : တုပ်ကွေးရောဂါ လက္ခဏာလေးတွေကို ပြောပြပေးပါဦး။ Dr.MO : တုပ်ကွေးဖြစ်ပြီဆိုရင် ကိုယ်လက် ကိုက်ခဲတာကနေ စတယ်။ နောက်တော့ ဖျားတယ်။ ခေါင်းကိုက်တာတွေ၊ ကြွက်သားနာတာတွေ၊ မျက်လုံးနဲ့ မျက်ရိုး ကိုက်တာတွေ၊ တံတွေးမျိုတဲ့အခါ လည်ပင်းနာခြင်းတွေ၊ လည်ပင်းရှ၊ နာတာတွေ၊ ချောင်းဆိုးတာတွေအပြင် အစားအသောက် ပျက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ဖြစ်ပြီဆိုရင် တစ်ရက်၊ နှစ်ရက် ဖျားတယ်။ ဒီတုပ်ကွေးကို ရာသီတုပ်ကွေး(Seasonal Flu)လို့ ခေါ်တယ်။ Voice : တုပ်ကွေးရောဂါ ဖြစ်ရင်် ဘယ်လို လူတွေမှာ ပိုပြီး ခံစားရနိုင်ပါသလဲ။ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုရောဂါတွေ ခံစားရနိုင်ပါသလဲ။ Dr.MO : တုပ်ကွေးကြောင့် လူ အသေအပျောက် မရှိခဲ့ဘူး။ ဆေးရုံတင်ရတာလည်း အင်မတန် ရှားတယ်။ ဘယ်လိုလူတွေမှာ ဆေးရုံတင်ရသလဲ ဆိုရင် နဂိုရှိရင်းစွဲ ရောဂါရှိနေတဲ့သူ တစ်ယောက်က တုပ်ကွေး မိလိုက်ရင် ဥပမာ- ဆီးချို၊ နှလုံး၊ သွေးတိုး၊ အိတ်ချ် အိုင်ဗီ ရောဂါရှိတဲ့သူတွေနဲ့ တခြား နာတာရှည် ရောဂါ ခံစားနေရပြီး အသက်ကြီးတဲ့သူတွေ တုပ်ကွေးမိရင် ခံစားရမယ်။ ကလေးငယ်တွေ အန္တရာယ် ရှိတယ်။ သွေးလွန်တုပ်ကွေးလားလို့ သံသယတွေ ရှိနိုင်တယ်။ ဒါတွေက အန္တရာယ်ရှိတဲ့ အုပ်စုတွေပေါ့။ ကျောက်ကပ် ဆေးတွေ သောက်နေရတဲ့ သူတွေကို ဦးစားပေးပြီးတော့ ကာကွယ်ရေး အစီအစဥ်တွေ လုပ်ရတယ်။ တုပ်ကွေးကို မကုဘဲထားရင်တော့ ဒုတိယအကြိမ် ဖြစ်နိုင်သလို နောက်ဆက်တွဲအနေနဲ့ ဗိုင်းရပ်စ်ကနေ ကြာတော့ ဗက်တီးရီးယားပိုး ဝင်လာပြီး အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ နှာခေါင်းပိတ်ပြီး ကျန်ခဲ့တာတွေ၊ လည်ပင်းနာတာတွေ၊ နားပြည်ယိုတာတွေ၊ အဆုတ် အအေးမိပြီး နမိုးနီးယား ဖြစ်တာတွေ ရှိတယ်။ အဲဒီလူတွေကို တုပ်ကွေး မမိအောင်တော့ ဦးစားပေးရမှာပေါ့။ သူတို့မှာ လက္ခဏာတွေက ပိုပြီး ပြင်းထန်တယ်။ Voice : တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး တွေရှိတယ်လို့ သိရပါတယ်။ ကာကွယ်ဆေး ထိုးမယ် ဆိုရင်ရော ရောဂါအတွက် ထိရောက်မှု ရှိနိုင်ပါသလား။ Dr.MO : တုပ်ကွေး ကာကွယ်ဆေးက နိုင်ငံခြားမှာ ထိရောက်တယ်။ မြန်မာပြည်မှာ သိပ်မထိရောက်ဘူး။ အမေရိကန်လိုနိုင်ငံမှာ မဖြစ်ခင်ကတည်းက ထိုးပေးတယ်။ ခံနိုင်ရည် ရှိတယ်။ ဖြစ်ရင်တောင်မှ မကိုက်ခဲဘူး။ အဲဒီ တုပ်ကွေး ကာကွယ်ဆေးက ဒီနှစ်မှာ ဖြစ်တဲ့ဗိုင်းရပ်စ်ကို ယူမွေးပြီးတော့ ယဥ်ပါးအောင် လုပ်ပြီး လူ့ခန္ဓာကိုယ်ထဲမှာ ထိုးပေးတာ။ ဒါကြောင့် မနှစ်က ဖြစ်တဲ့ဗိုင်းရပ်စ်က ဒီနှစ်ဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ တူချင်မှလည်း တူမှာ။ သူတို့ နိုင်ငံတွေမှာ အသစ်တွေ ထုတ်တာ။ မနှစ်က ကာကွယ်ဆေးကို ဒီနှစ်မှာ လာထိုးရင် ထိရောက်ချင်မှ ထိရောက်မှာ။ ဆေးတွေကို မြန်မာပြည် သွင်းလာတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့တုပ်ကွေးက ဘယ်ဟာမှန်း မသိဘူး။ ဒီဗိုင်းရပ်စ်အတွက် ထုတ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် ဒီမှာ ထိုးရင် ၆ဝ ရာခိုင်နှုန်း ထိရောက်တယ်။ ရာခိုင်နှုန်းအပြည့်တော့ မထိရောက်ဘူး။ Voice : တုပ်ကွေးရောဂါ မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်သင့်ပါသလဲ။ Dr.MO : တုပ်ကွေး မဖြစ်ခင် ကာကွယ်ရမယ့် နည်းလမ်းက မိမိလက်ကို မကြာခဏ ဆေးပါ။ နှာခေါင်းစည်းကို သုံးပါ။ လူစုလူဝေးများ ရှိတဲ့နေရာကို မသွားဘဲနဲ့ အစာ ဝလင်အောင် စားပြီး ကိုယ်ခံစွမ်းအား မြင့်အောင် နေထိုင်သင့်တယ်။ ရေဓာတ် မခန်းခြောက်အောင် ရေ ဝဝလင်လင် သောက်ရမယ်။ အိပ်စက် နားနေရမယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးဟာ သုံးမျိုး ရှိတဲ့အတွက် ပြန်ဖြစ်နိုင်တယ်။ Voice : ဆရာအနေနဲ့ တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ဘာများ ထပ်မံ ဖြည့်စွက် ပြောချင်ပါသလဲ။ Dr.MO : တုပ်ကွေးဖြစ်လို့ ဆေးခန်းကို လာတဲ့အခါ တော်တော်များများက မြန်မြန်ပျောက်ချင်လို့ ဆေးထိုး ပေးဖို့ တောင်းဆိုတယ်။ တုပ်ကွေးက ဆေးထိုးရင်ပဲဖြစ်ဖြစ်၊ ဆေးသောက်ရင်ပဲဖြစ်ဖြစ် အတူတူပါပဲ။ အဲဒီအတွက် မလိုအပ်ဘဲနဲ့ ဆေးထိုး မခံပါနဲ့။ နောက်ပြီး ဆရာ မှာချင်တာက အစာ ဝဝလင်လင် စားပါ။ ရေ နှစ် ပုလင်း ရအောင် သောက်ပါ။ အနားယူပါ။ အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပါ။ ကိုယ့်ဘာသာ စပ်ဆေးတွေ ဝယ်ပြီး မသောက်ပါနဲ့။ စပ်ဆေးတွေမှာ အန္တရာယ်ရှိတာတွေ ပါတယ်။ အစာအိမ်နဲ့ အရိုးတွေကို စားသွားနိုင်တယ်။ ကျောက်ကပ်ကို ပျက်စီးနိုင်ပါတယ်။ တုပ်ကွေးဖြစ်ပြီးရင် ချောင်းဆိုး ကျန်ခဲ့တာကို စိတ်မပူဘဲ ရေ များများ သောက်ပြီး ကိုယ် လက်လှုပ်ရှားမှု ပိုလုပ်လိုက်ပါ။ နှစ်ပတ်လောက်အထိတော့ ချောင်းဆိုးနိုင်ပါတယ်။ လေပြွန်က ရောင်ပြီး နာလန်ထတဲ့အတွက်ကြောင့် လေကောင်းလေသန့် ကောင်းကောင်း ရှူဖို့ လိုအပ်ပါတယ်။ ရေဓာတ် မခန်းခြောက်ရင် ချောင်းဆိုးတာ သက်သာ သွားပါလိမ့်မယ်။ ဆရာဝန်ကို တိုင်ပင်ပြီး ဆေးကို ထိထိရောက်ရောက် သောက်ရင် နှစ်ရက်၊ သုံးရက်ထက် မပိုဘဲ ပျောက်ကင်းနိုင်ပါတယ်။ Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သီတာဆွေ
Source : http://goo.gl/064n5v
via IFTTT
Source : http://goo.gl/064n5v
via IFTTT
www.7daydaily.com
မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ ထိခိုက်နစ်နာမှုများ အမှန်ကန်ဆုံးဖြစ်အောင် ကူညီပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော Wednesday, July 27, 2016 မြန်မာ-တရုတ် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှင့် ပတ်သက်၍ ထိခိုက်နစ်နာမှု များကို အမှန်ကန်ဆုံးဖြစ်အောင် ကူညီပေးမည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂၅ ရက်က ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော် မတီမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံစဉ် ဝန်ကြီးချုပ်က အထက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း ပိုက်လိုင်းစောင့်ကြည့် ရေးကော်မတီ ဝင် ဦးမျိုးလွင်က ပြောသည်။ ‘‘ပိုက်လိုင်းကြောင့် ထိခိုက် နစ်နာမှုတွေကို စောင့်ကြည့်ရေး ကော်မတီဝင်တွေက တင်ပြပါ တယ်။ ဝန်ကြီးချုပ်ကတော့ ပိုက် လိုင်းကြောင့် ပြည်သူတွေ မနစ် နာရအောင် ပြည်နယ်အစိုးရအဖွဲ့ က ကူညီပေးမယ်။ အဲဒီလိုကူညီ တဲ့နေရာမှာလည်း အမှန်တကယ် ထိခိုက်နစ်နာသူတွေ မကျန်ရ အောင်နဲ့ မမှန်မကန်မှုတွေ ရှိလာ မှာကိုလည်း စိုးရိမ်ကြောင်း ပြော ကြားခဲ့ပါတယ်’’ဟု ဦးမျိုးလွင်က ပြောသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ တင်ပြချက်များကို အားရကျေနပ် ပြီး အားလုံးပူးပေါင်းကာ ဖြစ်ပေါ် လာသည့် ပြဿနာများကို အပြစ် တင်ခြင်းထက် သင်ခန်းစာယူကာ နောင်လာမည့် ရင်းနှီးမြှုပ်နှံမှုများ ကို လုပ်ဆောင်မည်ဟု ပြောကြား ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရွှေသဘာဝဓာတ်ငွေ့ ပိုက် လိုင်းကြောင့် အမ်းမြို့နယ်တွင် ထိခိုက်နစ်နာမှုများကို ကွင်းဆင်း စစ်ဆေးရန် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ စစ် ဆေးမှုများ ပြုလုပ်ရန် ပြည်နယ် အစိုးရအဖွဲ့က တာဝန်ပေးထား ကြောင်း ဦးမျိုးလွင်က ပြောကြားသည်။ ကျောက်ဖြူမြို့မှ ထွက်ရှိ သည့် သဘာဝဓာတ်ငွေ့များကို ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပြီးခဲ့ သည့် ၂၀၁၃ ဇူလိုင် ၃၀ ရက်တွင် စတင်ပို့လွှတ်ခဲ့သည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ထုတ်လွှတ်နေပြီး တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ တင်ပို့ကာပြည်တွင်း၌ ကုဗပေသန်း ၁၀၀ သုံးစွဲနေကြောင်း ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သိရသည်။ ရွှေသဘာဝဓာတ်ငွေ့ပိုက် လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် အမ်းမြို့နယ်များကို အဓိကဖြတ်သန်း ဖောက်လုပ်ထားခြင်း ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့ ပိုက် လိုင်းကြောင့် ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျေးရွာအုပ်စုအချို့မှ လယ်ယာမြေများနှင့် အမ်းမြို့နယ် ကျေးရွာအုပ်စုသုံးစု၊ ကျေးရွာပေါင်း ၃၇ ရွာမှ လယ်မြေ၊ ယာမြေ၊ ကိုင်းမြေ၊ ဥယျာဉ်ခြံမြေနှင့် ပုစွန်မွေးကန် ဧကထောင်ချီ၍ ထိခိုက်နစ်နာမှုရှိနေကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ #7day daily @LH ရေတိုက်စားမှုကြောင့် ပေါ်ထွက်လာသော မြန်မာ−တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကို ဝိုင်းဝန်းကြည့်ရှုနေသူများ (ဓာတ်ပုံ − မောင်ကံ)
Source : http://ift.tt/2a8mx8Y
via IFTTT
Source : http://ift.tt/2a8mx8Y
via IFTTT
www.7daydaily.com
ယူနက်စကိုစာရင်းဝင်ရန် ပုဂံဒေသတွင် ရပ်ဆိုင်းထားသော ဟိုတယ် ၄၂ လုံးပြဿနာ ဦးစွာဖြေရှင်းရန် မန္တလေးဝန်ကြီးချုပ်ပြော Wednesday, July 27, 2016 ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းအမွေအ နှစ်အဖြစ် အသိအမှတ်ပြုရေး ဆောင်ရွက်ရာတွင် ရပ်ဆိုင်းထား သည့် ဟိုတယ် ၄၂ လုံးပြဿနာကို ဦးစွာဖြေရှင်းရမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ အဆိုပါပြဿနာဖြေရှင်းရာ တွင် လုပ်ငန်းရှင်များ၏ဆန္ဒထက် ပုဂံဒေသကို အမှန်တကယ်ချစ် မြတ်နိုးသည့် ဒေသခံများ၏မျက် နှာကို ကြည့်ကာ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက် က ပြုလုပ်သည့် ပုဂံဒေသကို ယူနက်စကိုအသိအမှတ်ပြုရန် တင်သွင်းရေးအတွက် နိုင်ငံတ ကာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ၊ သာသ နာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မှ တာဝန်ရှိသူများတက်ရောက် သည့် ဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားခြင်းဖြစ်သည်။ ‘‘ဒီနေ့တက်ရောက်လာတဲ့ ပညာရှင်တွေက ပုဂံကို အကောင်းဆုံးဖြစ်အောင် ရေးဆွဲပေးနိုင်မယ် လို့ ယုံကြည်ပါတယ်။ ဒီပြဿနာ ကြီးကို မဖြေရှင်းဘဲနဲ့ ကမ္ဘာ့အမွေ အနှစ်ထဲကို သွင်းဖို့ ဘယ်လိုစဉ်း စားမှာလဲ။ ဒါတွေ ဘာလို့ ဖြစ်ခဲ့ တာလဲ။ တာဝန်ခံမှုမရှိလို့၊ ပွင့် လင်းမြင်သာမှုမရှိလို့ဖြစ်ခဲ့တာ။ ပြည်သူကပေးတဲ့ အစိုးရဖြစ်တဲ့အ တွက် ဒေသက လူတွေကို ဦးစား ပေးစဉ်းစားစေချင်ပါတယ်’’ဟု ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။ ယခင်အစိုးရလက်ထက်က ၁/၂၀၁၃ ဖြင့် အဆိုပါဟိုတယ် များကို ဆောက်လုပ်ခွင့်ပေးခဲ့ပြီး ၁/၂၀၁၄ ဖြင့် ပြန်လည်ရပ်ဆိုင်း စေခဲ့ရာ လက်ရှိတွင် ဟိုတယ် ၄၂ လုံး ဆက်လက်တည်ဆောက်ဖွင့် လှစ်ခွင့်မရှိသလို ဖျက်သိမ်းရန် အမိန့်ထုတ်ထားခြင်းလည်းမရှိ၍ တစ်ဝက်တစ်ပျက် အခြေအနေအဖြစ်သာ ရှိနေပြီး ၎င်းပြဿနာကို ဦးစွာ ဖြေရှင်းသင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။ ‘‘ဟိုတယ် ၄၂ လုံးပြဿနာ ကို ပြီးစလွယ်ဖြေရှင်းလို့မရပါဘူး။ ပုဂံဒေသက လူတွေအတွက်လည်း ပါသလို ဒေသအပြင်ဘက်က စီးပွားရေးလုပ်တဲ့ လူတွေအတွက်လည်းပါတယ်။ သူတို့နဲ့ ပုဂံဒေသက လူတွေ ဘယ်သူ့မျက်နှာကြည့်မလဲဆိုရင် ဒေသက လူတွေကိုပဲ ဦးစားပေးရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်တစ်ခု တည်ဆောက်ဖို့ ဆိုတာ မလွယ်ပါဘူး။ဒါပေမဲ့ မျက်ရည်တွေနဲ့တော့ မတည်ဆောက်ကြပါနဲ့’’ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ဟိုတယ်များ ပြဿနာနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့်တွေ့ဆုံခဲ့ရာတွင်လည်း အဆင်ပြေစွာ ဖြေရှင်းနိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။ ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ယူ နက်စကိုက ဦးစီးကာ ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ကြာကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲပထမနေ့တွင် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းဖော်ပြချက်များကို ပုဂံဒေသ အတွက် ရေးဆွဲရေးအလေးထား ဆွေးနွေးခဲ့ကြသည်။ #7day daily #LH ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများသို့ ခရီးသွားများ နွားလှည်းဖြင့် လာရောက်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)
Source : http://ift.tt/2avAYHz
via IFTTT
Source : http://ift.tt/2avAYHz
via IFTTT
elevennewss3.s3.amazonaws.com
မြောက်ကိုရီးယား၏ ဖိတ်ကြားမှုအား တိုင်ပင်ရဦးမည်ဖြစ်ပြီး အမေရိကန်နှင့် တရုတ် မည်သည့်နိုင်ငံသို့ ဦးစွာသွားရောက်မည်ကို မသတ်မှတ်ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ဖိတ်ကြားမှုကို တိုင်ပင်ရဦးမည်ဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံအနက် မည်သည့်နိုင်ငံသို့ ဦးစွာသွားရောက်မည် ဆိုခြင်းအား မသတ်မှတ်ရသေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၆ ရက် ညပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ပြောကြားခဲ့သည်။ ၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၆ ရက် ညပိုင်းက ဗီယန်ကျင်းမြို့ရှိ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နေအိမ်၌ မြန်မာ ဂျာနယ်လစ်များနှင့် တွေ့ဆုံချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း ဇူလိုင် ၂၅ ရက်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံချိန်တွင် မြောက်ကိုရီးယားသို့ လာရောက် လည်ပတ်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ “ဒီလို ဖိတ်လို့ရှိရင် ဘယ်တော့မှ သွားမယ်၊ မသွားဘူး ချက်ချင်းမပြောပါဘူး။ ပြန်ပြီးတော့ ကိုယ့်ရဲ့ရုံးနဲ့ ပြန်တိုင်ပင်ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်လည်ပတ်ရန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကလည်း ဖိတ်ကြားထားပြီး ထိုနှစ်နိုင်ငံအနက် မည်သည့်နိုင်ငံသို့ ဦးစွာ သွားရောက်မည်ကို မသတ်မှတ်ရသေးကြောင်း ပြောကြားသည်။ “အခြေအနေ အဆင်ပြေသလို သွားမှာပါ။ ဒါ ဘယ်နိုင်ငံမလို့ အရင်သွားရမလဲဆိုတာ မသတ်မှတ်ပါဘူး။ ကိုယ့်ရဲ့ ပြည်တွင်းမှာပေါ့နော်။ ပြည်တွင်းအလုပ်တွေရဲ့ အချိန်ဇယားနဲ့ ညှိပြီး သွားရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အစည်းအဝေးကာလအတွင်း တရုတ်၊ မြောက်ကိုရီးယား၊ ရုရှား၊ သြစတြေးလျ၊ ဗီယက်နမ်၊ နော်ဝေ အစရှိသော နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားတွေ့ဆုံခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တွင် ပြုလုပ်သော အစည်းအဝေးများ၌ တွေ့ဆုံစကားပြောဆိုမှုများ ရှိခဲ့သော်လည်း ထိုတွေ့ဆုံမှု၌ မည်သည့်အကြောင်းအရာများ ပြောကြားခဲ့သည်ဆိုခြင်းအား ဖြေဆိုရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ခဲ့သည်။ သို့သော် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ တက်ရောက်ခဲ့သော ပထမဆုံး အာဆီယံအစည်းအဝေး အတွေ့အကြုံကို ကျေနပ်ကြောင်းနှင့် သင်ယူမှုများ ရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။ “ကျေနပ်ပါတယ်။ ဘာကြီးလုပ်မယ်၊ ညာကြီးလုပ်မယ်ဆိုပြီး မျှော်မှန်းပြီးတော့ တက်တာမဟုတ်ပါဘူး။ တကယ်တော့ သင်ယူဖို့ တက်တယ်လို့ ပြောရမှာပဲ။ ဒါ ပထမဆုံး အစည်းအဝေးဆိုတော့ ကိုယ်က သင်ယူရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထို့အတူ အာဆီယံ၏ ရပ်တည်မှုကို စိတ်ဝင်စားခဲ့ပြီး အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏ ရပ်တည်မှုကိုလည်း လေ့လာခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “စိတ်ဝင်စားဆုံးကတော့ အာဆီယံရဲ့ ရပ်တည်ချက်ပေါ့နော်။ အာဆီယံက အဖွဲ့အစည်းတစ်ခုအနေနဲ့ ဘယ်လိုရပ်တည်လဲ။ ဘယ်လောက် အတိုင်းအတာတစ်ခုအထိ တစ်သံတည်း ထွက်သလဲ။ ဒါဆိုတာ အခုမှစပြီး အန်တီက လေ့လာရတာပေါ့။ နောက်ပြီးတော့ အာဆီယံအတွင်းမှာလည်း ဘယ်နိုင်ငံက ဘယ်လိုပုံစံနဲ့ ရပ်တည်လဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ ယခုပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၌ အဓိက အကြောင်းအရာဖြစ်ခဲ့သော တောင်တရုတ်ပင်လယ်အရေးကို ဇူလိုင် ၁၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အတိုင်းသာ ပြောကြားခဲ့သည်ဟု ဆိုသည်။ “အန်တီက ပြောပြီးသားစကားကို ထပ်ထပ်ပြီးပြောတတ်တဲ့ အလေ့အကျင့်မရှိဘူး။ နောက်ဆုံးအကြိမ်မှာ ပြောတာတော့ ကျွန်မတို့ တရားဝင်ကြေညာပြီးပါပြီ။ ထပ်ပြောစရာ မလိုတော့ပါဘူးလို့ပဲ ပြောလိုက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုအပေါ် မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကား ပြောဆိုခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား အလေးထားဖော်ပြခဲ့မှုမှာ ထူးခြားသောအကြောင်းအရာ မဟုတ်ကြောင်း သုံးသပ်ခဲ့သည်။ #eleven news အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသည်ကို တွေ့ရစဉ်
Source : http://ift.tt/2a3zK1l
via IFTTT
Source : http://ift.tt/2a3zK1l
via IFTTT
Eleven Broadcasting
ဇူလိုင် ၂၇ ရက် နံနက်ပိုင်း သတင်းအစီအစဉ် (နံနက် ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု) ■ အာဆီယံ အစည်းအဝေး ပထမဆုံး အတွေ့အကြုံ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း ■ မိုင်ဂျာယန်အစည်းအဝေး ပထမနေ့တွင် ပင်လုံစာချုပ်ပါ လိုက်လျောညီထွေ မဖြစ်တော့သည့် အချက်များကို ပြင်ဆင်သွားရန် သဘောထားချမှတ် ■ အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ချက်ကို ပြန်သုံးသပ်ရန် အစိုးရက စောင့်ကြည့်နေ ■ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစုစာရင်းဖွင့်ပြီး တန်ဖိုးနည်းအိမ်ရာ ဝယ်ယူနိုင်မယ့် စနစ် သြဂုတ်လတွင် စတင်မည် ■ ဒေါပုံမြို့နယ် မဟာဗန္ဓုလတံတားအဆင်းမှာ ခရီးသည်တင်ယာဉ်က ၁၈ ဘီး နောက်တွဲယာဉ်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရ ■ ပြင်သစ်နိုင်ငံရှိ ဘုရားကျောင်းတစ်ကျောင်းကို အိုင်အက်စ်သစ္စာခံ လက်နက်ကိုင်နှစ်ဦးက ဝင်ရောက်စီးနင်းခဲ့ပြီး ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးကို သတ်ခဲ့
Source : http://ift.tt/2afYZ3C
via IFTTT
Source : http://ift.tt/2afYZ3C
via IFTTT
elevennewss3.s3.amazonaws.com
ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း သွားလာနေသော ရေယာဉ်များနှင့် သင်္ဘောကျင်းတွင် ရပ်နားထားသော ရေယာဉ်များထံမှ ဓားပြတိုက်မှု၊ ခိုးယူမှုများ ဆက်တိုက် ဖြစ်ပွားနေ ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း သွားလာနေသော ရေယာဉ်များနှင့် သင်္ဘောကျင်းများတွင် ရပ်နားထားသော ရေယာဉ်များထံမှ ခိုးယူမှု၊ ဓားပြတိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေသော်လည်း ဖော်ထုတ်အရေးယူမှု အားနည်းနေကြောင်း ပြည်တွင်း ရေယာဉ်ပိုင်ရှင်များ အသင်းမှ တာဝန်ရှိသူများက ပြောကြားသည်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ ဇူလိုင်အထိ မြစ်ချောင်းများအတွင်း သွားလာနေသော ရေယာဉ်များထံမှ ဓားပြတိုက်မှု၊ ခိုးယူမှု ၄၀ ခန့် ဖြစ်ပွားခဲ့ပြီး လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ဒလမြို့နယ် အတွင်းရှိ ရေယာဉ်များ၊ သင်္ဘောကျင်းများတွင် အများဆုံး ဖြစ်ပွားခဲ့သည်ဟု ပြည်တွင်းရေကြောင်း ရေယာဉ်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မင်းက ပြောကြားသည်။ “လူလေးငါးယောက်လောက် တစ်ခါတလေ ၁၀ ယောက်ကျော်လောက်က ညအိပ်ရပ်ထားတဲ့ သင်္ဘောတွေပေါ်ကို တက်ပြီး လုတာ။ ဓားထောက်ပြီး လုတာ။ ကျွန်တော်တို့နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံသေးတယ်။ တွေ့ဆုံပြီးတော့ ရေကြောင်းရဲတွေကလည်း ရေထဲမှာ ကင်းလှည့်ပေးပါတယ်။ ဒါပေမဲ့ ဖြစ်ပွားနေတုန်းပဲ ရေထဲမှာဖြစ်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဆိပ်ကမ်းရဲတပ်ဖွဲ့ကိုပဲ အမှုဖွင့် တိုင်ကြားလို့ရတယ်။ သက်ဆိုင်ရာ မြို့နယ် ရဲတွေဆီမှာ အမှုဖွင့်လို့ မရဘူး။ တိုင်ရင်သက်ဆိုင်ရာ မြို့နယ်ရဲတွေက လာကြည့်ပေးတယ်။ စစ်ဆေးပေးတယ်။ ဒါပေမဲ့ အမှုဖွင့်တာက ဆိပ်ကမ်း ရဲစခန်းမှာပဲ ဖွင့်လို့ရတော့ ရေယာဉ်ပိုင်ရှင်တွေကလည်း မတိုင်ကြတော့ဘူး။ ကျွန်တော်ကတော့ တိုင်တယ်” ဟု ရေယာဉ်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မင်းက ပြောကြားသည်။ ဓားပြတိုက် လုယက်သူများသည် ဇွန် ၁၈ ရက်တွင် ဖုန်းလေးလုံး၊ ငွေကျပ်နှစ်သိန်းနှင့် အဝတ်အစား သေတ္တာတစ်လုံး၊ ဇွန်၂၀ ရက်တွင် ဖုန်းသုံးလုံး၊ ငွေကျပ်နှစ်သိန်းခွဲနှင့် အဝတ်အစား သေတ္တာတစ်လုံး၊ ဇူလိုင် ၇ ရက်တွင် ငွေကျပ်ငါးထောင်နှင့် ဖုန်းတစ်လုံးတို့ကို ဓားပြတိုက်ယူခဲ့ကြသည်ဟု ရေယာဉ်များထံမှ ဓားပြတိုက်မှု ဖြစ်စဉ်များအား ၎င်းက ထပ်မံ ရှင်းပြသည်။ “လှိုင်သာယာ ရွှေလင်ပန်း သင်္ဘောကျင်းမှာလည်း မေလတုန်းက ခိုးမှုဖြစ်သေးတယ်။ ည ၁ နာရီလောက်။ ခြင်ထောင်ထဲကို ဝင်နှိုက်သွားတာ။ ဖုန်းတွေ ပါသွားတယ်။ သူတို့က တွဲတစ်စီးနဲ့ တစ်စီးကြားမှာ ခိုအောင်းနေကြတာ။ အမှောင်ကို အခွင့်ကောင်းယူပြီးတော့။ ကျွန်တော်တို့ အနေနဲ့ကလည်း တစ်ချိန်လုံး မီးစက်နှိုးပြီး လင်းအောင်လုပ်ဖို့ကလည်း မကိုက်ဘူး။ စီစီတီဗွီတွေ တပ်ပြန်ရင်လည်း မီးမရတာနဲ့က အဆင်မပြေဘူး” ဟု ရေယာဉ်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်မင်းခင်က ပြောကြားသည်။ “၂၀၁၅ ခုနှစ် ဒီဇင်ဘာလတုန်းက တစ်ကြိမ်၊ ဒီနှစ်ဖေဖော်ဝါရီ ၈ ရက်နဲ့ ၂၁ ရက်မှာ တစ်ကြိမ်၊ ဧပြီလမှာတစ်ကြိမ် စုစုပေါင်း လေးကြိမ် ကျွန်တော်တို့ ရွှေပြည်သာမှာ ဖြစ်ပွားသေးတယ်။ သင်္ဘောပေါ်ကို လူလေးငါးဆယ်ယောက် တက်လာပြီး ဓားပြတိုက်လုတာပဲ။ အခုဖြစ်နေတာက ဒီသတင်း ပါလာရင်တောင် အငြိုးထားပြီး သင်္ဘောကို ရန်ထပ်ရှာမှာ စိုးနေရတယ်။ ကိုယ့်ဘာကိုယ် လုံခြုံရေး ချထားလည်း ဓားပြတွေနဲ့ ချဖို့ကတော့ မလွယ်ဘူး။ ကိုယ့်အလုပ်သမားတွေက အလင်းထဲကလူ၊ သူတို့က အမှောင်ထဲကလူ။ အဲဒီတော့ ခုခံဖမ်းဆီး သတ်ပုတ်တာတွေ လုပ်ရင်တောင် ကိုယ်ပဲ အမှုထပ်ပတ်နိုင်သလို ဖြစ်မယ်” ဟု ရွှေပြည်သာမှ ရေယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးစိုးမင်းက ပြောကြားသည်။ ပန်းလှိုင်မြစ်အတွင်း စက်လှေဖြင့် လုယက်မှု ကျူးလွန်နေသူ ခြောက်ဦးကို ဇူလိုင် ၂၃ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက မြစ်အတွင်း စောင့်ဆိုင်းဖမ်းဆီးရာ လေးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ Writer: သက်မင်း #eleven news ရန်ကုန်မြစ် အတွင်းရှိ ရေယာဉ်များကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
Source : http://ift.tt/2a3zXBr
via IFTTT
Source : http://ift.tt/2a3zXBr
via IFTTT
Tuesday, July 26, 2016
www.7daydaily.com
မုံရွာမြို့မှ သက်တမ်းရင့်သစ်ပင်ကြီးများမခုတ်ရတော့ Tuesday, July 26, 2016 မုံရွာ-ရွှေဘိုခရိုင်ချင်း ဆက်လမ်းပေါ်ရှိ သက်တမ်းရင့် သစ်ပင်ကြီးများကို အများပြည်သူ ဆန္ဒနှင့်အညီ ခုတ်လှဲခြင်းမပြုဘဲ လမ်းချဲ့ထွင်ရန် စစ်ကိုင်းတိုင်းဒေ သကြီးဝန်ကြီးချုပ်က ဆုံးဖြတ်ခဲ့ ကြောင်း တိုင်းဒေသကြီးအစိုးရရုံး မှ သတင်းရရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအ စိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ တိုင်းဒေသကြီးပြည် သူ့ဆောက်လုပ်ရေးဦးစီးဌာန အင် ဂျင်နီယာမှူးကြီးနှင့် မုံရွာခရိုင် ဆောက်လုပ်ရေးဦးစီးဌာန တာဝန် ရှိသူများသည် ဇူလိုင် ၂၅ ရက်ည နေက အဆိုပါလမ်းပိုင်းကို ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။ ‘‘ဝန်ကြီးချုပ်ကြီးရဲ့လမ်း ညွှန်ချက်နှင့်အညီ အများပြည်သူ ဆန္ဒအတိုင်း သစ်ပင်မခုတ်လှဲဘဲ လမ်းချဲ့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လမ်းချဲ့ချင်သူတွေရဲ့ဆန္ဒလည်း ပြည့်ဝသွားသလို သစ်ပင်မြတ်နိုး တန်ဖိုးထားသူတွေလည်း အဆင် ပြေအောင် ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်’’ဟု မုံရွာခရိုင် ဆောက်လုပ်ရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားသည်။ မုံရွာ-သာစည်-နောင်ကြီး အိုင်-ရွှေဘို ခရိုင်ချင်းဆက်လမ်း ပေါ်ရှိ မိုင်တိုင်အမှတ်(၂/၀)မုံရွာ ပညာရေးကောလိပ်မှ မိုင်တိုင်အ မှတ် (၆/၁)ကျောက်စစ်ပုံတောင် ကျေးရွာအတွင်း လမ်းပိုင်းကို မူလလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ အထိ တိုးချဲ့ရန် လျာထားခဲ့ခြင်း ကြောင့် သက်တမ်းရင့်သစ်ပင် ၂၁၂ ပင်ကို ခုတ်လှဲရန် လျာထား ခြင်းဖြစ်သည်။ သစ်ပင်ခုတ်လှဲခြင်းနှင့်ပတ် သက်၍ ဒေသခံများ၏သဘော ထားစစ်တမ်းကောက်ယူခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးလူငယ် ကွန်ရက်အဖွဲ့မှ ကိုဇော်သူရိန် ထွန်းက ‘‘မုံရွာ-သာစည်လမ်းက တစ်ဖက်ကို သုံးပေ၊ နှစ်ပေ ချဲ့သွား မယ်။ သစ်ပင်နဲ့မလွတ်ရင် ရှောင် ကွင်းချဲ့သွားမယ်။ သစ်ပင်မခုတ် တော့ဘူး။ အများပြည်သူဆန္ဒအရသစ်ပင်မခုတ်ချင်တဲ့အတွက် ဝန် ကြီးချုပ်က ဒီအတိုင်း ဆုံးဖြတ်ပေး ခဲ့တာပါ’’ဟု ပြောသည်။ မုံရွာ-ရွှေဘိုလမ်းပိုင်းရှိ သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်လှဲမည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်အဖွဲ့က ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ အဆိုပါလမ်းပိုင်းရှိ ရွှေပြည်သာရပ်ကွက်နှင့်ကျောက် စစ်ပုံတောင်ကျေးရွာတို့မှ ဒေသခံ ၄၂၀ အား စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။ မုံရွာ-ရွှေဘို ခရိုင်ချင်းဆက် လမ်းဘေးရှိ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ‘‘လမ်းက ကျဉ်းလို့ လမ်းချဲ့မှာကို သဘောတူပါတယ်။ သစ်ပင် ဘယ်ခုတ်စေချင်ပါ့မလဲ။ လမ်းချဲ့ဖို့ သစ်ပင်မ လွတ်ဘူးဆိုလို့သာ သဘောတူခဲ့ တာ။ နေပူလို့ရှိရင်တောင် သစ်ပင်အောက်ကို နားနေရတယ်။ လမ်း လည်းချဲ့မယ်။ သစ်ပင်မခုတ်ဘူး ဆိုရင်တော့ အားလုံးအဆင်ပြေ သွားတာပေါ့’’ဟု ဆိုသည်။ #7day daily မုံရွာမြို့မှ သက်တမ်းရင့်သစ်ပင်ကြီးများရှိရာလမ်း (ဓာတ်ပုံ - မျိုးမင်းဦး)
Source : http://ift.tt/2adAUdW
via IFTTT
Source : http://ift.tt/2adAUdW
via IFTTT
Subscribe to:
Posts (Atom)