ဆေးဆိုင်အချို့ စည်းကမ်း မလိုက်နာဟုဆို ------------------------------ မန္တလေးခရိုင်အတွင်း ရောင်းချနေသည့် ဆေးဆိုင်အချို့တွင် လိုက်နာရမည့် စည်းကမ်းချက်နှင့်မညီဘဲ ရောင်းချနေမှုများရှိနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး - FDA) ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဇင်ဇင်နွယ်က ပြောကြားသည်။ “ အင်္ဂတေကြမ်းပြင်၊ ရေစိုနေတဲ့ကြမ်းပြင်တွေမှာ ဆေးတွေကို ဒီအတိုင်းထားတာ တွေ့ရှိရပါတယ်။ ရေခဲသေတ္တာထဲမှာ တခြား စားသောက်ဖွယ်တွေနဲ့ ရောနှောထားတာကိုလည်း တွေ့ရပါတယ်။ ဆေးဆိုင်ဖွင့်မယ်ဆိုရင် ဒါတွေကိုသိရှိလိုက်နာမှ ဖွင့်ခွင့် ရှိတာပါ ” ဟု ၄င်းက ရှင်းလင်းသည်။ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာရောင်းချပြီး ယင်းကဲ့သို့ရောင်းချခြင်းသည် ရောင်းသူနှင့် ဝယ်သူ နှစ်ဦးစလုံးအတွက် စိတ်ချရသည့်ဆက်ဆံရေးကိုလည်း ဖြစ်ပေါ်စေကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီးအနီး လမ်း ၃၀ပေါ်ရှိ ဆေးဆိုင်တစ်ဆိုင်မှ သိရသည်။ မန္တလေးခရိုင်အတွင်း ဆေးအရောင်းဆိုင်ပေါင်း ၇၅၀ ကျော်ရှိသည်။
Source : http://ift.tt/29ZcHtQ
via IFTTT
No comments:
Post a Comment