မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန် နိုင်ငံပိုင်ကြေးမုံ သတင်းစာဖော်ပြ မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်း၍ မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား သဘော တူလက်ခံနိုင်သော ရေအားလျှပ် စစ်စီမံကိန်းများသာ ရှာဖွေဖော် ထုတ်ပြီး လက်တွဲပူးပေါင်းဆောင် ရွက်ရန် ဇူလိုင် ၂၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန် နည်းလမ်းသုံးသွယ်ရှိကြောင်း၊ ပထမနည်းလမ်းမှာ မြစ်ဆုံဆည်ကို အပြီးဖျက်သိမ်း၍ သက်ဆိုင်ရာကုမ္ပဏီအား လျော်ကြေး ဒေါ်လာသန်းရှစ်ရာပေးရန်၊ ဒုတိယနည်းလမ်းမှာ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ပြန်လည် စတင်၍ မြစ်ဆုံဆည်တည်ဆောက်ပြီးသည့်အခါ နိုင်ငံတော်ကို တစ်နှစ်လျှင် ဒေါ်လာသန်းငါးရာပေးသွင်းရန်၊ တတိယနည်းလမ်းအဖြစ် မြစ်ဆုံဆည်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပြုလုပ်ဘဲ တစ်နှစ်အတိုးဒေါ်လာ သန်းငါးဆယ် ပေးရန်ဖြစ်ကြောင်း ကြေးမုံသတင်းစာခေါင်းကြီးတွင် ဖော်ပြထားသည်။ သက်ဆိုင်ရာ ကုမ္ပဏီက အ ထက် ဖော်ပြပါ နည်းလမ်းသုံး သွယ်ကို အမှန်တကယ်တင်ပြပါ က နည်းလမ်း သုံးရပ်သည် မြန်မာ ပြည်သူပြည်သားတို့၏ နှလုံးစိတ် ၀မ်းကို ချမ်းမြေ့စေနိုင်မည်မဟုတ်သည်မှာ ထင်ထင်ရှားရှား ပေါ်လွင်နေသောအချက်ဖြစ်ကြောင်း ဖော်ပြထားသည်။ မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ ရွေးချယ်စရာပထမ နည်းလမ်း သုံးသွယ်သည် ဆည် တည်ဆောက်မည့် ကုမ္ပဏီ၏ အ ကျိုးစီးပွားကို ဆောင်ကြဉ်းနိုင် မည်ဖြစ်သော်လည်း နှစ်နိုင်ငံပြည် သူတို့အကြား ချစ်ကြည်ရင်းနှီးမှု ကို ဆောင်ကြဉ်းနိုင်မည်မဟုတ် သည်မှာ ထင်ရှားကြောင်း၊ အိမ် နီးချင်းနှစ်နိုင်ငံကြား ချစ်ကြည် ရင်းနှီးမှု ပျက်ပြားမှုက ဖန်တီးပေးမည့် မဟာဗျူဟာအန္တရာယ်ထက် မြစ်ဆုံဆည် တည်ဆောက်မည့် ကုမ္ပဏီ၏ အကျိုးစီးပွားကို ရှေ့တန်း တင်မည်လောဟု မေးခွန်း ထုတ်ရမည် ဖြစ်ပါသည်ဟု ဖော်ပြထားသည်။ ဧရာ၀တီကို အထိမခံ ဟူသော မြန်မာပြည်သူတို့၏ ဆုံးဖြတ်ချက်ကြောင့် မြစ်ဆုံဆည် စီမံကိန်း စတုတ္ထ ရွေးချယ်စရာ နည်းလမ်းအဖြစ် မြစ်ဆုံဆည် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပြီး နှစ်နိုင်ငံ လက်တွဲ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းများကို ရှာဖွေ ဖော်ထုတ်ရန်ဟု ကြေးမုံက ရေးသားထားသည်။ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါဖော်ပြမှုနှင့်ပတ်သက်၍ ‘‘ဒါဟာနိုင်ငံပိုင်သတင်းစာမှာ ပထမဆုံးဖော်ပြတဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံပိုင်သတင်းစာရဲ့ အာဘော်ကအစိုးရရဲ့အာဘော် ဟုတ်၊ မဟုတ်ကြည့်ရမယ်။ ဒါပေမဲ့ အစိုးရရဲ့ သဘောထားကို သိရတဲ့သဘောလို့ ယူဆတယ်။ ပြီးတော့ ဒါကိုမလုပ်ဖို့အတွက် ပြည်သူက ခိုင်ခိုင်မာမာဆုံးဖြတ်ထားတယ်ဆိုတာ ဖော်ပြထားတယ်။ ရေးသားထားတဲ့ အ ကြောင်းအရာတွေက ကောင်းပါ တယ်’’ဟု ပြောကြားသည်။
Source : http://ift.tt/2aoYFyo
via IFTTT
No comments:
Post a Comment