ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရပါက မြန်မာ့အာမခံလုပ်ငန်းက တစ်လအတွင်း လျော်ကြေးပေးရန် စီစဉ် (မိုးမြင့်ဇော်) =================== မော်တော်ယာဉ် မတော် တဆမှုကြောင့် သေဆုံးထိခိုက်မှု များရှိပါက မြန်မာ့အာမခံလုပ်ငန်း သို့ အချက်အလက် တိတိကျကျ ဖြင့် တစ်လအတွင်း အကြောင်း ကြားလျှင် နစ်နာကြေးပေးလျော် ပေးနေကြောင်း သတင်း ရရှိသည်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရပါက ဩဂုတ် ၁ ရက်မှစ၍ နစ်နာကြေး များ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း က ပြောသည်။ ‘‘ယာဉ်တိုက်မှုကြောင့် သေ ဆုံးတာဖြစ်စေ၊ ထိခိုက်ဒဏ်ရာရ တာဖြစ်စေ မြန်မာ့အာမခံလုပ်ငန်း ကို အချက်အလက်တိတိကျကျနဲ့ အကြောင်းကြားဖို့ လိုအပ်တယ်။ အကြောင်းကြားမှသာ တစ်နိုင်ငံ လုံး အတိုင်းအတာအရ နစ်နာ ကြေးပေးလျော်နိုင်မှာ ဖြစ်တယ်’’ ဟု ၎င်းကပြောသည်။ မော်တော်ယာဉ်များ မှတ်ပုံ တင်လိုင်စင်လျှောက်ရာတွင် ပေး ဆောင်ရသော သူတစ်ပါးထိခိုက် မှုအာမခံ ပရီမီယံနှုန်းထားများကို ဩဂုတ် ၁ ရက်မှစ၍ တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး မတော်တ ဆ သေဆုံးထိခိုက်မှုများအတွက် နစ်နာကြေးများကိုလည်း တိုးမြှင့် ပေးမည်ဖြစ်ကြောင်း မြန်မာ့အာမ ခံလုပ်ငန်းက ထုတ်ပြန်ထားသည်။ ဩဂုတ် ၁ ရက်မှစပြီး သေဆုံးလျှင် နစ်နာကြေးယခင် ကျပ်ငါး သိန်းမှ ကျပ်ဆယ်သိန်းသို့ တိုးမြှင့်ပေးမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရပါက အမြင့်ဆုံးနစ်နာကြေး ယခင်ကျပ်လေးသိန်းအစား ရှစ်သိန်းအထိ နစ်နာကြေးတိုးမြှင့်ပေးလျော် မည် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် မြန်မာ့အာမခံရုံးချုပ်အပါ အ၀င် တိုင်းနှင့် ပြည်နယ်ရုံးခွဲပေါင်း ၃၉ ရုံးရှိပြီး ယာဉ်မတော်တဆ မှုကြောင့် သေဆုံးဒဏ်ရာရလျှင် နီးစပ်ရာမြို့နယ်ရုံးခွဲများသို့လည်းအကြောင်းကြား ဆက်သွယ်နိုင် ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သတင်းရရှိသည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဇူလိုင်အထိ သဘာ၀ဘေးအန္တ ရာယ်များကြောင့် ပျက်စီးဆုံးရှုံး မှုများအတွက် နစ်နာကြေးပေး လျော်ရမှု အများဆုံးဖြစ်ကြောင်း ဦးအေးမင်းသိန်းကပြောသည်။
Source : http://ift.tt/2awFQIM
via IFTTT
No comments:
Post a Comment