Monday, July 18, 2016

Internet Journal

Pokemon Go ကစားသူများကို သူခိုးဟု အထင်မှား၍ သေနတ်ဖြင့် ပစ်ခတ် ===================== ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့တွင် အမျိုးသားတစ်ဦးသည် Pokemon Go ဂိမ်းကစားသူ ဆယ်ကျော်သက်နှစ်ဦးကို အိမ်ကိုဖောက်ထွင်းမည့်သူများဟု အထင်မှား၍ သေနတ်ဖြင့် ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် မည်သူမှ ဒဏ်ရာမရရှိခဲ့ပေ။ အဆိုပါ သတင်းကို Orlando Sentinel မှ ဖော်ပြခဲ့သည်။ ဆယ်ကျော်သက်နှစ်ဦးသည် ကားတစ်စီးဖြင့် ရောက်ရှိလာပြီး မနက် ၁ နာရီခွဲတွင် ပတ်ဝန်းကျင်၌ လှည့်ပတ် လမ်းလျှောက်နေခဲ့ကြသည်။ ၎င်းတို့အနက် တစ်စုံတစ်ဦးက “မင်းရခဲ့လား” ဟု မေးမြန်းခဲ့သည်။ ထို့ကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆယ်ကျော်သက်နှစ်ဦးကို ရာဇဝတ်ကောင်ဟု တထစ်ချယုံကြည်လိုက်သည်။ ထိုအချိန်တွင် အမျိုးသားက ဆယ်ကျော်သက်နှစ်ဦး၏ ကားရှေ့သို့ရောက်လာပြီး သေနတ်နှင့် ချိန်ပြီးနောက် မလှုပ်ရှားရန် အမိန့်ပေးခဲ့သည်။ ၎င်းတို့မှာ ကားကို အပြင်းမောင်း၍ ထွက်ပြေးခဲ့ရာတွင် အမျိုးသားက သေနတ်ဖြင့် ပစ်ခဲ့သည်။ ဆယ်ကျော်သက်နှစ်ဦးသည် Marowak နှင့် Tauros အမည်ရ Pokemon ကို လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ မိခင်ဖြစ်သူက မသိရှိသော်လည်း သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တာယာပြားခြင်းနှင့် ကျည်ပေါက်ရာများကို သတိထားမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source : http://ift.tt/2a2P9kN
via IFTTT

No comments:

Post a Comment