Friday, July 29, 2016

တရုတ်တွင် ပလပ်စတစ်အိတ်ထဲ ထည့်၍ စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးငယ် သေဆုံး

တရုတ်တွင် ပလပ်စတစ်အိတ်တစ်လုံးထဲထည့်၍ စွန့်ပစ်ခံရပြီး သေဆုံးသွားသည့် မွေးကင်းစကလေးငယ်၏ မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အသက် ၂၀ အရွယ်အမျိုးသမီးသည် ကလေးငယ် မွေးဖွားပြီး ၂ နာရီမျှအကြာတွင် ပန်းရောင်ပလပ်စတစ်အိတ်ထဲ ထည့်ယူလာကာ စွန့်ပစ်သွားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်ရှိ ဝမ်ရှီးအိုကျောင် ကျေးရွာမှ ဒေသခံများသည် မသင်္ကာစရာ ပလစ်စတစ်အိတ်ကို စူးစမ်းစစ်ဆေးရာမှ ကလေးငယ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကလေးကို ဆေးရုံသို့ အမြန်ဆုံးတင်ပို့ခဲ့ပြီး ဆရာဝန်များကလည်း ကလေးအသက်ဆက်ရှင်ရေးအတွက် ၄ နာရီကြာမျှ အစွမ်းကုန် ကြိုးစားကုသခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ရဲတပ်ဖွဲ့သည် အနီးအနားရှိ လုံခြုံရေး ကင်မရာ မှတ််တမ်းများကို ပြန်လည်စစ်ဆေးကာ ကလေး၏ မိခင်ဖြစ်သူကို ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးက သူမသည် ကလေး၏ ဖခင်မည်သူမည်ဝါဆိုသည်ကို တိတိကျကျ မပြောနိုင်သလို ကလေးငယ်ကို ကျွေးမွေးစောင့်ရှောက်ရန် ဝင်ငွေလုံးဝမရှိသဖြင့် ယခုလိုစွန့်ပစ်ခဲ့ရခြင်းဟု ထွက်ဆိုခဲ့သည်။ ဒေသခံသတင်းများက ကလေးသည် ယောက်ျားလေး၊ မိန်းကလေး တိတိကျကျ ဖော်ပြထားမှု မရှိချေ။ စုံထောက်များက လုံခြုံရေးကင်မရာ မှတ်တမ်းများကို ပြန်လည်စစ်ဆေးရာ အမျိုးသမီးသည် ကလေးငယ်ကို ပလပ်စတစ်အိတ်ထဲထည့်လာပြီး နေရာအနှံ့ ကြာမြင့်စွာ လျှောက်သွားနေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ အမျိုးသမီးသည် ယင်းအိတ်ကို နေအိမ်နှင့်ဝေးသည့် ကြုံရာနေရာတစ်ခုတွင် စွန့်ပစ်သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် ကုတ်အင်္ကျီအနီ၊ အနက်ရောင် ဘောင်းဘီရှည် ဝတ်ထားသည့် အမျိုးသမီး၏ နေအိမ်ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီး သူမကို ဖမ်းဆီးခဲ့သည်။ အမျိုးသမီးကလည်း ကလေးကို မွေးဖွားပြီး ၂ နာရီမျှအကြာတွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံသည်။ သူမက သေစေရန် ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခဲ့ခြင်းမဟုတ်ဟု ငြင်းဆိုခဲ့ပြီး ကလေး၏ဖခင် မည်သူမည်ဝါဆိုသည်ကိုလည်း ထုတ်မပြောနိုင်ခဲ့ချေ။ ရဲတပ်ဖွဲ့က ကလေးအနေဖြင့် အိတ်ထဲထည့်ယူလာသောကြောင့် အသက်ရှူကျပ်၍ သေဆုံးခြင်းလော၊ သို့တည်းမဟုတ် ကလေးကို သတ်ဖြတ်ရန် အားထုတ်ပြီးမှ ပလပ်စတစ်အိတ်ထဲ ထည့်ယူလာခြင်းလော ဆိုသည်ကို စုံစမ်းနေဆဲဟု ပြောကြားခဲ့သည်။ အကယ်၍ ကလေးကို သတ်ဖြတ်ရန် ကြံစည်မှုပါဝင်ပါက မိခင်ဖြစ်သူကို လူသတ်မှုဖြင့် တရားစွဲဆိုသွားမည် ဖြစ်သည်။
Source : http://ift.tt/2azgNHF
via IFTTT

No comments:

Post a Comment