Thursday, July 28, 2016


ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးမည့်ရက် ကုန်ဆုံးတော့မည်ဖြစ်၍ မြန်မာလုပ်သားများ စိုးရိမ်မှုများ ရှိလာ ==================== ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးမည့်ရက်မှာ ဇူလိုင် ၂၉ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်၍ မြန်မာလုပ်သားများ စိုးရိမ်မှုများ ရှိလာပြီး One Stop Service စင်တာများတွင် လာရောက်ပြုလုပ်သူ များနေကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ “ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးခြင်း ယခုလ၂၉ ရက်မှာ နောက်ဆုံးရက် သတ်မှတ်ထားတာကြောင့် မြန်မာလုပ်သားတွေ စိတ်ပူပန်မှုတွေ၊ စိုးရိမ်စိတ်နဲ့အတူ အလုအယက် တိုး၀ှေ့ ပြုလုပ်နေကြတာကို မဟာချိုင် စမွတ်စာခွန်ခရိုင်ရှိ ပန်းရောင်ဘတ် နေ့ချင်းပြီး ပြု လုပ်ပေးနေတဲ့ One Stop Service စင်တာမှာ မြင်တွေ့ရပါတယ်” ဟု AAC မှ ကိုရဲမင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။ “ထိုင်းရောက် မြန်မာလုပ်သားတွေ ရှင်းရှင်းလင်းလင်း သိထားရမှာကတော့ လက်ရှိ မိမိကိုင်ဆောင်ထားတဲ့ ပတ်စပို့ဗီဇာ သက်တမ်းကုန်ရင် မြန်မာပြည် အပြီးပြန်မယ်လို့ ဆုံးဖြတ်ထားသူတွေက ပန်းရောင်ဘတ် ၀င်ရောက်လုပ်စရာမလိုဘဲ ဗီဇာသက်တမ်း ကုန်တာနဲ့ အိမ်ပြန်ဖို့ အဆင့်သင့်ပြင်ထားလိုက်ရုံပါ။ ဗီဇာသက်တမ်း ကုန်သွားရင်တောင် အိမ်မပြန်နိုင်သေးဘူးဆိုတဲ့ လုပ်သားတွေအားလုံးကတော့ အမြန်ဆုံးပဲ ပန်းရောင်ဘတ် ၀င်ရိုက်လိုက်ပါတော့။ ဒီလ ၂၉ ရက်နေ့ နောက်ဆုံးပါ။ ထိုင်းတစ်နိုင်ငံလုံး ဖွင့်ထားတဲ့ One Stop Service စင်တာတွေ အားလုံးပိတ်ပါပြီ။ ထိုင်းအစိုးရကလည်း ပန်းရောင်ဘတ် ပြုလုပ်ခွင့် အချိန်ထပ်တိုးမပေးတော့ဘဲ ဒီလ ၂၉ ရက်နေ့ နောက်ဆုံးပဲလို့ ကြေညာထားပါပြီ” ဟု ကိုရဲမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ ပန်းရောင်ဘတ်ကတ် အသစ်များကို ဧပြီ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ရက်ပေါင်း ၁၂၀ အတွင်း ရိုက်ပေးမည် ဖြစ်ကြောင်း၊ ထပ်မံ သက်တမ်းတိုးရန် အစီအစဉ်မရှိကြောင်း ထိုင်းအစိုးရက ကြေညာထားကြောင်း သိရသည်။ “လောလောဆယ် အရေအတွက် ဘယ်လောက်ပြီးပြီဆိုတာ အတိအကျ မသိရသေးဘူး။ တစ်နေရာတည်း မဟုတ်ဘူးဆိုတော့ ထိုင်းအစိုးရကလည်း မပြီးသေးတော့ မထုတ်ပြန်သေးဘူး။ လောလောဆယ်တော့ ရှစ်သိန်း၀န်းကျင်လောက် ပြီးသွားပြီလို့ သိရတယ်။ အကုန်လုံးပါပါတယ်။ မြန်မာရော၊ လာအိုရော၊ ကမ္ဘောဒီးယားရော၊ မြန်မာကတော့ ခုနစ်သိန်း၀န်းကျင်လောက် ရှိတယ်လို့ သိထားတယ်။ ပြီးသွားတဲ့ဟာပေါ့”ဟု ထိုင်းနိုင်ငံရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။ ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် တရား၀င် မှတ်ပုံတင်ထားသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား သုံးသန်းခန့်ရှိသည့်အနက်မှ နှစ်သန်းနီးပါးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြောင်း သိရသည်။ “လကုန်လို့ရှိရင် အဖမ်းအဆီးတွေ ဒီထက်မက ပိုများလာမယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဒါကလည်း ပုံမှန်လို ဖြစ်တာကိုး။ ဘတ်တွေ တစ်ခုခုလုပ်ပေးပြီးရင် နောက်ပိုင်းတော့ ပိုပြီး အဖမ်းအဆီးက ပိုများတတ်တာပေါ့” ဟု ထိုင်းအလုပ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသူ ဦးထူးချစ်က ပြောကြားသည်။ Writer: ထက်ရှိုင်း
Source : http://ift.tt/2abcZKu
via IFTTT

No comments:

Post a Comment