မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုခသတ်မှတ်နှုန်းထားသည် ပြည်သူများအတွက် ဈေးနှုန်း ကြီးမြင့်နေဆဲ ဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံးနည်းပညာအဖွဲ့ A4AI အမှုဆောင်ဒါရိုက်တာ ဆိုနီယာဂျော့ခ်ျက ပြောကြားသည်။ ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၌ လူမှုစီးပွား ဖွံ့ဖြိုးမှုအတွက် မိုဘိုင်းနည်းဥပဒေများအပေါ် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်နေပြီး ယင်းဆွေးနွေးပွဲတွင် A4AI မှ ဆိုနီယာဂျော့ခ်ျက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ ‘‘ကျွန်မတို့ လေ့လာကြည့်သလောက် ဒီနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍက တိုးတက်မှုရှိပါတယ်။ ဒါပေမဲ့ ပြည်သူတွေကအသံစနစ်ကိုပဲ ဈေးနှုန်းသက်သာစွာ ပြောဆိုနေရတာ။ အင်တာနက်အတွက် ကောက်ခံနေမှုတွေက ဈေးကြီးနေသေးတယ်။ ဒါကြောင့်အလုံးစုံတိုးတက်မှု မဟုတ်သေးဘူး’’ဟု ၎င်းကဆိုသည်။ A4AI သည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဆက်သွယ်ရေးကဏ္ဍ၏ အင်တာနက်ဈေးနှုန်း သင့်တင့်မျှတရေးအတွက် အဓိကလုပ် ဆောင်နေသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် A4AI ၏ အဖွဲ့၀င်နိုင်ငံအဖြစ် ၂၀၁၅ က MoU စာချုပ် လက်မှတ်ရေးထိုးထားသည်။ ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာသုံးခု၏ ဈေးကွက်ယှဉ်ပြိုင်မှုအရ အင်တာနက်ဈေးနှုန်းများကို Package များဖြင့် လျှော့ချထားသော်လည်း ပြည်သူများအတွက် ဈေးနှုန်းကြီးမြင့်နေ ဆဲဖြစ်ပြီး မြန်မာ့ နည်းပညာ ထုတ်ကုန် ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရန် အင်တာနက်အသုံးပြုခဈေးနှုန်းက စိန်ခေါ်မှု တစ်ရပ်ဖြစ်နေ ကြောင်း A4AI က သုံးသပ်သည်။ အထက်ပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုခဈေးနှုန်း မြင့်မားနေခြင်း အကြောင်းရင်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ အစိုးရ ၀န်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ A4AI နှင့် GSMA တို့က တင်ပြဆွေးနွေးကြမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ကျော်ကြာပြုလုပ်ခဲ့သော ဆက်သွယ်ရေးကဏ္ဍနှင့် အင်တာနက် ဈေးနှုန်း သတ်မှတ်ထားမှု စစ်တမ်းတစ်ရပ်ကိုလည်း A4AI က ယခုနှစ်အတွင်း ထုတ်ပြန်သွားမည်ဟု ဆိုသည်။
Source : http://ift.tt/29VwoDd
via IFTTT
No comments:
Post a Comment