Monday, July 18, 2016

Kumudra

ကွန်ပျူတာ မြန်မာစာစနစ်ဖွံဖြိုးတိုးတက်ဖို့အတွက် စံစနစ် (Unicode) လိုက်နာ တဲ့ ဖောင့်တွေကို အစိုးရ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ထိထိရောက်ရောက် သုံးစွဲပေးဖို့လိုကြောင်း တောင်းဆိုစာကို ဒေါ်အောင်ဆန်းစုကြည်ထံသို့လိပ်မူ ပြီး ပေးပို့သွားမယ် လို့ မြန်မာယူနီကုဒ်ဧရိယာ အဖွဲ့မှ သိရပါတယ်။ “အစိုးရကိုယ်တိုင်လည်း E Goverment ကိုသွားမယ်လို့ ပြောထားတယ်။ သူတို့လည်း တစ်ဆင့်ချင်း သွားနေတာကို တွေ့ရတယ်။ အရင်အစိုးရ ထက်စာရင် လုပ်ဆောင်မူတွေကို အားရတယ်လို့ ပြောရပါမယ်။ တစ်ချိန်ကျရင် သူတို့ စနစ်တကျ သွားဖို့အတွက် တစ်ခုခု ရဖို့ မက်ဆေ့ချ် ပေးချင်တာပါ။ လုံးဝအားသွန် ခွန် စိုက်လုပ်ရင် တစ်နှစ်အတွင်း ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ အဆိုပါ လှုပ်ရှားမူကို ဦးဆောင်ပါဝင်တဲ့မြန်မာယူနီကုဒ်ဧရိယာ အဖွဲ့ ပူးတွဲတည်ထောင်သူ ကိုထွန်းထက်အောင် ကပြောပါတယ်။ မြန်မာစာစံနစ်မလိုက်တဲ့ ဇော်ဂျီသုံးစွဲမူကြောင့် ကွန်ပျူတာ တိုင်းရင်းသားဘာသာစကားတွေ အထိပါ ထိခိုက်လာနိုင်မူရှိတာအပြင် မြန်မာစာကွန်ပျူတာ စနစ်လည်း ပျက်စီးသွားနိုင်တယ်လို့ အဆိုပါ အဖွဲ့က သတိပေးပြောဆိုထားပါတယ်။ လက်ရှိအချိန်မှာ ဇော်ဂျီအသုံးပြုသူ ၈ဝ ရာခိုင်းနုန်းကျော်ရှိနေပြီး မြန်မာယူနီကုဒ် အသုံးပြုသူ ၂ဝ ရာခိုင်နှုန်းခန့် ရှိတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါတောင်းဆိုမူ ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အပါအဝင် တိုင်းရင်းသာဘာသာအဖွဲ့ စုစုပေါင်း ၇ ဖွဲ့က လက်မှတ်ရေးထိုး ထောက်ခံထားပါတယ်။ တောင်းဆိုချက်ထဲမှာ မြန်မာစာစံစနစ်ကို အသုံးပြုရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဥပဒေ တစ်ခုအထိပါ သတ်မှတ် ပြဌာန်းပေးဖို့ ပါပါဝင်တာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ အစိုးရ ဝက်ဘ်ဆိုဒ်တွေ အပါအဝင် ၊ ဝန်ကြီးဌာန အသီးသီးမှာ တရားဝင် ဖွင့်လှစ်ထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာလည်း ယူနီကုဒ်ကို သုံးစွဲထားတာမျိုးမရှိသေးကြောင်းကို အဆိုပါ အဖွဲ့က ထောက်ပြထားပါတယ်။ လက်ရှိတောင်းဆိုမူ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ ဝန်ကြီးဌာန လေးခုကို လည်းပို့ဆောင်သွားမှာဖြစ်ပါတယ်။ author မေသက်ရဲ
Source : http://ift.tt/29ZRIUG
via IFTTT

No comments:

Post a Comment