Monday, July 25, 2016


အမည်ပျက်စာရင်းမှ အကြမ်းဖက်မှုနှင့် မှုခင်းကြီးရှိသူများမှအပ ကျန်လူများကို အစိုးရက ပယ်ဖျက် ပေးမည်ဟုဆို (မိုးမင်း) ================ မြန်မာအစိုးရက အမည် ပျက်စာရင်းသွင်းထားသူများအ နက် အကြမ်းဖက်မှုနှင့် မှုခင်းကြီး မှတ်တမ်း ရှိနေသူ များမှအပ ကျန် လူများကို အဆိုပါစာရင်းမှ ပယ် ဖျက်ပေးတော့မည်ဟု သတင်း ရရှိသည်။ အင်တာပို (နိုင်ငံတကာ ရဲ တပ်ဖွဲ့) က အကြောင်းကြားထား သည့် အကြမ်းဖက်မှုနှင့်ဆက်စပ် နေသူများ၊ ကလေးလိင်ကိစ္စ ကျူး လွန်မှုကဲ့သို့ မှုခင်းကျူးလွန်ထား သူများနှင့် ပျောက်ဆုံးထားသော နိုင်ငံကူး လက်မှတ် စာအုပ်များကို သာ အဆိုပါစာရင်းတွင် ဆက် လက်ထားရှိမည်ဖြစ်ကာ အခြား သူများကို ပယ်ဖျက်ပေးမည်ဟု အလုပ်သမား၊ လူ၀င်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား၀န်ကြီး ဌာန အမြဲတမ်းအတွင်း၀န် ဦးမြင့် ကြိုင်က 7Day Daily သတင်းစာ အား ပြောကြားသည်။ ‘‘ဥပမာ ပညာရေး၊ ကျန်းမာ ရေး စသည်ဖြင့်ပေါ့။ သက်ဆိုင်ရာ ၀န်ကြီးဌာနက ဘွဲ့လွန်တို့၊ ပညာ သင်တို့လွှတ်ပြီး ပြန်မလာတော့ တဲ့သူတွေမျိုးကို ပယ်ဖျက်လိုက် တာပေါ့။ အဲဒီလူတွေကို သူ့သက်ဆိုင်ရာ၀န်ကြီးဌာနက အရေးယူချင်ရင် သူ့စည်းမျဉ်းနဲ့သူ ယူ။ ကျွန်တော် တို့ Black List စာရင်းမှာတော့ ရှိ တော့မှာမဟုတ်ဘူး’’ ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် Black List စာရင်းသွင်းခံထားရသူ ရှစ်ထောင်ကျော်ရှိပြီး ပယ်ဖျက်စာရင်းတွင် ပါ၀င်ခွင့် ရရှိမည့် ဦးရေမှာ လေးရာကျော်ရှိကြောင်း သတင်းရရှိသည်။ အကြမ်းဖက်သမားအဖြစ် အင်တာပို(နိုင်ငံတကာ ရဲတပ်ဖွဲ့) က အကြောင်းကြားထားသည့် အ ကြမ်းဖက်မှုနှင့် ဆက်စပ်နေသူ များနှင့် ကလေးလိင်ကိစ္စကျူးလွန် မှုကဲ့သို့ အမှုအခင်း ကျူးလွန်ထားသူ သုံးထောင်ကျော်နှင့် အ ကြောင်းအမျိုးမျိုးကြောင့် ပျောက် ဆုံးခဲ့သော နိုင်ငံကူး လက်မှတ် စာအုပ်ပါ ဦးရေ ၄,၅၀၀ ခန့်ကို Black List စာရင်း၌ ဆက်လက် ထားရှိမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ အလုပ်သမား၊ လူ၀င်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား၀န် ကြီးဌာနသည် ပယ်ဖျက်လိုက် သည့် Black List စာရင်းကို သက် ဆိုင်ရာ ၀န်ကြီးဌာနများထံ ယခု လကုန်တွင် ပေးပို့မည်ဖြစ်ပြီး အ ဆိုပါစာရင်း၌ ပါ၀င်နေသည်ဟု သံသယရှိသူများက မိမိတို့နှင့် သက်ဆိုင်သည့် ၀န်ကြီးဌာနများ ၌ သွားရောက်စုံစမ်းနိုင်ကြောင််း ၎င်းကဆိုသည်။ ပယ်ဖျက်လိုက်သည့်စာရင်း တွင် ပါ၀င်ခြင်းမရှိသည်ကိုတွေ့ ရှိရပါက သက်ဆိုင်ရာ၀န်ကြီးဌာန မှတစ်ဆင့် အလုပ်သမား၊လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ ဆက်သွယ် အကြောင်းကြား နိုင်ကြောင်းသတင်း ရရှိသည်။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် Black List စာရင်းတွင်ပါ၀င်နေ သည်ဟု သံသယရှိသူများသည် ပြည်ထဲရေး ၀န်ကြီးဌာနသို့ သွား ရောက်စုံစမ်းနိုင်သည်ဟု ၎င်းက ဆိုသည်။ ‘‘နိုင်ငံရေးလှုပ်ရှားမှုကြောင့် Black List အသွင်းခံထားရတယ် ဆိုတာတော့ အခုက မရှိသလောက်တောင် ဖြစ်နေပါပြီ။ အစိုးရအနေနဲ့ကတော့ ဖြေလျှော့ နိုင်သမျှ ဖြေလျှော့မှုတွေ လုပ် သွားပါမယ်’’ဟု အလုပ်သမား၊ လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ဇူလိုင် ၂၁ ရက်တွင် ပြော ကြားခဲ့သည်။
Source : http://ift.tt/29UapuT
via IFTTT

No comments:

Post a Comment