ရန်ကုန်တိုင်း အတွင်းရှိ ဘုန်းတော်ကြီး၊ သီလရှင် စာသင်ကျောင်းများ၊ ပရဟိတဂေဟာများနှင့် လူမှု ၀န်ထမ်းအောက်ရှိ ဂေဟာများမှ ကလေးများ အားလုံးကို ကာကွယ်ဆေးထိုးနှံရန် စာရင်းကောက်ယူနေ ထို့ပြင် ကူးစက်မြန်ဆုံဆို့နာ ရောဂါကူးစက်မှု မရှိစေရန်နှင့် လူနာတွေ့ရှိပါက ကုသမှုပေးနိုင်ရန် ဆုံဆို့နာ ကာကွယ်ဆေးများနှင့် ဆုံဆို့နာ အဆိပ်ဖြေဆေး (Diphtheria Antitoxin) များကို သက်ဆိုင်ရာ နေရာအားလုံးသို့ အလုံအလောက် ဖြန့်ဖြူးထားကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရန်ကုန်ကလေး ဆေးရုံကြီးနှင့် ရန်ကင်းကလေး ဆေးရုံကြီးတို့တွင် ဆုံဆို့နာလူနာများကို ကုသနိုင်ရန် ဆုံဆို့နာ အဆိပ်ဖြေဆေးများကို အလုံအလောက် ဖြန့်ဖြူးပေးထားပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲအနေဖြင့် ဗဟို အဆင့်အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ရောဂါကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် -----> http://ift.tt/2an7GLs
Source : http://ift.tt/2an7GLs
via IFTTT
No comments:
Post a Comment