Sunday, July 24, 2016

www.7daydaily.com

ဒေါ်အောင်ဆန်းစုကြည် အာဆီယံနျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး Sunday, July 24, 2016 နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် လာအိုနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှနျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါအစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ အ မျိုးသားကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပရာ အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ဇုန် စာချုပ် (၂၀၁၃-၂၀၁၇) အ ကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များ ပြန်လည် သုံးသပ်ခြင်းနှင့် အရှေ့တောင် အာရှနျူကလီးယားလက်နက် ကင်းမဲ့ဇုန်စာချုပ်ဆိုင်ရာ နောက် ဆက်တွဲအခြေပြ စာချုပ်ဆိုင်ရာ များ ဆွေးနွေးခဲ့သည်။ လာအိုနိုင်ငံတွင် ကျင်းပနေ သော (၄၉)ကြိမ်မြောက် အာဆီ ယံနိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးသို့ တက်ရောက်နေ သော နိုင်ငံခြားရေးဝန်ကြီး ဒေါ် အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအ ဝေး၊ အာဆီယံနိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးနှင့် အာဆီ ယံအစိုးရချင်း ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်များတွေ့ဆုံပွဲတို့သို့ တက်ရောက်ခဲ့သည်။ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်းဆိုင်ရာ ကော်မရှင်က တင်ပြထားသည့် ကော်မရှင်၏ နှစ်စဉ် အစီရင်ခံစာ (၂၀၁၆) ကို ပြန်လည်သုံးသပ်ခြင်း၊ ဒုတိယအကြိမ်မြောက် ငါးနှစ်လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀)၊ ၂၀၁၆ အာဆီယံလူ့အခွင့်အရေးကော်မရှင်၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ဇူလိုင် ၂၃ ရက်၌ ဒေါ်အောင် ဆန်းစုကြည်သည် ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် နိုင်ငံ ခြားရေးဝန်ကြီးနှင့် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr.Pham Binh Minh တို့နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ လာအိုနိုင်ငံတွင် (၄၉)ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးနှင့် ဆက် စပ်အစည်းအဝေးများကို ဇူလိုင် ၂၁ ရက်မှ ၂၆ ရက်အထိ ကျင်းပ နေခြင်းဖြစ်သည်။ #7day daily အာဆီယံနျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေးကျင်းပပြီးနောက် အာဆီယံစတိုင်ဓာတ်ပုံရိုက်ကူးနေစဉ်(ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
Source : http://ift.tt/2amKXMz
via IFTTT

No comments:

Post a Comment