အခွန်မဆောင်ပါက ကား၊ အိမ်ခြံမြေနှင့် တန်ဖိုးကြီးပစ္စည်းများ ဝယ်ယူခွင့်မပြုသော စနစ် သမ္မတထံ တင်ပြရန် စီစဉ် (ပြည်သိမ်း) ================ နိုင်ငံတော်သို့ တရားဝင် အခွန်ပေးဆောင်ခြင်း မရှိပါက ကား၊ အိမ်ခြံမြေအပါအဝင် တန်ဖိုးကြီး ကုန်ပစ္စည်းများ ဝယ်ယူခွင့် မပြုသည့်အခွန်စနစ်ကို ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတထံသို့ တင် ပြရန်စီစဉ်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနညွှန်ကြားရေး မှူးချုပ်ဦးမင်းထွဋ်ကပြောသည်။ နိုင်ငံတကာတွင် ကျင့်သုံး ခြင်းမရှိသည့် အိမ်ခြံမြေ၊ ကားစ သည့် တန်ဖိုးကြီးကုန်ပစ္စည်းများ ရောင်းဝယ်ရာ၌ တရားဝင်ငွေရလမ်းမဖော်ပြနိုင်သည့်(စည်းကြပ်မှုကင်းလွတ်ခြင်း)အတွက် ကောက်ခံနေသော အခွန်စနစ်ကို ပယ်ဖျက်ရန်စီစဉ်ခြင်းဖြစ်သည်။ ဝင်ငွေရလမ်းမဖော်ပြနိုင်ပါ က ယခုအခါကားဝယ်ယူရာတွင် ၁၅ရာခိုင်နှုန်းနှင့် အိမ်ခြံမြေ ဝယ်ယူရာ၌ အများဆုံး ၃၀ရာခိုင်နှုန်း%နှင့်အထက် အခွန်ပေးဆောင်ရန်ပြည်ထောင်စု အခွန်အကောက်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ တရားဝင်အခွန်ဆောင်ထားခြင်းမရှိသော စည်းကြပ်မှုကင်းလွတ်နေသည့် ငွေဖြင့်ဝယ်ယူခြင်း (တစ်နည်း ငွေမည်းဖြင့် ဝယ်ယူခြင်း) များကို မြန်မာတစ်နိုင်ငံသာလက်ရှိအချိန်၌ ခွင့်ပြုထားခြင်း ဖြစ်သည်ဟုဆိုသည်။ ‘‘မြန်မာနိုင်ငံအနေနဲ့ ငွေ ကြေးခဝါချမှုကို ခွင့်ပြုသလိုဖြစ် နေတော့ နိုင်ငံတကာမှာ ပုံရိပ်မ ကောင်းဘူး။ ဒါကြောင့် ဒီစနစ်ကို ပယ်ဖျက်ဖို့ကြိုးစားတာပါ’’ဟု ဦး မင်းထွဋ်ကပြောသည်။ ထိုစနစ်ကို ဖျက်သိမ်းမည် ဆိုပါက လာဘ်စားမှုမှရရှိသော ငွေများဖြင့်ဝယ်ယူမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှ ရရှိသောငွေများဖြင့် ဝယ်ယူမှုများအပါအ ဝင် အစိုးရကို အခွန်ဆောင်ထားခြင်း မရှိသော ငွေများဖြင့် ဝယ်ယူမှု ကို တားဆီးနိုင်လာမည်ဖြစ် ကြောင်းဦးမင်းထွဋ်ကဆက်လက် ပြောကြားသည်။ တရားမဝင်ငွေမည်းများကို ခဝါချမှုများရှိခဲ့သော မြေကစားမှု များကြောင့် အိမ်ခြံမြေစျေးနှုန်း ကြီးမြင့်မှု၊ တရားမဝင်ငွေကြေး စျေးကွက်တွင် နိုင်ငံခြားငွေရောင်း ဝယ်ခြင်းဖြင့် ငွေကစားမှုနှင့်ငွေ ကြေးဖောင်းပွမှုတို့ကို ထိန်းသိမ်း လာနိုင်မည်ဟု ၎င်းကဆိုသည်။ လက်ရှိအစိုးရ၏ ဝင်ငွေ သည် အခွန်အပေါ်တွင် အဓိက ထားသဖြင့် စည်းကြပ်မှုမှကင်း လွန်ခွန်စနစ်ကို ဖျက်သိမ်းလျှင် တရားဝင်အခွန်ဆောင်သည့် ဒီမို ကရေစီ အလေ့အကျင့်ကောင်း များလည်းဖြစ်လာမည်ဟု စီးပွား ရေးလုပ်ငန်းရှင်အချို့ကထောက်ခံပြောကြားသည်။ ထိုစနစ်ကို စတင်ဖျက်သိမ်း ချိန်တွင် စီးပွားရေးတုံ့နှေးနိုင်သော် လည်း အချိန်ကာလတစ်ခုကြာ မြင့်ပါက ပုံမှန်ပြန်ဖြစ်လာမည်ဟု စီးပွားရေးလုပ်ငန်းရှင်ဒေါက်တာ စိုးထွန်းကပြောသည်။ ‘‘ပြောင်းတဲ့အချိန်မှာတော့ ဝယ်မရ၊ ရောင်းမရနဲ့ လုပ်ငန်း တွေ ရပ်သွားနိုင်တယ်’’ဟု ၎င်းကပြောသည်။
Source : http://ift.tt/29HhxXH
via IFTTT
No comments:
Post a Comment